-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၃၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၃၈


ဟေဇကိမင်း သေမည့်အကြောင်း ဟေရှာယပြော

ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲသဖြင့်၊ အာမုတ်သား ပရောဖက် ဟေရှာယသည် လာ၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်အိမ်အမှုကို စီရင်လော့။ သင်သည် အသက်မရှင်၊ သေရမည်၊ ဟုအမိန့်တော်ကို ပြန်လေ၏။ ဟေဇကိမင်းသည်လည်း ထရံသို့ မျက်နှာလှည့်၍၊ အိုထာဝရဘုရား၊ ​ကျွန်ုပ်သည် ရှေ့တော်၌ သစ္စာစောင့်လျက်၊ စုံလင်သော စိတ်နှလုံးနှင့် ကျင့်၍၊ နှစ်သက် တော်မူသည့်အတိုင်း ပြုကြောင်းကို အောက်မေ့တော်မှုပါ၊ အ​ကျွန်ုပ် တောင်းပန်ပါ၏၊ ဟုအလွန်ငိုကြွေးလျက်၊ ထာဝရ ဘုရားကို ဆုတောင်းလေ၏။


ဟေဇကိဆုတောင်း၍ တဆယ် ငါးနှစ်အသက်ဆက်

တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဟေရှာယသို့ ရောက်၍၊ သင်သည် ဟေဇကိမင်းထံသို့ သွားပြီးလျှင်၊ သင့်အဘ ဒါဝိဒ်၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏ ပဌနာစကားကို ငါကြားပြီ။ သင်၏ မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏အသက်၌ တဆယ်ငါးနှစ်ကို ငါဆက်၍ ပေးမည်။ သင်နှင့် ဤမြို့ကို အာရှုရိ ရှင်ဘုရင်လက်မှ ငါကယ်လွှတ်မည်။ ဤမြို့ကို ငါကွယ်ကာ စောင့်မမည်အရာကို ပြောလော့၊ ဟုမိန့်တော်မှု၏။


