-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၂၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၂၆


ထာ၀ရဘုရား၌ ခိုလှုံကြလော့

ထိုကာလ၌ ယုဒပြည်မှာ သီချင်းဆိုလတံ့သော စကားဟူမူကား၊ ငါတို့၌ ခိုင်ခံ့သောမြို့ရှိ၏။ ကယ်တင်ခြင်း ကျေးဇူးကိုပြအိုး၊ ရင်တားအရာ၌ စီရင် ခန့်ထားတော်မူလိမ့်မည်။ တံခါးတို့ကို ဖွင့်ကြလော့။ သစ္စာစောင့်၍ ဖြောင့်မတ်သော လူမျိုးဝင်ပါစေ။ စိတ်နှလုံး တည်ကြည်သော သူသည် ကိုယ်တော်၌ ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်း သက်သက် ရှိမည်အကြောင်း စောင့်ရှောက် တော်မူလိမ့်မည်။ ထာဝရဘုရား၌ အစဉ်မြဲ ခိုလှုံကြလော့။ ထာဝရဘုရားသည် နိစ္စထာဝရ ခိုလှုံရာ ဖြစ်တော်မူ၏။ မြင့်သောအရပ်၌ နေသောသူတို့ကို ရှုတ်ချတော်မူ၏။ မြင့်မြတ်သော မြို့ကိုဖြို၍၊ မြေတိုင်အောင် နှိမ့်ချလျက် မြေမှုန့်ထဲမှာ ထားတော်မူ၏။ ကျော်နင်းခြင်းကို ခံရလိမ့်မည်။ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူ တို့သည်၊ ကျော်နင်းကြလိမ့်မည်။


ညအခါ ကိုယ်တော်ကို တောင့်တပါ၏

​ဖြောင့်မတ်သောသူသည် ဖြောင့်သောလမ်း၌ သွားတတ်၏။ အို​ဖြောင့်မတ် တော်မူသောဘုရား၊ ကိုယ်တော်သည်​ဖြောင့်မတ်သောသူ၏ လမ်းခရီးကို ပြင်ဆင်တော်မူ၏။ အိုထာဝရဘုရား၊ အ​ကျွန်ုပ်တို့သည် တရားတော်လမ်း၌ သွားလျက်၊ ကိုယ်တော်ကို မြော်လင့်၍၊ ကိုယ်တော်၏ အမည်ဘွဲ့နာမတော်ကို စိတ်နှလုံး၌ တသလျက်ရှိပါ၏။ ညအခါ အ​ကျွန်ုပ်သည် စိတ်နှလုံးနှင့် ကိုယ်တော်ကို တောင့်တပါ၏။ နံနက်အခါ အ​ကျွန်ုပ်သည် အတွင်းဝိညာဉ်အားဖြင့် ကိုယ်တော်ကို ရှာပါ၏။ မြေပေါ်မှာ အမှုကို စစ်ကြော စီရင်တော်မူသောအခါ၊ လောကီသားတို့သည် တရားကို သင်ကြ၏။


မတရားသောသူ ကျေးဇူးခံသော်လည်း မသင်တတ်

၁၀ မတရားသောသူသည် ကျေးဇူးကိုခံရသော်လည်း၊ တရားကို မသင်တတ်ပါ။ တရားကျင့်ရာပြည်၌ပင် အဓမ္မပြု၍ ထာဝရ ဘုရား၏ ဘုန်းတော်ကို ပမာဏမပြုတတ်ပါ။ ၁၁ အိုထာဝရဘုရား၊ လက်တော်ကို ချီတော်မူသော်လည်း၊ သူတို့သည် မမြင်မမှတ်ကြပါ။ သို့သော်လည်း၊ ကိုယ်တော်၏ လူတို့အဘို့ စိတ်အားကြီး တော်မူကြောင်းကို သူတို့သည်မြင်၍ အရှက်ကွဲ ကြပါလိမ့်မည်။ ကိုယ်တော်၏ ရန်သူတို့ကို မီးလောင်ရပါလိမ့်မည်။


