-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၂၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၂၄


ဘုရားသခင်က မြေကြီးနှင့် ပြည်သားများ မှောက်လှန်

ကြည့်ရှုလော့၊ ထာဝရဘုရားသည် မြေကြီး(a) ကို လွတ်လပ်စေ၍ ပယ်ရှင်းမှောက်ထားသဖြင့်၊ ပြည်သားတို့ကို ကွဲပြားစေတော်မူ၏။ ထိုအခါ ယဇ်ပုရောဟိတ်သည် ဆင်းရဲသားကဲ့သို့၎င်း၊ သခင်သည် ကျွန်ကဲ့သို့၎င်း၊ သခင်မသည်​ကျွန်မကဲ့သို့၎င်း၊ ရောင်းသောသူသည် ဝယ်သောသူကဲ့သို့၎င်း၊ ကြွေးရှင်သည် ကြွေးတင်သောသူကဲ့သို့၎င်း၊ အတိုးစားသောသူသည် အတိုးပေးသောသူ ကဲ့သို့၎င်း ဖြစ်ရလိမ့်မည်။ တပြည်လုံး လွတ်လပ်၍ ရှင်းရှင်း ပျက်စီးရလိမ့်မည် ဟူသောအရာကို ထာဝရဘုရား မိန့်တော်မူ၏။ မြေကြီးသည် ငြိုငြင်ညှိုးငယ်ခြင်း ရှိ၏။ လောကသည် အားလျော့၍ ညှိုးငယ်ခြင်းရှိ၏။ ဘုန်းကြီးသော ပြည်သားတို့သည် အားလျော့ကြ၏။ ပြည်သားတို့သည် တရားတော်ကို လွန်ကျူးခြင်း၊ အမိန့်တော်ကို ပြောင်းလဲခြင်း၊ ထာဝရ သစ္စာတော်ကို ဖျက်ခြင်း အကြောင်းကြောင့်၊ မြေကြီးသည် ညစ်ညူးခြင်းရှိ၏။ ထိုကြောင့်၊ ကျိန်တော်မူသော အကျိန်သည် မြေကြီးကို လွှမ်းမိုးပြီ။ ပြည်သားတို့အပေါ်မှာ အပြစ်ရောက်လေပြီ။ ထိုကြောင့် ပြည်သားတို့သည် ပူလောင်ကြသဖြင့်၊ ကျန်ကြွင်းသောသူတို့သည် နည်းကြ၏။


ဝမ်းမြောက်သောသူတို့ ငြိမ်းပြီ
CROSS REFERENCES






သစ်သော စပျစ်ရည်သည် ငြိုငြင်လေ၏။ စပျစ်နွယ်ပင်သည်လည်း အားလျော့လေ၏။ စိတ်ရွှင်လန်းသော သူအပေါင်းတို့သည် ညည်းတွားကြ၏။ သာယာသော ပတ်သာအသံငြိမ်းပြီ။ ဝမ်းမြောက်သော သူ၏အသံမရှိ။ သာယာသော စောင်းသံလည်း ငြိမ်းပြီ၊ [A] သီချင်းဆိုလျက် စပျစ်ရည်ကို မသောက်ရကြ။ သေရည်သေရက်ကို သောက်သောသူတို့သည် ပါးစပ်ခါးကြလိမ့်မည်။ ၁၀ လွတ်လပ်သော မြို့သည် ပြိုပျက်လေပြီ။ အဘယ်သူမျှ မဝင်စေခြင်းငှါ၊ အိမ်များကို ပိတ်ထားကြပြီ။ ၁၁ စပျစ်ရည် ပြတ်သောကြောင့် လမ်းခရီးတို့၌ မြည်တမ်းခြင်းရှိ၏။ ဝမ်းမြောက်ခြင်းလည်း အကြွင်းမဲ့ ကွယ်ပြီ။ တပြည်လုံး၌ သာယာသော အသံငြိမ်းပြီ။ ၁၂ ဆိတ်ညံခြင်းသည် မြို့ထဲမှာ ကျန်ရစ်၏။ မြို့တံခါးကိုလည်း ရိုက်ခတ်၍ ဖြိုဖျက်ပြီ။


