-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၂၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၂၈


စပျစ်ရည်နှင့် မူးသောသူတို့

စပျစ်ရည်နှင့် ယစ်မူးသောသူတို့၏ နေရာ ကြွယ်ဝသော ချိုင့်ဦးတွင်၊ ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူနှင့်၊ သူတို့၌ ညှိုးနွမ်းတတ်သော ဘုန်အသရေ၏ ပန်းပွင့်သည် အမင်္ဂလာရှိ၏။ ထာဝရဘုရား၌ ခွန်အား တန်ခိုးကြီးသော သူသည်၊ မိုးသီးပါလျက် ဖျက်ဆီးသော မိုးသက် မုန်တိုင်းကဲ့သို့၎င်း၊ ပြင်းစွာထ၍ လွှမ်းမိုးသော ရေကြီးကဲ့သို့၎င်း၊ မြေတိုင်အောင် ပြင်းစွာ ချပစ်လိမ့်မည်။ ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူသည် ကျော်နင်းခြင်းကို ခံရလိမ့်မည်။ ကြွယ်ဝသော ချိုင့်ဦးတွင် သူတို့၌ ညှိုးနွမ်းတတ်သော ဘုန်းအသရေ၏ ပန်းပွင့်သည်၊ နွေကာလ မစေ့မှီ အလျှင်သီးသော အသီးကဲ့သို့ ဖြစ်လိမ့်မည်။ ထိုအသီးကို မြင်သောသူသည် မြင်လျက်၊ လက်နှင့်ကိုင်လျက်ပင် စားတတ်၏။


ထာ၀ရဘုရားသည် ကျန်ကြွင်းသောလူတို့၌ ဘုန်းသရဖူဖြစ်မည်

ထိုကာလ၌လည်း၊ ကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရားသည်၊ ကျန်ကြွင်းသော မိမိလူတို့၌ ဘုန်းရှိသောသရဖူ၊ အသရေတင့်တယ်သော ဦးရစ် ဖြစ်တော်မူလိမ့်မည်။ တရားမှုကို စီရင်သောသူတို့အား တရားစီရင်သော ဥာဏ်ကို၎င်း၊ ရန်သူမျိုး တံခါးတိုင်အောင် စစ်မှုကို လှန်သောသူတို့အား၊ ခွန်အားဗလကို၎င်း ပေးတော်မူလိမ့်မည်။


ယဇ်ပုရောဟိတ်နှင့်ပရောဖက်တို့စပျစ်ရည်နှင့်မွှန်ကြ

သို့သော်လည်း၊ ထိုသူတို့သည် စပျစ်ရည်ကြောင့် မှားယွင်းကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွှဲကြပြီ။ ယဇ်ပုရော ဟိတ်နှင့် ပရောဖက်တို့သည်၊ သေရည်သေရက်ကြောင့် မှားယွင်းကြပြီ။ စပျစ်ရည်နှင့် မွှန်ကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွှဲကြပြီ။ ဗျာဒိတ်ခံသည်အရာ၌ မှားယွင်းလျက်၊ တရားစီရင်သည်အရာ၌ ထိမိ၍ လဲလျက်နေကြ၏။ သူတို့စားပွဲ ရှိသမျှတို့သည်၊ လွတ်လပ်ရာ မရှိသည်တိုင်အောင်၊ အန်ဖတ်နှင့်၎င်း၊ အညစ်အ​ကြေးနှင့်၎င်း၊ ပြည့်လျက်ရှိကြ၏။ သူတို့က၊ အဘယ်သူကို ပညာသွန်သင်ချင်သနည်း။ အဘယ်သူကို တရားနားလည် စေချင်သနည်း။ ငါတို့သည် နို့နှင့်ကွာစရှိသောသူ၊ အမိသား မြတ်နှင့် အနိုင်ကွာရသောသူ ဖြစ်ကြသလော။ ၁၀ ပညတ်တခု ပေါ်မှာတခု၊ တခုပေါ်မှာတခု၊ တနည်းပေါ်မှာတနည်း၊ တနည်းပေါ်မှာတနည်း၊ သည်ဘက်မှာ အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ် ရှိပါသည်တကား၊ ဟုဆိုကြ၏။ ၁၁ အကယ်စင်စစ်၊ စကားမပြီသောနှုတ်၊ ရိုင်းသောလျှာနှင့် ဤလူမျိုးကို မိန့်တော်မူလိမ့်မည်။ ၁၂ ဤသို့ပြုလျှင် ငြိမ်ဝပ်လိမ့်မည်။ ပင်ပန်းသောသူတို့သည် ငြိမ်ဝပ်ကြစေ။ ဤသို့ပြုလျှင် သက်သာလိမ့်မည်၊ ဟုမိန့်တော်မူသော်လည်း၊ သူ့တို့သည် နားမထောင်ကြ။ ၁၃ ထိုကြောင့်၊ သူတို့သည် သွားရာတွင်၊ လှန်ဆုတ်၍ ကျိုးပဲ့ကျော့မိဖမ်းဆီးခြင်းသို့ ရောက်မည်အကြောင်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် သူတို့၌ ပညတ်တခု ပေါ်မှာတခု၊ တခုပေါ်မှာတခု၊ တနည်းပေါ်မှာတနည်း၊ တနည်းပေါ်မှာတနည်း၊ သည်ဘက်မှာ အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ် ဖြစ်ရလိမ့်မည်။


