-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၃၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၃၃


လုယူတတ်သောသူ ဖျက်ဆီးတတ်သောသူ

သူတပါး လုယူခြင်းမခံဘဲလျက် လုယူတတ်သောသူ၊ သူတပါး ဖျက်ဆီးခြင်းကို မခံဘဲလျက် ဖျက်ဆီးတတ်သောသူ၊ သင်သည် အမင်္ဂလာရှိ၏။ သင်သည် မလုမယူဘဲ နေသောအခါ လုယူခြင်းကို ခံရမည်။ ဖျက်ဆီး၍ မောသောအခါ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။


ထာ၀ရဘုရားကို အားကိုးခြင်း
CROSS REFERENCES






အိုထာဝရဘုရား၊ အ​ကျွန်ုပ်တို့ကို သနားတော်မူပါ။ အ​ကျွန်ုပ်တို့သည် ကိုယ်တော်ကို မြော်လင့်ကြပါ၏။ နံနက်တိုင်းအ​ကျွန်ုပ်တို့၏ ခွန်အားကို ပေးတော်မူပါ။ အမှုရောက်သောအခါ အ​ကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ အလုံးအရင်း၏ အသံကြောင့်၊ လူစုတို့သည် ပြေးကြ၏။ ထတော်မူသောအခါ၊ လူမျိုးတို့သည် အရပ်ရပ် ကွဲပြားကြ၏။ သူတပါးတို့သည် သင်တို့၏ဥစ္စာကို ကျိုင်းကောင် သိမ်းယူသကဲ့သို့ သိမ်းယူကြလိမ့်မည်။ ကျိုင်းကောင်တို့သည် လူးလာပြေးသကဲ့သို့၊ သင်တို့၏ ဥစ္စာပေါ်မှာ လူးလာပြေးကြလိမ့်မည်။ ထာဝရဘုရားသည် ချီးမြှောက်ခြင်း ရှိတော်မူ၏။ မြင့်သောအရပ်၌ နေတော်မူ၏။ ဇိအုန်မြို့ကို တရားသဖြင့် ဆုံးဖြတ်ခြင်း၊ ​ဖြောင့်မတ်စွာ စီရင်ခြင်းနှင့် ပြည့်စေတော်မူ၏။ ဥာဏ်နှင့်ပညာသည် သင်၏လက်ထက်၌ တည်ကြည်ခြင်း၊ မြဲမြံစွာ ကယ်တင်ခြင်းကို ဖြစ်စေလိမ့်မည်။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်း [A]သဘောသည်လည်း သင်၏ ဘဏ္ဍာဖြစ်လိမ့်မည်။ သူရဲတို့သည် ပြင်၌ အော်ဟစ်ကြ၏။ မိဿဟာယစကားကို ပြောသော တမန်တော်တို့သည် ပြင်းစွာ ငိုကြွေးကြ၏။ လမ်းမတို့သည် ဆိတ်ညံကြ၏။ လမ်းခရီး၌ သွားလာသောသူမရှိ။ ထိုမင်းသည် သစ္စာပျက်လေပြီ။ မြို့များကိုလည်း ပယ်လေပြီ။ အဘယ်သူ၏ မျက်နှာကို မမှတ်တတ်။ ပြည်တော်သည် ငြိုငြင်၍ အားလျော့၏။ လေဗနုန်တောသည် ရှက်ကြောက်၍ နွမ်းရိ၏။ ရှာရုန်အရပ်သည် တောကဲ့သို့ဖြစ်၏။ ဗာရှန်တောင်နှင့် ကရမေလတောင်သည် လှုပ်ရှား၏။ ၁၀ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုငါထမည်။ ယခုချီးမြှောက်ခြင်းသို့ ရောက်မည်။ ကိုယ်ကိုကိုယ် ချီးမြှောက်မည်။ ၁၁ သင်တို့သည် ဖွဲကို ကိုယ်ဝန်ဆောင်၍၊ အမှိုက်ကို ဖွားမြင်ရလိမ့်မည်။ သင်တို့စိတ်သဘောသည် မီးဖြစ်၍၊ သင်တို့ကို ဖျက်ဆီးလိမ့်မည်။ ၁၂ လူများတို့သည် ထုံးကျောက်ကို ဖုတ်သကဲ့သို့၎င်း၊ ဆူးပင်များကိုခုတ်၍ မီးရှို့သကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။ ၁၃ ဝေးသောသူတို့၊ ငါပြုသောအမှုကို မှတ်ကြလော့။ နီးသောသူတို့၊ ငါ့တန်ခိုးကို ဝန်ခံကြလော့။ ၁၄ အပြစ်ရှိသော ဇိအုန်မြို့သားတို့သည် ကြောက်ကြ၏။ အဓမ္မပြုသောသူတို့သည် ထိတ်လန့်ကြ၏။ ငါတို့တွင် အဘယ်သူသည် လောင်သော မီးထဲမှာ နေရမည်နည်း။ ငါတို့တွင် အဘယ်သူသည် ထာဝရ မီးလောင်ခြင်းကို ခံလျက် နေရမည်နည်း။ ၁၅ တရားသဖြင့်ကျင့်၍ ဖြောင့်မတ်စွာ ပြောထသော၊ ညှဉ်းဆဲခြင်းအားဖြင့် ရသောငွေကိုရွံ၍၊ တံစိုးကိုလည်း ငြင်းပယ်ထသော၊ လူအသက်သတ်ခြင်း အမှုကိုနားမခံ၊ အဓမ္မအမှုများကို မကြည့်မရှုသောသူသည် မြင့်သောအရပ်၌ နေလိမ့်မည်။ ၁၆ ခိုင်ခံ့သော ကျောက်မြို့၌ ခိုလှုံလိမ့်မည်။ ထိုသူအားအစာကို အစဉ် ပေးရလိမ့်မည်။ သောက်ရေလည်း မပြတ်ရ။ ၁၇ သင်သည် ရှင်ဘုရင်၏ တင့်တယ်ခြင်း အသရေတော်ကို ကိုယ်မျက်စိနှင့်မြင်ရ၍၊ ဝေးလှသော ပြည်ကိုလည်း ကြည့်မြင်ရလိမ့်မည်။ ၁၈ သင်သည် ကြောက်လန့်ဘွယ်သော အခြင်းအရာကို အောက်မေ့သောအခါ၊ စာရင်းယူသောသူသည် အဘယ်မှာ ရှိသနည်း။ အခွန်ခံသောသူသည် အဘယ်မှာ ရှိသနည်း။ ပြအိုးတို့ကို ရေတွက်သောသူသည် အဘယ်ရှိသနည်း။ ၁၉ ကြမ်းတမ်းသောလူမျိုး၊ နားမဝင်နိုင်အောင် နက်နဲသောစကား၊ နားမလည်နိုင်အောင် ခက်ခဲသော စကားကို ပြောသောလူမျိုးကို သင်သည် မတွေ့မမြင်ရ။ ၂၀ ငါတို့ပွဲခံရာမြို့၊ ဇိအုန်မြို့ကို ကြည့်ရှုလော့။ တိုင်တခုမျှမရွေ့၊ ကြိုးတခုမျှမပြတ်၊ အလျှင်းမပျက်ရသော တဲတည်းဟူသော၊ ငြိမ်ဝပ်သော နေရာ ယေရုရှလင်မြို့ကို ကိုယ်မျက်စိနှင့် မြင်ရလိမ့်မည်။ ၂၁ ထိုမြို့တွင် ဘုန်းကြီးသော ထာဝရဘုရားသည် ငါတို့၌ ကျယ်သော မြစ်များဆုံးရာ အရပ် ဖြစ်တော်မူလိမ့်မည်။ ထိုအရပ်၌ တက်သောရဲလှေ၊ အားကြီးသော သင်္ဘောတစင်းမျှ မရှောက်မသွားရ၊


