-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၃၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၃၀


ထာ၀ရဘုရား အားမကိုးဘဲ အဲဂုတ္တုအရိပ်ခိုလှုံ
CROSS REFERENCES






ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပုန်ကန်သော အမျိုးသားတို့သည် အမင်္ဂလာရှိကြသည်။ သူတို့သည် ငါ့ကိုအမှီမပြုဘဲ အချင်းချင်း တိုင်ပင်ကြ၏။ [A] ငါ့ဝိညာဉ် အခွင့်မရှိဘဲ မိဿဟာယဖွဲ့၍ အထပ်ထပ် အပြစ်ရောက်ကြ၏။ ဖာရော ဘုရင်၏ဘုန်းကို အမှီပြု၍၊ အဲဂုတ္တုအရိပ်ကို ခိုလှုံခြင်းငှါ၊ ငါနှုတ်ထွက်ကို အခွင့်မပန်ဘဲ၊ အဲဂုတ္တုပြည်သို့ ရောက်အောင် သွားကြ၏။ သို့ဖြစ်၍ သင်တို့သည် ဖာရောဘုရင်၏ ဘုန်းကို အမှီပြုသောကြောင့် ရှက်ကြောက် ကြလိမ့်မည်။ အဲဂုတ္တုအရိပ်ကို ခိုလှုံသောကြောင့် မျက်နှာ ပျက်ကြလိမ့်မည်။ သူတို့မင်းတို့သည် ဇောနမြို့၌ ရှိကြမည်။ သံတမန်တို့သည် ဟာနက်မြို့သို့ ရောက်ကြပြီ။ အသုံးမဝင်၊ အကူအညီမပေး၊ ကျေးဇူးမပြုနိုင်ဘဲ ရှက်ကြောက်ခြင်း၊ အသရေပျက်ခြင်း အကြောင်းသာ ဖြစ်သောလူမျိုးကို သူတို့ရှိသမျှသည် ရှက်ကြောက်ကြ၏။ ခြင်္သေ့မ၊ ခြင်္သေ့၊ မြွေဆိုး၊ ပျံတတ်သော မီးမြွေများသဖြင့် အလွန်ခဲယဉ်း၍ ဆင်းရဲသော ပြည်ကိုရှောက်လျက် တောင်မျက်နှာသို့ သွားသော တိရစ္ဆာန်တို့အပေါ်မှာ တင်သောဝန်များကို ကြည့်ရှုကြလော့။ မြည်းပခုံးပေါ်မှာ ဥစ္စာပစ္စည်းများကို၎င်း၊ ကုလားအုပ်၏ဘို့ ပေါ်မှာ ဘဏ္ဍာများကို၎င်း တင်၍၊ ကျေးဇူးမပြုနိုင်သော လူမျိုးထံသို့ ဆောင်သွားကြသည် တကား။ အဲဂုတ္တုပြည်သည် အချည်းနှီး သက်သက် အကျိုးမပေးနိုင်။ ထိုကြောင့်မလှုပ်ဘဲ နေတတ်သော ရာခပ်၊ ဟုငါသမုတ်ပေ၏။


ချော့မော့သောစကားကို ပြောကြပါ

သင်သည် ယခုသွား၍ သူတို့ရှေ့မှာ သင်ပုန်း၌ ရေးထားရသောအချက်၊ နောင်ကာလ အစဉ်အဆက် တည်စေခြင်းငှါ၊ စာစီ၍ မှတ်သားရသော အချက်ဟူမူကား၊ ဤလူမျိုးတို့သည် ပုန်ကန်တတ်၏။ ဖောက်ပြန်သော အမျိုးသား ထာဝရဘုရား၏ တရား ကိုနာယူခြင်းငှါ အလိုမရှိသော အမျိုးသားဖြစ်ကြ၏။ ၁၀ သူတို့ကလည်း ဗျာဒိတ်တော်ကို မခံပါနှင့်၊ ဟုဗျာဒိတ်ခံသော သူများအား၎င်း၊ မှန်သောစကားကို ငါတို့အား မဟောပါနှင့်။ ချော့မော့သော စကားကို ပြောကြပါ။ လှည့်စားသောစကားကို ပြောကြပါ။ ၁၁ လမ်းလွှဲကြပါ။ မှန်သောလမ်းကို ရှောင်ကြပါ။ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရားကို ငါတို့ရှေ့မှာ ကွယ်ထားကြပါ၊ ဟုပရောဖက်တို့အား၎င်း ဆိုတတ်ကြ၏။