သေမင်းနှင့်မိဿဟာယဖွဲ့
CROSS REFERENCES






၁၄ သို့ဖြစ်၍၊ ဆဲရေးတတ်သော ယေရုရှလင်မြို့သား အကြီးအကြပ်တို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့။ ၁၅ သင်တို့က၊ ငါတို့သည် သေမင်းနှင့် မိဿဟာယဖွဲ့ကြပြီ။ မရဏာနိုင်ငံနှင့် အ​ကျွမ်းဝင်ကြပြီ။ လွှမ်းမိုးသောဘေးသည်ချင်းနင်းသောအခါ၊ ငါတို့ရှိရာသို့မရောက်ရ။ ငါတို့သည် မုသာကို ကိုးစားကြ၏။ လှည့်စားခြင်း အောက်၌ ပုန်းကွယ်၍နေကြ၏၊ ဟုဆိုတတ်သောကြောင့်၊ ၁၆ အရှင်ထာဝရဘုရားက စုံစမ်းသော အမြစ်ကျောက်တည်းဟူသော၊ မလှုပ်နိုင်အောင်မြဲမြံသော တိုက်ထောင့် အမြစ်ကျောက်မြတ်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ပြေးရသော အကြောင်းမရှိ။ [A] ၁၇ တရားမှုကို ဆုံးဖြတ်ခြင်း၊ ​ဖြောင့်မတ်စွာ စီရင်ခြင်းကို မျဉ်းကြိုးနှင့် မှန်ထုပ်အားဖြင့် ငါပြုမည်။ မိုးသီးရွာ၍ ကိုးစားရာ မုသာကို ပယ်ရှားလိမ့်မည်။ ပုန်းကွယ်ရာ အရပ်ကိုလည်း ရေလွှမ်းမိုးလိမ့်မည်။ ၁၈ သင်တို့သည် သေမင်းနှင့် ဖွဲ့သော မိဿဟာယ ပျက်လိမ့်မည်။ မရဏာနိုင်ငံနှင့် အ​ကျွမ်းဝင်ခြင်းသည် အထမမြောက်ရ။ လွှမ်းမိုးသော ဘေးသည် ချင်းနှင်းသောအခါ၊ သင်တို့ကိုလည်း ကျော်နင်းလိမ့်မည်။ ၁၉ ချင်းနင်းစဉ်တွင် ပါသွားလိမ့်မည်။ နံနက်အချိန် ရောက်မြဲအစဉ်အတိုင်း၊ နေ့ညမပြတ်ချင်း နင်းသည်ဖြစ်၍၊ သိတင်းကြားကာမျှအားဖြင့် ထိန်လန့်ခြင်း အကြောင်းရှိလိမ့်မည်။ ၂၀ ခုတင်သည် ကိုယ်မဆန့်လောက်အောင် တို၏။ စောင်သည်လည်း မခြုံလောက်အောင် ငယ်၏။ ၂၁ ထာဝရဘုရားသည် အမှုတော်တည်းဟူသော၊ ထူးခြားသော အမှုတော်ကို ပြုခြင်းငှါ၎င်း၊ အလုပ်တော်တည်းဟူသော၊ လုပ်မြဲမဟုတ်သော အလုပ်တော်ကို လက်စသတ်ခြင်းငှါ၎င်း၊ ပေရဇိမ်တောင်ပေါ်မှ ပြုသကဲ့သို့ ထတော်မူမည်။ ဂိဗောင်ချိုင့်ထဲမှာ ရှိသကဲ့သို့ အမျက်ထွက်တော်မူမည်။ ၂၂ ယခုမှာ သင်တို့သည်သာ၍ ပြင်းစွာသော ဆုံးမခြင်းနှင့် လွှတ်မည်အကြောင်း၊ နောက်တဖန် ဆဲရေးခြင်းကို မပြုကြနှင့်။ ပြည်တပြည်လုံး၌ အနှံ့အပြား စီရင်ဆုံးဖြတ်သော သုတ်သင် ပယ်ရှင်းခြင်း ရှိလိမ့်မည်၊ ဟုကောင်းကင် ဗိုလ်​ခြေသခင် အရှင်ထာဝရဘုရား ထံတော်၌ ငါကြားရပြီ။

