-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၃၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၃၆


ယုဒပြည်ကို အာရှုရိရှင်ဘုရင် စစ်ချီ

ဟေဇကိမင်းကြီး နန်းစံ ဆယ်လေးနှစ်တွင် အာရှုရိ ရှင်ဘုရင် သနာခရိပ်သည်၊ ယုဒပြည်၌ ခိုင်ခံ့သော မြို့ရှိသမျှတို့ကို စစ်ချီ၍ လုပ်ကြံပြီလျှင်၊ ရာဗရှာခကို ခန့်ထား၍ များစွာသော ဗိုလ်​ခြေနှင့်တကွ၊ လာခိရှမြို့မှ ယေရုရှလင်မြို့၊ ဟေဇကိ မင်းကြီးထံသို့ စေလွှတ်လေ၏။ ထိုဗိုလ်ချုပ်မင်းသည် ရောက်၍၊ ခဝါသည်၏ လယ်နားမှာ ရှောက်သောလမ်း၊ အထက် ရေကန်ပြွန်ဝ၌ ရပ်နေ၏။ ထိုအခါ ဟိလခိသား ဖြစ်သော နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီး ရှေဗန၊ အာသပ်သား အတွင်းဝန် ယောအာတို့သည် သူ့ထံသို့ ထွက်ပြီးလျှင်၊ ရာဗရှာခက၊ မဟာအရှင်မင်းကြီး၊ အာရှုရိ ရှင်ဘုရင်သည် ဟေဇကိကို မိန့်တော်မူသည်ကား၊ သင်ခိုလှုံသဖြင့် ခိုလှုံရာ ကားအဘယ်သို့နည်း။ စစ်တိုက်လောက်အောင် ဥာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ငါပြည့်စုံသည်၊ ဟုအချည်းနှီးသော စကားကို သင်ဆိုပါသည်တကား။ ငါ့ကိုပုန်ကန်ခြင်းငှါ အဘယ်သူကို ကိုးစားသနည်း။ ကျိုးသော ကျူလုံး တောင်ဝေးတည်းဟူသော အဲဂုတ္တုပြည်ကို ကိုးစားပါသည်တကား။ ထိုကျူလုံးသည် မှီသောသူ၏ လက်ကိုဖောက်၍ လျှိုသွားလိမ့်မည်။ ထိုသို့ အဲဂုတ္တုမင်းကြီး ဖာရောဘုရင်သည် မိမိ၌ မှီသောသူ အပေါင်းတို့ကို ပြုလိမ့်မည်။


ထာ၀ရဘုရားကို ယုဒပြည်ကို တိုက်ခိုင်းဟုဆို

သင်တို့က၊ ငါတို့သည် ငါတို့၏ ဘုရားသခင် ထာဝရဘုရားကို ကိုးစားသည်၊ ဟုဆိုပြန်လျှင်၊ ဟေဇကိသည် မြင့်သောအရပ် ဌာနနှင့် ယဇ်ပလ္လင်တို့ကို ပယ်၍၊ ဤမည်သော ယဇ်ပလ္လင်ရှေ့ ၌ သာ ကိုးကွယ်ရမည်၊ ဟုယုဒပြည်သူ၊ ယေရုရှလင် မြို့သားတို့ကို မှာထားသဖြင့်၊ သင်တို့ ပြစ်မှားသော ဘုရားဖြစ်သည် မဟုတ်လော။ သို့ဖြစ်၍၊ ယခုတွင် ငါ့သခင်၊ အာရှုရိရှင်ဘုရင်၌ အာမခံတို့ကို အပ်ပါလော့။ သင်၌ မြင်းစီးသူရဲ လုံလောက်အောင်ရှိလျှင်၊ မြင်းနှစ်ထောင်တို့ကို ငါပေးမည်။ သင်သည် ငါ့သခင်၏ ကျွန်တို့တွင် အငယ်ဆုံးသော ဗိုလ်ကို အဘယ်သို့ လှန်နိုင်မည်နည်း။ အဲဂုတ္တုပြည်မှ ရထားများ၊ မြင်းစီးသူရဲများကို ရမည်၊ ဟုယုံပါသည်တကား။ ၁၀ ထာဝရဘုရား၏ အခွင့်မရှိဘဲ၊ ဤပြည်ကို ဖျက်ဆီးခြင်းငှါ ငါလာသလော။ ထိုပြည်ကိုသွား၍ ဖျက်ဆီးလော့၊ ဟုထာဝရဘုရားသည် ငါ့အား မိန့်တော်မူပြီ။ ဤအကြောင်းအရာများကို ပြန်ပြောကြလော့၊ ဟုပြောဆို၏။