မြေအိုးကွဲသကဲ့သို့ ကွဲလိမ့်မည်

၁၂ သို့ဖြစ်၍၊ ဣသရေလအမျိုး၏သန့်ရှင်းသောဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည်နှုတ်ကပတ်တော်ကိုပယ်၍၊ လိမ် ကောက်ယိုယွင်းခြင်းကိုသာမှီဝဲခိုလှုံသောကြောင့်၊ ၁၃ သင်တို့အပြစ်သည်ပြိုကျလုသောအုတ်ရိုးပျက်ကဲ့သို့၎င်း၊ မြင့်သောအုတ်ထရံ၌ မညီမညွတ်ထွက်ဝင်သကဲ့သို့၎င်း၊ ဖြစ်လိမ့်မည်။ ထိုထရံသည်အလျှင်တဆောချက်ချင်းပြိုပျက်တတ်၏။ ၁၄ မြေအိုးကွဲသကဲ့သို့ကွဲရလိမ့်မည်။ ကွဲရာတွင်လည်းမီးဖိုထဲကမီးခဲခံစရာဘို့၊ ရေကန်ထဲကရေခပ်စရာဘို့၊ အိုးခြမ်းတခုမျှမရှိစေခြင်းငှါ၊ နှမြောခြင်းမရှိဘဲခွဲခြင်းကိုခံရလိမ့်မည်။


ငြိမ်ဝပ်စွာနေလျှင်ကယ်တင်ခြင်းသို့ရောက်မည်
CROSS REFERENCES






၁၅ ဣသရေလ အမျိုး၏ သန့်ရှင်းတော်မူသော ဘုရား၊ အရှင်ထာဝရဘုရား၊ မိန့်တော်မူသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ ငြိမ်ဝပ်စွာနေလျှင်၊ ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ငြိမ်ဝပ်စွာနေခြင်း၊ ယုံကြည်ခြင်းအားဖြင့် ခွန်အားအစွမ်းကို ရကြလိမ့်မည်။ [B] သင်တို့သည် ထိုသို့သော အလိုမရှိကြ။ ၁၆ ငါတို့သည် ထိုသို့မနေ၊ မြင်းစီး၍ ပြေးမည်၊ ဟုဆိုသောကြောင့်၊ သူတပါးတို့သည် သင်တို့ကို ပြေးစေမည်။ ငါတို့သည် လျှင်မြန်စွာ စီးသွားမည်၊ ဟုဆိုသောကြောင့်၊ သင်တို့ကို လိုက်သောသူတို့သည် လျှင်မြန်ကြလိမ့်မည်။ ၁၇ သင်တို့သည် တောင်ထိပ်ပေါ်မှာ စိုက်သော မှတ်တိုင်ကဲ့သို့၎င်း၊ ကုန်းပေါ်မှာထူသော အလံကဲ့သို့၎င်း၊ ဖြစ်ရသည်တိုင်အောင်၊ တယောက်သောသူသည် ခြိမ်းလျှင်၊ တထောင်သောသူတို့ သည် ပြေးကြလိမ့်မည်။ ငါးယောက်ခြိမ်းလျှင်၊ တသောင်း ပြေးကြလိမ့်မည်။ [C]


ဘုရားသခင်သည်ပြန်သနားမည်

၁၈ သို့သော်လည်း၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြု လိုသောငှါ မြော်လင့်တော်မူမည်။ ကရုဏာပြုလိုသောငှါ ချီးမြှောက်ခြင်းကို ခံတော်မူမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် တရားသော ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို မြော် လင့်သောသူ အပေါင်းတို့သည် မင်္ဂလာရှိကြ၏။ ၁၉ ယေရုရှလင်မြို့၌ နေသောဇိအုန်အမျိုး၊ သင်သည်အစဉ် ငိုကြွေးရမည်မဟုတ်။ သင်အော်ဟစ်သံကို နားထောင်၍ ကယ်မ သနားတော်မူလိမ့်မည်။ ၂၀ ထိုအသံကို ကြားသောအခါ ထူးတော်မူလိမ့်မည်။ ထာဝရဘုရားသည် သင့်အား ဒုက္ခမုန့်ကို ​ကျွေး၍၊ ဆင်းရဲခြင်း ရေကို တိုက်တော်မူသော်လည်း၊ သင်၏ ဆရာတို့သည် နောက်တဖန် ပုန်းရှောင်၍ မနေရကြ။ ကိုယ်မျက်စိနှင့် ကိုယ်ဆရာတို့ကို မြင်ရလိမ့်မည်။ ၂၁ သင်သည် လကျ်ာဘက်၊ လက်ဝဲဘက်သို့ လမ်းလွဲလျှင်၊ ဤမည်သော လမ်းသည် မှန်၏ ဤလမ်း၌ သွားလော့၊ ဟုသင့်နောက်၌ ပြောသောစကားသံကို၊ ကိုယ်နားနှင့် ကြားရလိမ့်မည်။ ၂၂ ထုလုပ်သော ငွေရုပ်တု တန်ဆာနှင့် သွန်းသော ရွှေရုပ်တုတန်ဆာများကို မရိုမသေပြု၍၊ ညစ်ညူးသော အဝတ်ကဲ့သို့ ပစ်ပယ်လျက်၊ သွားတော့၊ ဟုဆိုရလိမ့်မည်။