အကြွင်းအကျန်များက ဘုရားချီးမွမ်းကြမည်

၁၃ ထိုသို့မြေကြီးအလယ်၊ ပြည်သားတို့တွင် ဖြစ်ရသော်လည်း သံလွင်ပင်ကိုလှုပ်၍ အသီးကို ရသကဲ့သို့၎င်း၊ စပျစ်သီးကိုသိမ်း ယူသောနောက်၊ အကြွင်းအကျန်ကို ကောက်ရသကဲ့သို့၎င်း ဖြစ်လိမ့်မည်။ ၁၄ ထိုသူတို့သည် ကြွေးကြော်၍ ရွှင်လန်းစွာ သီချင်း ဆိုကြလိမ့်မည်။ ထာဝရဘုရားကို ချီးမွမ်းသောအသံနှင့် ပင်လယ်တဘက်မှ မြည်ကြလိမ့်မည်။ ၁၅ သို့ဖြစ်၍၊ အရှေ့မျက်နှာအရပ်တို့၌ ထာဝရဘုရားကို၎င်း၊ ပင်လယ်တဘက်တ​ကျွန်းတနိုင်ငံအရပ်တို့၌ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် တည်းဟူသော၊ ထာဝရဘုရား၏ နာမတော်ကို၎င်း ချီးမွမ်းကြလော့၊ ၁၆ သန့်ရှင်းတော်မူသော သူသည် ဘုန်းကြီးတော် မူစေသတည်း၊ ဟုမြေကြီးစွန်းမှ သီချင်းဆိုသံကို ငါတို့သည် ကြားရ၏၊ ငါမူကား အလွန်ဆင်းရဲ၏။ အလွန်ဆင်းရဲ၏။ အမင်္ဂလာရှိ၏။ လုယက်သောသူတို့သည် လုယက်လျက်နေကြ၏။ လုယက်သော သူတို့သည် ကြမ်းတမ်းစွာ လုယက်ကြ၏။


မြေကြီးသည် ယစ်မူးလျက် လဲလိမ့်မည်

၁၇ အိုပြည်သား၊ သင်သည် ကြောက်လန့်ဘွယ်သော အရာမြေတွင်း၊ ကျော့ကွင်းထဲသို့ ရောက်လေပြီ။ ၁၈ ကြောက်လန့်ဘွယ်သော အရာမှ ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်သောသူသည် ကျော့ကွင်း၌ ကျော့မိလိမ့်မည်။ ကောင်းကင်ပြွန်ဝပွင့်လျက်ရှိ၍၊ မြေကြီး အမြစ်လည်း လှုပ်ရှားလေ၏။ ၁၉ မြေကြီးသည် တပြည်လုံး ပြုတ်လေပြီ။ မြေကြီးသည် အကုန်အစင် ပြိုပျက်လေပြီ။ မြေကြီးသည် အလွန်တုန်လှုပ်လျက် ရှိလေ၏။ ၂၀ မြေကြီးသည် ယစ်မူးသော သူကဲ့သို့ တလူးလည်လည်ရှိ၏။ ပုခက်ကဲ့သို့လှုပ်ရှား၏။ မိမိအပြစ်သည် မိမိအပေါ် မှာလေးသဖြင့်၊ မြေကြီးသည် လဲလိမ့်မည်။ နောက်တဖန်မထရ။


ဘုရားသည် ယေရုရှလင်မြို့၌ မင်းပြုမည်
CROSS REFERENCES






၂၁ ထိုကာလ၌ ထာဝရဘုရားသည်၊ မြင့်သောအရပ်၌ မြင့်သော အလုံးအရင်းကို၎င်း၊ မြေပေါ်မှာ မြေကြီး ရှင်ဘုရင်တို့ကို၎င်း၊ ကြည့်ရှု စစ်ကြောတော်မူလိမ့်မည်။ ၂၂ သူတို့သည် တွင်းထဲမှာ တစုတည်းစုဝေး၍ ချည်နှောင်ခြင်း၊ ထောင်ထဲမှာ ချုပ်ထားခြင်းကို ခံလျက် နေရကြလိမ့်မည်။ များစွာသော နေ့ရက်ကာလလွန်ပြီးမှ၊ စစ်ကြောခြင်းကို ခံရကြလိမ့်မည်။ ၂၃ လသည်လည်း မျက်နှာပျက်လိမ့်မည်။ နေသည်လည်း အရှက်ကွဲလိမ့်မည်။ [B] အကြောင်းမူကား၊ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရားသည်၊ ဇိအုန်တောင်ပေါ်မှာ ယေရုရှလင်မြို့၌ မင်းပြု၍၊ အသက်ကြီးသူတို့ရှေ့တွင် ဘုန်းကြီးတော်မူလတံ့။

_________________________
Footnotes


(a) မြန်မာကျမ်းစာအုပ်၌ ပြည်တော် ဟုဘာသာပြန်သော အရာသည်၊ ဟေဗြဲစကား၌ הָאָֽרֶץ׃ (ဟာအားရက်) မြေကြီးဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.