ငြိမ်သက်ခြင်း ပေးတော်မူလိမ့်မည်

၁၂ အိုထာဝရဘုရား၊ ကိုယ်တော်သည် အ​ကျွန်ုပ်တို့အား ငြိမ်သက်ခြင်းကို ပေးတော်မူလိမ့်မည်။ အကြောင်းမူကား၊ အ​ကျွန်ုပ်တို့၏ အမှုရှိသမျှတို့ကို အ​ကျွန်ုပ်တို့အဘို့ ပြုတော်မူ၏။ ၁၃ အ​ကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်မှတပါး အခြားသော သခင်တို့သည် အ​ကျွန်ုပ်တို့ကို အစိုးရကြပါပြီ။ ယခုမူကား၊ ကိုယ်တော်အားဖြင့်သာ၊ နာမတော်ကို ချီးမွမ်းကြပါမည်။ ၁၄ ထိုသခင်တို့သည် သေကြပါပြီ။ တဖန် အသက် မရှင်ရကြပါ။ သင်္ချိုင်းသားဖြစ်၍ ထမြောက်ခြင်း မရှိရကြပါ။ သူတို့ကို ကြည့်ရှုဖျက်ဆီး၍၊ သူတို့၏ အမှတ်မျှ မရှိစေခြင်းငှါ ပယ်ရှင်းတော်မူပြီ။


အကျွန်ုပ်တို့ကို တိုးပွားစေတော်မူပြီ

၁၅ အိုထာဝရဘုရား၊ အ​ကျွန်ုပ်တို့ အမျိုးကို တိုးပွားစေတော်မူပြီ။ အ​ကျွန်ုပ်တို့ အမျိုးကို တိုးပွားစေသဖြင့်၊ ဘုန်းကြီးတော်မူ၏။ ပြည်တော်ကို ပတ်ဝန်းကျင်၌ ကျယ်စေတော်မူပြီ။ ၁၆ အိုထာဝရဘုရား၊ သူတို့သည် ဆင်းရဲခံရသောအခါ၊ ကိုယ်တော်၌ ဆည်းကပ်ကြပါပြီ။ ဆုံးမတော်မူသောအခါ၊ ဆုတောင်း ပဌနာစကားကို သွန်းလောင်းကြပါပြီ။ ၁၇ ကိုယ်ဝန်ဆောင်သော မိန်းမသည် သားဖွားချိန် နီးသောအခါ နာကျင်၍၊ နာကျင်ခြင်း ဝေဒနာကြောင့် အော်ဟစ်သကဲ့သို့၊ ထိုအတူ အိုထာဝရဘုရား၊ အ​ကျွန်ုပ်တို့သည် ရှေ့တော်၌ ဖြစ်ကြပါပြီ။ ၁၈ အ​ကျွန်ုပ်တို့သည် ကိုယ်ဝန်ဆောင်၍ နာကျင်ခြင်း ဝေဒနာကို ခံရသော်လည်း၊ လေကိုဖွားသကဲ့သို့ ဖြစ်ကြပါပြီတကား။ ပြည်သားတို့သည် ကယ်တင်ခြင်းသို့ မရောက်ကြ။ လောကီသားတို့သည် မလဲကြပါ။


လူသေတို့အသက် ရှင်ကြလိမ့်မည်

၁၉ ကိုယ်တော်၏ လူသေတို့သည် အသက်ရှင်ကြပါလိမ့်မည်။ ငါ၏ အသေကောင်တို့သည်လည်း ထမြောက်ကြပါလိမ့်မည်။ မြေမှုန့်၌ နေသောသူတို့၊ နိုး၍ သီချင်းဆိုကြလော့။ အကြောင်းမူကား၊ ကိုယ်တော်၏နှင်းသည် မြက်ပင်တို့ကို ပေါက်စေသော နှင်းကဲ့သို့ဖြစ်၍၊ မြေသည်လည်း မိမိသင်္ချိုင်းသားတို့ကို ထုတ်ဖော်ရပါလိမ့်မည်။ ၂၀ ငါ၏ လူတို့လာကြ။ အတွင်းအခန်းထဲသို့ဝင်၍၊ သင်တို့ ကိုကွယ်ကာသော တံခါးများကို ပိတ်ထားကြ။ အမျက် ကာလလွန်သည်တိုင်အောင် ခဏသာ ပုန်းရှောင်၍ နေကြလော့။ ၂၁ အကြောင်းမူကား၊ ထာဝရဘုရားသည် မြေကြီးသားတို့ကို သူတို့ ဒုစရိုက်ကြောင့် အပြစ်ပေးလိုသောငှါ၊ မိမိအရပ်ဌာနထဲက ထွက်တော်မူ၏။ ထိုအခါ မြေကြီးသည် မိမိ၌ ရှိသောအသွေးကို ဖေါ်ပြရလိမ့်မည်။ မိမိ၌ အသေခံရသော သူတို့ကို နောက်ထဖန် ဝှက်၍ မထားရ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.