နေအလင်း ခုနစ်ဆလင်းလိမ့်မည်

၂၃ သူသည် လယ်၌ ကြဲသော မျိုးစေ့ဘို့ မိုးကို ရွာစေတော်မူလိမ့်မည်။ မြေအသီးအနှံမှ ဖြစ်သော မုန့်ကို အလွန်ကြွယ်ဝစွာ ပေးသနားတော်မူလိမ့်မည်။ ထိုအခါ သင်၏ သိုးနွားတို့သည် ကျယ်သောအရပ်၌ ကျက်စားရကြလိမ့်မည်။ ၂၄ စံကောနှင့် ဆန်ခါဖြင့် သန့်ရှင်းစေ၍ ကောင်းမွန်စွာ ရောနှောသော စပါးကိုသာ မြေ၌ လုပ်သောနွားနှင့် မြည်းတို့သည်လည်း စားရကြလိမ့်မည်။ ၂၅ များစွာသော လူတို့ကိုသတ်၍ ရဲတိုက်တို့သည် ပြိုလဲသောအခါ၊ မြင့်သော တောင်ရှိသမျှနှင့် ထင်ရှားသော ကုန်းရှိသမျှတို့အပေါ်မှာ ရေစီးရာမြစ်နှင့် ချောင်းများကြလိမ့်မည်။ ၂၆ ထာဝရဘုရားသည် မိမိလူတို့၏ ကျိုးပျက်ရာကို ပြုပြင်၍၊ သူတို့ခံရသော ဒဏ် ချက်ရာကို ပျောက်စေတော်မူသောအခါ၊ လ၏အလင်းသည် နေ၏အလင်းကဲ့သို့ ဖြစ်၍၊ နေ၏အလင်းသည်လည်း ပကတိထက် ခုနစ်ဆလင်းလိမ့်မည်။


ထာ၀ရဘုရားလာ လိမ့်မည်

၂၇ ကြည့်ရှုလော့။ ထာဝရဘုရား၏ နာမတော်သည် ဝေးသောအရပ်မှ လာ၏။ အမျက်တော်လောင်၍ မီးလျှံဟုန်းလေ၏။ နှုတ်တော်သည် အမျက်နှင့်ပြည့်၍ လျှာတော်သည် မီးရှို့သကဲ့သို့ ဖြစ်လေ၏။ ၂၈ ထွက်သက်တော်သည်လည်း လူမျိုးတို့ကို ရှင်းရှင်းဖျက်ဆီးခြင်းငှါ၊ လွှမ်းမိုးသော ရေကဲ့သို့ လည်ပင်းကို မှီလိမ့်မည်။ လမ်းလွဲစေသော ဇက်ကို သူတို့ပါးစပ်၌ ခွံ့တော်မူလိမ့်မည်။ ၂၉ သင်တို့သည် ပွဲခံသောနေ့ညတွင် ပြုသကဲ့သို့ သီချင်း ဆိုရကြလိမ့်မည်။ ဣသရေလ အမျိုး၏ကျောက်၊ ထာဝရဘုရား၏ တောင်တော်သို့ ပုလွေမှုတ်လျက်သွားသကဲ့သို့ ဝမ်းမြောက်ရကြလိမ့်မည်။ ၃၀ ထာဝရဘုရားသည်လည်း ဘုန်းကြီးသော အသံတော်ကို လွှတ်တော်မူလိမ့်မည်။ လက်ရုံးတော် သက်ရောက်ခြင်း၊ ပြင်းစွာအမျက်ထွက်ခြင်း၊ မီးလျှံလောင်ခြင်း၊ မိုးသီးပါလျက်၊ မိုးသက်မုန်တိုင်းများတို့ကို ပြတော်မူလိမ့်မည်။ ၃၁ သို့ဖြစ်၍၊ အာရှုရိလူသည် ထာဝရဘုရား၏ အသံတော်အားဖြင့် လှဲချခြင်း၊ လှံတံတော်အားဖြင့် ဒဏ်ခတ်ခြင်းကို ခံရလိမ့်မည်။ ၃၂ ထာဝရဘုရား စီရင်၍၊ သူ၏အပေါ်မှာ လေးစွာချထားတော်မူသော လှံတံသည် လျှောက်သွားရာ၌ စောင်း၊ ပတ်သာတီးခြင်းနှင့်တကွ ဖြစ်လိမ့်မည်။ သူ့ကိုပြင်းစွာ စစ်တိုက် တော်မူလိမ့်မည်။ ၃၃ အကြောင်းမူကား၊ တောဖက်အရပ်သည် ရှေးကာလ၌ စီရင်လျက်ရှိ၏။ အကယ်စင်စစ် ရှင်ဘုရင်အဘို့ ပြင်ဆင်လျက်ရှိ၏။ နက်နဲကျယ်ဝန်းစေခြင်းငှါ ဖန်ဆင်းတော်မူပြီ။ မီးရှို့ဘို့ ထင်းပုံကြီးလည်း ရှိ၏။ ထာဝရဘုရား၏ ထွက်သက်တော်သည် အရည်ကျိုသော ကန့်ကဲ့သို့၊ ထိုထင်းပုံကို မီးရှို့ရလိမ့်မည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.