-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၂၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၂၉


အရေလတည်းဟူသော ယေရုရှလင်မြို့ တိုက်မည်

အရေလမြို့၊ ဒါဝိဒ်မင်းနေသော အရေလမြို့သည် အမင်္ဂလာရှိ၏။ တနှစ်ပေါ်မှာ တနှစ်ထပ်ကြလော့။ ပွဲတို့ကို အလှည့်လှည့်ခံကြလော့။ သို့ရာတွင်၊ အရေလမြို့ကို ငါဆင်းရဲစေ၍ ထိုမြို့သည် ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်း ရှိသော်လည်း၊ အရေလမြို့ကဲ့သို့ ငါ့ရှေ့မှာ ဖြစ်ရလိမ့်မည်။ ငါသည် သင့်ပတ်ဝန်းကျင်၌ တပ်ချမည်။ မြေရိုးနှင့် ဝိုင်းထား၍၊ မြေကတုပ်များကိုလည်း တူးလုပ်မည်။ သင်သည် နှိမ့်ချခြင်းကိုခံ၍ မြေထဲက ပြောရလိမ့်မည်။ မြေမှုန့်ထဲက ငယ်သောအသံနှင့် မြွက်ရလိမ့် မည်။ သင်ပြောသောအသံသည် နတ်ဝင်သူ ပြောသံကဲ့သို့ မြေထဲကထွက်၍၊ သင်သည် မြေမှုန့်ထဲက အသံသေးနှင့် တိုးတိုးမြွက်ဆိုရလိမ့်မည်။ သို့ရာတွင်၊ သင်၏ ရန်သူ အလုံးအရင်းသည် အဏုမြူကဲ့သို့၎င်း၊ ကြောက်မက်ဖွယ်သောသူ အလုံးအရင်းသည် လွင့်သွားသော ဖွဲကဲ့သို့၎င်းဖြစ်၍၊ အလျှင်တစော ချက်ချင်း အမှုရောက်လိမ့်မည်။ ကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရားသည်၊ မိုးချုန်းခြင်း၊ မြေလှုပ်ခြင်း၊ အသံဗလံမြည်ခြင်းနှင့်တကွ မိုးသက်မုန်တိုင်း၊ လောင်တတ်သော မီလျှံအားဖြင့် အပြစ်ပေးတော်မူမည်။ အပြည်ပြည်ကလာ၍၊ အရေလမြို့ကို စစ်တိုက်သော အလုံးအရင်း၊ အရေလမြို့နှင့် ရဲတိုက်ကို တိုက်၍ ညှဉ်းဆဲသောသူ ပေါင်းတို့သည်၊ အိပ်မက်တည်းဟူသော ညရှုပါရုံကဲ့သို့ ဖြစ်ရကြလိမ့်မည်။ မွတ်သိပ်သောသူသည် အိပ်မက်တွင် စားရသည်၊ ဟုထင်သော်လည်း၊ နိုးသောအခါ အမွတ်အသိပ် မပြေသကဲ့သို့၎င်း၊ ရေငတ်သောသူသည် အိပ်မက်တွင် သောက်ရသည်၊ ဟုထင်သော်လည်း၊ နိုးသောအခါ နွမ်းနယ်လျက်၊ တောင့်တလျက် ရှိသကဲ့သို့၎င်း၊ အပြည်ပြည်မှ လာ၍၊ ဇိအုန်တောင်သို့ စစ်တိုက်သော အလုံးအရင်းသည် ဖြစ်ရလိမ့်မည်။


နှုတ်ခမ်းနှင့်ရိုသေစိတ်နှလုံးမူကားဝေးလှ၏
CROSS REFERENCES





CROSS REFERENCES






ဖင့်နွဲ့၍ မှိုင်တွေကြလော့။ ကာမဂုဏ်၌ ပျော်မွေ့၍ မွှန်လျက်နေကြလော့။ စပျစ်ရေကို မသောက်ဘဲ ယစ်မူးလျက်၊ သေရည် သေရက်ကို မသောက်ဘဲ တိမ်းယိမ်းလျက် ရှိကြ၏။ ၁၀ အကြောင်မူကား၊ ထာဝရဘုရားသည် အိပ်ချင်သော သဘောကို သင်တို့၌ သွင်းသဖြင့်၊ သင်တို့မျက်စိကို ပိတ်၍၊ သင်တို့၏ ပရောဖက်များ၊ မင်းများ၊ ဗျာဒိတ်ခံသူများတို့ကို ဖုံးလွှမ်းတော်မူပြီ။ ၁၁ ဗျာဒိတ်တော် ရှိသမျှသည် တံဆိပ်ခတ်သော စာကဲ့သို့သင်တို့၌ ဖြစ်၏။ ထိုစာကို စာတတ်သောသူ အားပေး၍၊ ဤစာကို ဖတ်ပါလော့၊ ဟုဆိုလျှင်၊ ထိုသူက၊ ဤစာကို ငါမဖတ်နိုင်။ တံဆိပ်ခတ်လျက် ရှိ၏၊ ဟုပြန်ပြောတတ်၏။ ၁၂ ထိုစာကို စာမတတ်သောသူ အားပေး၍၊ ဤစာကို ဖတ်ပါလော့၊ ဟုဆိုလျှင်၊ ထိုသူက ငါသည် စာမတတ်၊ ဟုပြန်ပြောတတ်၏။ ၁၃ ထာဝရဘုရား ကလည်း ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကိုအမှီပြု၍ ငါ့ကို ကြောက်ရွံ့ကြ၏။ [A] ၁၄ ထို့ကြောင့် အံဩကြောက်မက်ဘွယ်သော အမှုကို ဤလူမျိုးတို့တွင် တဖန်ငါပြုဦးမည်။ သူတို့တွင် ပညာရှိတို့၏ ပညာသည် ပျက်စီးလိမ့်မည်။ ဥာဏ်ကောင်းသောသူတို့၏ ဥာဏ်သည်လည်း ကွယ်ပျောက်လိမ့်မည်၊ ဟုမိန့်တော်မူ၏။ [B]


