-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၂၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၂၅


ထာ၀ရဘုရားကို ချီးမြှောက်မည်
CROSS REFERENCES






အိုထာဝရဘုရား၊ ကိုယ်တော်သည် အ​ကျွန်ုပ်၏ ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို မြှောက်စားပါမည်။ နာမတော်ကို ချီးမွမ်းပါမည်။ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူပြီ။ ရှေးအကြံတော်တို့သည် မရွေ့၊ သစ္စာနှင့် မြဲမြံကြပါ၏။ မြို့ကိုအမှိုက်ပုံ၊ ခိုင်ခံ့သော မြို့ကို ဖြိုဖျက်ရာ ဖြစ်စေတော်မူပြီ။ တ​ကျွန်းတနိုင်ငံသားတို့၏ နေရာ ဘုံဗိမာန်သည် မြို့မဖြစ်၊ နောက်တဖန် မတည်မဆောက် ရမည်အကြောင်း စီရင်တော်မူပြီ။ ထိုကြောင့်၊ အားကြီးသော လူမျိုးသည်၊ ကိုယ်တော်ကို ချီးမွမ်းကြပါလိမ့်မည်။ ကြောက်မက်ဘွယ်သော လူမျိုးတို့၏ နေရာမြို့သည်၊ ကိုယ်တော်ကို ကြောက်ရွံ့ပါလိမ့်မည်။ ကိုယ်တော်သည် ဆင်းရဲသောသူတို့ ခိုလှုံရာ၊ ငတ်မွတ်သောသူ၊ အမှုရောက်သည်ကာလ၌ ခိုလှုံရာ ဖြစ်တော်မူ၏။ ထရံကို တိုက်သော မိုးသက်မုန်တိုင်းကဲ့သို့၊ ကြောက်မက်ဘွယ်သော သူတို့၏ ဒေါသအမျက် ထွက်သောအခါ၊ မိုးသက်မုန်တိုင်း လွတ်ရာ၊ နေရောင် ကွယ်ကာရာ ဖြစ်တော်မူ၏။ သွေ့​ခြောက်သော အရပ်၌ နေအရှိန်ကဲ့သို့၊ တ​ကျွန်းတနိုင်ငံသားတို့၏ အသံဗလံကို ငြိမ်းစေတော်မူလိမ့်မည်။ ထူထပ်သော မိုးတိမ်အားဖြင့် နေအရှိန် ပျောက်သကဲ့သို့၊ ကြောက်မက်ဘွယ်သော သူတို့၏ သီချင်းသံ ပျောက်ရပါလိမ့်မည်။ ကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရားသည်၊ ခဲဘွယ်စားဘွယ်ပွဲ၊ ဟောင်းသော စပျစ်ပွဲတည်းဟူသော၊ ဆူသော ခဲဘွယ်စားဘွယ်၊ ကောင်းမွန်စွာ စစ်သော စပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဘို့၊ ဤတောင်ပေါ်မှာ စီရင်တော်မူလိမ့်မည်။ လူခပ်သိမ်းတို့ကို ဖုံးသော မျက်နှာဖုံးကို၎င်း၊ ခပ်သိမ်းသော လူမျိုးတို့ကို ဖုံးလွှမ်းသော တင်းတိမ်ကို၎င်း၊ ဤတောင်ပေါ်မှာ ပယ်တော်မူလိမ့်မည်။ သေခြင်းကိုလည်း နစ်မွန်ဆုံးရှုံး စေတော်မူလိမ့်မည်။ [A] အရှင် ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။ ကိုယ်တော်၏ လူတို့သည် ခံရသော ကဲ့ရဲ့ခြင်းကိုလည်း၊ မြေကြီးတပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်၊ ဟုထာဝရဘုရား အမိန့်တော်ရှိ၏။

ထိုကာလ၌ ကြည့်ရှုလော့။ ဤအရှင်ကား၊ ငါတို့မြော်လင့်သော ငါတို့၏ ဘုရားသခင်တည်း။ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်။ ဤအရှင်ကား၊ ငါတို့ မြော်လင့်သော ထာဝရဘုရားတည်း။ ကယ်တင်တော်မူခြင်း ကျေးဇူးကြောင့်၊ ငါတို့သည် ဝမ်းမြောက် ရွှင်လန်းကြကုန်အံ့၊ ဟုဆိုကြလိမ့်မည်။ ၁၀ အကြောင်းမူကား၊ ထာဝရဘုရား၏ လက်တော်သည် ဤတောင်ပေါ်မှာ ငြိမ်းလိမ့်မည်။ ကောက်ရိုးသည် နောက်ချေးရွှံ့ပွက်၌ နှိပ်နင်းခြင်းကို ခံရသကဲ့သို့၊ မောဘပြည်သည် မိမိ၌ နှိပ်နင်းတော်မူခြင်းကို ခံရလိမ့်မည်။ ၁၁ ရေကူးသောသူသည် ရေကူးခြင်းငှါ လက်ကို ဆန့်သကဲ့သို့၊ မောဘပြည်အလယ်၌ လက်တော်ကိုဆန့်၍၊ မောဘ၏ မာနနှင့် လက်သတ္တိကို ချတော်မူလိမ့်မည်။ ၁၂ သင်တို့၏ မြို့ရိုးပြအိုး အထွဋ်ကိုဖြို၍၊ မြေတိုင်အောင် နှိမ့်သဖြင့်၊ မြေမှုန့်ထဲမှာ ချတော်မူ လိမ့်မည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.