၂၃ အနန္တတန်ခိုးရှင်ထံတော်သို့ ပြန်လာလျှင် တည်ဆောက်ခြင်း ရှိလိမ့်မည်။ သင့်အိမ်မှ ဒုစရိုက်ကို ပယ်ရှားလျှင်၊
၆ အိုဣသရေလ အမျိုးသားတို့၊ သင်တို့သည် အလွန်လွှဲရှောင်ပယ်ထားသော ဘုရားထံတော်သို့ ပြန်လာကြလော့။
၂၂ သင်၏ ဒုစရိုက်တို့ကို တိမ်တိုက်ကဲ့သို့၎င်း၊ သင်၏အပြစ်တို့ကို တိမ်လွှာကဲ့သို့၎င်း ငါချေပြီ။ ငါ့ထံသို့ ပြန်လာလော့။၊ သင့်ကို ငါရွေးနှုတ်ပြီ။
၁ ယောက်ျားစွန့်ပစ်သော မိန်းမသည် ထွက်သွား၍၊ အခြားသောသူ၏ မယားဖြစ်ပြီးမှ၊ အရင်လင်သည် ထိုမိန်းမကိုပြန်၍ယူ သင့်သလော။ ထိုသို့ပြုသော ပြည်သည် ညစ်ညူးသည် မဟုတ်လော ဟု ဆိုလေ့ရှိလျက်နှင့်၊ သင်သည် များစွာသော ရည်းစားတို့၌ မှီဝဲ၍၊ မှားယွင်းသော်လည်း၊ ငါ့ထံသို့ပြန်လာပါ၊ ဟုထာဝရဘုရား မိန့်တော်မူ၏။
၃ သို့သော်လည်း၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ ငါ့ထံသို့ပြန်၍ လာကြလော့၊ ဟုကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၇ ဘိုးဘေးတို့ လက်ထက်မှစ၍၊ သင်တို့သည် ငါစီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်၊ တိမ်းရှောင်ကြပြီ။ ငါ့ထံသို့ ပြန်လာကြလော့။ ငါသည်လည်း သင်တို့ဆီသို့ ပြန်လာမည်၊ ဟုကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ အကျွန်ုပ်တို့သည် အဘယ်သို့ ပြန်လာရပါမည်နည်း၊ ဟုသင်တို့မေးကြသည်တကား။