၂၃ ငါပြောသံကိုကြား၍ မှတ်ကြလော့။ ငါ့စကားကို စေ့စေ့ နားထောင် နာယူကြလော့။ ၂၄ လယ်လုပ်သောသူသည် မျိုးစေ့ကို ကြဲခြင်းငှါ၊ မြေကိုဆွလျက်၊ မြေစိုင်ကို ချေလျက် အစဉ် လယ်ထွန်တတ်သလော။ ၂၅ လယ်မျက်နှာကို ညှိပြီးမှ စမုန်နက်မျိုးစေ့၊ ဇီယာမျိုးစေ့ကို ကြဲသည် မဟုတ်လော။ ဂျုံစပါးမျိုးစေ့ကို အတန်းတန်း စိုက်၍၊ မုယောစပါးနှင့် ကောက်စပါး မျိုးစေ့အသီးအသီးတို့ကို သူတို့အရပ်၌ ကြဲသည်မဟုတ်လော။ ၂၆ အကြောင်းမူကား၊ သူ၏ ဘုရားသခင်သည် စီရင်တတ်သော ဥာဏ်ကို ပေးတော်မူ၏။ သူ့ကိုလည်း သွန်သင်တော်မူ၏။ ၂၇ စမုန်နက်မျိုးစေ့ကိုလည်း ပျဉ်ပြားနှင့် မနယ်တတ်။ ဇီယာစေ့ပေါ်၌လည်း လှည်းဘီးကို မလှိမ့်တတ်။ စမုန်နက်စေ့ကို တုတ်နှင့်၎င်း၊ ဇီယာစေ့ကို ကြိမ်လုံးနှင့်၎င်း၊ ရိုက်တတ်၏။ ၂၈ ဂျုံစပါးကိုကား နယ်တတ်၏။ သို့သော်လည်း၊ အစဉ်နယ်တတ်သည်မဟုတ်။ လှည်းဘီးနှင့်မြင်းတို့ကို နှင်သော်လည်း၊ စပါးကို ညက်စေတတ်သည် မဟုတ်။ ၂၉ ထိုအမှုသည်လည်း၊ ကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရား အကြံပေးတော်မူသော အမှုတည်း။ အကြံပေးတော်မူခြင်းသည် အံ့ဩဘွယ်ဖြစ်၏။ ဥာဏ်တော်သည်လည်း ထူးဆန်းပေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.