မှောင်မိုက်မှာ ငါတို့ကို အဘယ်သူမမြင်
CROSS REFERENCES






၁၅ ထာဝရဘုရား မသိစေခြင်းငှါ၊ နက်နဲသော အကြံကိုကြံ၍၊ မှောင်မိုက်ထဲမှာ အမှုကိုပြုလျက်၊ ငါတို့ကို အဘယ်သူ မြင်သနည်း၊ ငါတို့ကို အဘယ်သူ သိသနည်း၊ ဟုပြောဆိုတတ်သောသူတို့သည် အမင်္ဂလာရှိကြ၏။ ၁၆ သင်တို့သည် ဖောက်ပြန်ကြသည်တကား။ အိုးထိန်းသမားကို၊ အိုးမြေကဲ့သို့ မှတ်ရမည်လော။ [C] လုပ်အပ်သောအရာသည် လုပ်တတ်သောသူကို ရည်မှတ်၍၊ ဤသူသည် ငါ့ကိုမလုပ်၊ ဟုဆိုရမည်လော။ ဖန်ဆင်းအပ်သော အရာသည် ဖန်ဆင်းတတ်သော သူကိုရည်မှတ်၍၊ ဤသူ၌ ပညာအတတ်မရှိ၊ ဟုဆိုရမည်လော။


အားလုံး ပြန်ကောင်းလိမ့်မည်

၁၇ လေဗနုန်တောင်သည် ဝပြောသော လယ်ပြင်ကဲ့သို့၎င်း၊ ဝပြောသော လယ်ပြင်သည် တောကဲ့သို့၎င်း ဖြစ်ရသော အချိန်နီးပြီ မဟုတ်လော။ ၁၈ ထိုကာလ၌ နားပင်းသောသူတို့သည် ကျမ်းစကားကို ကြားကြလိမ့်မည်။ မျက်စိ ကန်းသောသူတို့သည် မြှေးရှက်ခြင်း၊ မှောင်မိုက်ခြင်းနှင့် ကင်းလွတ်၍ မြင်ရကြလိမ့်မည်။ ၁၉ စိတ်နှိမ့်ချသော သူတို့သည် ထာဝရဘုရားကို အမှီပြု၍၊ ဝမ်းမြောက်ခြင်း တိုးပွားကြလိမ့်မည်။ လူတို့တွင် ဆင်းရဲသောသူတို့သည် ဣသရေလ အမျိုး၏ သန့်ရှင်းသော ဘုရားကို အမှီပြု ၍ ရွှင်လန်းကြလိမ့်မည်။


လူဆိုးတို့ကိုသုတ်သင်ပယ်ရှင်း

၂၀ အကြောင်းမူကား၊ ကြောက်မက်ဘွယ်သော သူသည် ဆုံးရှုံးရ၏။ ဆဲရေးသောသူသည် ပျောက်ကုန်ရ၏။ သူ့အပြစ်ကို ချောင်းမြောင်းသောသူ၊ ၂၁ တရားတွေ့၍ ဆင်းရဲသားကို အပြစ်ရောက်စေသောသူ၊ မြို့တံခါးမှာ အမှုသည်ကို ကျော့မိစေခြင်းငှါ ပြုသောသူ၊ အပြစ်မရှိသော သူကို မတရားသဖြင့် ရှုံးစေသောသူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းရ၏။


ဘုရားကို ပြန်ကြောက်ရွံ့မည်ရိုသေမည်
CROSS REFERENCES






၂၂ သို့ဖြစ်၍ အာဗြဟံအမျိုးကို ရွေးနှုတ်တော်မူသော ထာဝရဘုရားသည် ယာကုပ်အမျိုးကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ယာကုပ်အမျိုးသည် နောက်တဖန် ရှက်ကြောက်ခြင်း၊ မျက်နှာပျက်ခြင်း မရှိရ။ ၂၃ ထိုအမျိုးသားတို့သည် ငါစီရင်သော အမှုကိုမြင်လျှင် ငါ့နာမကို မိမိတို့တွင် ရိုသေကြလိမ့်မည်။ ယာကုပ်အမျိုး၏ သန့်ရှင်းသော ဘုရားကို ရိုသေ၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်။ [D] ၂၄ စိတ်သဘော ဖောက်ပြန်သောသူတို့သည် ပညာသတိကို ရကြ၍၊ ဆန့်ကျင်ဘက် ပြုသောသူတို့သည်လည်း၊ ဆုံးမဩဝါစကားကို နာယူကြလိမ့်မည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.