မူးမတ်များက ရှုရိဘာသာအားဖြင့် စကားပြောခိုင်း

၁၁ ထိုအခါ ဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က၊ ရှုရိဘာသာ စကားအားဖြင့်​ ကျွန်တော်တို့အား အမိန့်ရှိပါလော့။ ထိုစကားကို ​ကျွန်တော်တို့သည် နားလည်ပါ၏။ မြို့ရိုးပေါ်မှာ ရှိသောသူတို့သည် ကြားရအောင်၊ ယုဒဘာသာ စကားအားဖြင့် အမိန့်မရှိပါနှင့်၊ ဟုရာဗရှာခကို ဆိုကြလျှင်၊ ၁၂ ရာဗရှာခက၊ ငါ့သခင်သည် သင်၏သခင်နှင့် သင့်အား သာဤစကားကို ပြောစေခြင်းငှါ ငါ့ကို စေလွှတ်တော်မူသလော။ မြို့ရိုးပေါ်မှာ ထိုင်လျက်၊ သင်တို့နှင့်အတူ မိမိတို့မစင်ကို စား၍၊ မိမိတို့ ရေဟောင်းကို သောက်ရသော သူတို့ရှိရာသို့ စေလွှတ်တော်မူသည် မဟုတ်လော၊ ဟုဆိုပြီးလျှင်၊


ရန်သူကထာ၀ရဘုရားကို အားမကိုးဘို့ပြော

၁၃ ရာဗရှာခသည်ထ၍ ယုဒဘာသာ စကားအားဖြင့် ကျယ်သောအသံနှင့် ကြွေးကြော်လျက်၊ မဟာအရှင်မင်းကြီး အာရှုရိရှင် ဘုရင်၏ အမိန့်တော်ကို နားထောင်ကြလော့။ ၁၄ ရှင်ဘုရင် မိန့်တော်မူသည်ကား၊ ဟေဇကိသည် သင်တို့ကို မလှည့်စားစေနှင့်။ သူသည် သင်တို့ကို ကယ်ယူခြင်းငှါ မတတ်နိုင်။ ၁၅ ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကို ဧကန်အမှန် ကယ်ယူတော်မူမည်။ ဤမြို့သည် အာရှုရိရှင်ဘုရင် လက်သို့ မရောက်ရ၊ ဟုဆိုသဖြင့်၊ ထာဝရဘုရားကို မကိုးစားစေနှင့်။ ၁၆ ဟေဇကိ စကားကို နားမထောင်ကြနှင့်၊ အာရှုရိ ရှင်ဘုရင် မိန့်တော်မူသည်ကား၊ ငါနှင့် မိဿဟာယဖွဲ့ကြ။ ငါ့ထံသို့ ထွက်လာကြ။ ၁၇ သင်တို့ပြည်နှင့်တူသော ပြည်တည်းဟူသော၊ ဆန်စပါး စပျစ်ရည်နှင့် ပြည့်စုံသောပြည်၊ မုန့်နှင့်စပျစ် ဥယျာဉ်များသော ပြည်သို့၊ သင်တို့ကို ပို့ခြင်းငှါ ငါမလာမှီတိုင်အောင်၊ သင်တို့သည် ကိုယ်စပျစ်ပင်၏ အသီး၊ ကိုယ်သင်္ဘောသဖန်းပင်၏ အသီးကိုစား၍၊ ကိုယ်ရေကန် ကရေကို သောက်လျက် နေကြဦးလော့။


ထာ၀ရဘုရားကို အခြားဘုရားများနှင့် နှိုင်း

၁၈ ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကို ကယ်ယူတော်မူမည်၊ ဟုမဖြားယောင်းစေနှင့်။ အပြည်ပြည်သော ဘုရားတို့သည် မိမိတို့ပြည်များကို အာရှုရိ ရှင်ဘုရင် လက်မှ ကယ်လွှတ်ကြပြီလော။ ၁၉ ဟာမတ်ပြည်၏ဘုရား၊ အာပဒ်ပြည်၏ ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ သေဖရဝိမ်ပြည်၏ ဘုရားတို့သည် အဘယ်မှာ ရှိကြသနည်း။ သူတို့သည် ရှမာရိပြည်ကို ငါ့လက်မှ ကယ်လွှတ်ကြပြီလော။ ၂၀ ထိုအပြည်ပြည်သော ဘုရားတို့တွင်၊ အဘယ်မည်သော ဘုရားသည် မိမိပြည်ကို ငါ့လက်မှ ကယ်လွှတ်ဘူးသနည်း။ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို ငါ့လက်မှ အဘယ်သို့ ကယ်လွှတ်နိုင်မည်နည်း၊ ဟုဆိုလေ၏။ ၂၁ ယုဒလူတို့လည်း၊ စကားတခွန်းကိုမျှ မပြန်ဘဲ တိတ်ဆိတ်စွာ နေကြ၏။ အကြောင်းမူကား၊ ပြန်မပြောနှင့်၊ ဟုရှင်ဘုရင် အမိန့်တော်ရှိသတည်း။ ၂၂ ထိုအခါ ဟိလခိသားဖြစ်သော နန်းတော် အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေ့ဗန၊ အာသပ်သား အတွင်းဝန် ယောအာတို့သည် မိမိတို့အဝတ်ကို ဆုတ်လျက်၊ ဟေဇကိမင်းထံသို့ လာ၍၊ ရာဗရှာခစကားကို ကြားလျှောက်ကြ၏၊



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.