နေအရိပ်ဆယ်ချက်ပြန်

ဟေရှာယက၊ ထာဝရဘုရား အမိန့်တော် ရှိသည့်အတိုင်း ပြုတော်မူမည်၊ ဟုထာဝရဘုရားသည် သင့်အားပေးတော်မူသော လက္ခဏာ သက်သေဟူမူကား၊ ကြည့်ရှုလော့။ အာခတ်၏ နေတိုင်းနာရီပေါ်မှာ ရွေ့သော အရိပ်ကို ဆယ်ချက် ပြန်စေမည်၊ ဟုဆို၏။ ဆိုသည်အတိုင်း ဆယ်ချက်ရွေ့ပြီးသော အရိပ်သည် ဆယ်ချက်ပြန်လေ၏။ ယုဒမင်းကြီး ဟေဇကိသည် အနာမှ ထမြောက်၍ ရေးထားသော စာဟူမူကား၊ ၁၀ ငါသည် ငြိမ်သက်စွာ နေစဉ်အခါ၊ မရဏာနိုင်ငံ တံခါးသို့ ဝင်ရပါသည်တကား။ ငါ၌ ကြွင်းသော နှစ်များကို ငါရှုံးပြီ၊ ဟုငါဆိုသတည်း။ ၁၁ အသက်ရှင်သော သူတို့၏နေရာ၌ ၊ ထာဝရဘုရားကို ငါမမြင်ရ။ ငြိမ်းရာ အရပ်သားတို့နှင့် ပေါင်းဖေါ်ရသဖြင့်၊ နောက်တဖန် လူတို့ကိုမမြင်ရ။ ၁၂ သိုးထိန်းတဲကဲ့သို့ ငါနေသော အိမ်ကိုနှုတ်ပယ်၍၊ အခြားတပါးသို့ ဆောင်သွားပြီ။ ရက်ကန်းသည် ပြုသကဲ့သို့ ငါ့အသက်သည် လိပ်လျက်ရှိ၍၊ ရက်ကန်းစင်မှ ငါ့ကို ပယ်ဖျက်တော်မှုလိမ့်မည်။ တနေ့ခြင်းတွင် င့ါကို ဆုံးစေတော်မူလိမ့်မည်၊ ဟုငါဆိုသတည်း။ ၁၃ ငါ့အရိုးရှိသမျှတို့ကို ချိုးတော်မူသည်ဖြစ်၍၊ ငါသည် ခြင်္သေ့ဟောက် သကဲ့သို့ နံနက်တိုင်အောင် မြည်ရ၏၊ တနေ့ခြင်းတွင် ငါ့ကို ဆုံးစေတော် မူလိမ့်မည်၊ ဟုငါဆိုသတည်း။ ၁၄ ငါသည် တီတီတွတ်နှင့် ဇရက်ကဲ့သို့မြည်၍ ချိုးကဲ့သို့ ညည်းတွန်ရ၏။ ငါ့မျက်စိတို့သည် မြော်ကြည့်၍ အားလျော့ကြပြီ။ အိုဘုရားရှင်၊ ညှဉ်းဆဲခြင်းကို ခံရသော အ​ကျွန်ုပ်ဘက်၌ နေတော်မှုပါ။ ၁၅ အဘယ်သို့ ငါပြောရမည်နည်း။ ငါ့အား ဂတိပေးတော်မူပြီ။ ဂတိတော်အတိုင်းလည်း ပြုတော်မူပြီ။ ငါ၌ ကျန်ကြွင်းသော နှစ်စဉ်ကာလပတ်လုံး၊ ငါသည် စိတ်ဆင်းရဲခြင်းကို အောက်မေ့၍၊ ဖြည်းဖြည်းသွားပါမည်။ ၁၆ အိုဘုရားရှင်၊ ထိုသို့သောအားဖြင့် အသက်ရှင်ရပါ၏။ ထိုအရာရှိသမျှတို့၌ အ​ကျွန်ုပ် ဝိညာဉ်၏ အသက်တည်ရပါ၏။ ကိုယ်တော်သည် အ​ကျွန်ုပ် အနာရောဂါကို ငြိမ်းစေ၍၊ အ​ကျွန်ုပ် အသက်ကို ရှင်စေတော်မူ၏။ ၁၇ အ​ကျွန်ုပ်ခံရသော ဝေဒနာသည် ငြိမ်းပါပြီ။ အ​ကျွန်ုပ်၏ ဝိညာဉ်ကိုသနား၍၊ ဖျက်ဆီးရာ တွင်းထဲက နှုတ်ယူတော်မူပြီ။ အ​ကျွန်ုပ် အပြစ်ရှိသမျှတို့ကို နောက်တော်သို့ ပစ်လိုက်တော်မူပြီ။


အသက်ရှင်သော သူသာလျှင် ဘုရားသခင်ကိုချီးမွမ်း
CROSS REFERENCES






၁၈ အကယ်စင်စစ် မရဏာနိုင်ငံသည် ဂုဏ်တော်ကို မချီးမွမ်းရပါ။ သေနေသောသူသည် ဂုဏ်တော်ကို ထောမနာသီချင်း မဆိုရပါ။ [A] တွင်းထဲသို့ ဆင်းသောသူသည် သစ္စာတော်ကို မမြော်လင့်ရပါ။ ၁၉ အသက်ရှင်သောသူ၊ အသက်ရှင်သောသူ သာလျှင်၊ ယနေ့အ​ကျွန်ုပ် ပြုသကဲ့သို့၊ ဂုဏ်တော်ကို ချီးမွမ်းရပါလိမ့်မည်။ အဘသည် သားတို့အား သစ္စာတော်ကို ဖေါ်ပြရပါလိမ့်မည်။ ၂၀ ထာဝရဘုရားသည် ငါ့ကို ကယ်တင်တော်မူပြီ။ ထိုကြောင့်၊ ငါတို့သည် တသက်လုံး ဗိမာန်တော်၌ စောင်းတီး၍ သီချင်းဆို ကြလိမ့်သတည်း။ ၂၁ ဟေရှယကလည်း၊ သင်္ဘောသဖန်း သီးအလုံးအထွေးကိုယူ၍ နယ်ပြီးမှ၊ အနာကိုအုံကြလော့။ ထိုသို့ပြုလျှင် မင်းကြီးသည် သက်သာရ လိမ့်မည်ဟုဆိုလေ၏။ ၂၂ ဟေဇကိမင်းကလည်း၊ ငါသည် ဗိမာန်တော်သို့ တက်လိမ့်မည်ဆိုသော် အဘယ်လက္ခဏာ သက်သေရှိသနည်း၊ ဟုမေး၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.