ထာ၀ရဘုရား တရားသူကြီး ရှင်ဘုရင်ပညတ်ရှင်
CROSS REFERENCES






၂၂ အကြောင်းမူကား၊ ထာဝရဘုရားသည် ငါတို့၏ တရားသူကြီး ဖြစ်တော်မူ၏။ [B] ထာဝရဘုရားသည် ငါတို့၏ ပညတ်တရားရှင် ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ ရှင်ဘုရင်ဖြစ်၍၊ ငါတို့ကို ကယ်တင် တော်မူလိမ့်မည်။ ၂၃ သင်၏ သင်္ဘောရွက်ကြိုးများ ပြုတ်လျက်ရှိ၏။ ရွက်တိုင်ကို ခိုင်ခံ့စွာမချည်၊ ရွက်ကိုလည်း မဖြန့်နိုင်။ သို့ဖြစ်၍၊ များစွာသော ဥစ္စာကို လုယူဝေငှရ၏။ ​ခြေဆွံ့သောသူပင် လုယူရာဥစ္စာကို လုယူရ၏၊ ၂၄ မြို့သားကလည်း၊ ငါနာသည်၊ ဟုမဆိုရ။ ထိုမြို့၌ နေသောသူတို့သည် အပြစ်ပြေရှင်းခြင်းသို့ ရောက်ရကြလိမ့်မည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.