-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၂၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၂၂


ယေရုရှလင်မြို့နှင့်ဆိုင်သော ဗျာဒိတ်တော်

ဗျာဒိတ်ရှုပါရုံချိုင့်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ သင့်တမြို့လုံးသည် အိမ်မိုးပေါ်သို့ တက်ရမည်အကြောင်း၊ အဘယ်အမှု ရောက်သနည်း။ အထက်က အသံဗလံများ၍ အုတ်အုတ်ကျက်ကျက် ပြုတတ်သောမြို့၊ ရွှင်လန်းသောမြို့၊ သင်၏လူသေတို့သည် ဓါးလက်နက်ကြောင့် ဆုံးကြသည်မဟုတ်။ စစ်တိုက်ရာမှာ သေကြသည်မဟုတ်။ သင်၏မင်းအပေါင်းတို့သည် အတူ ပြေးကြ၏။ လေးသမားတို့လက်၌ ချည်နှောင်လျက် ရှိကြ၏။ တွေ့သမျှသော သင်၏လူတို့သည် အဝေးသို့ ပြေးသော်လည်း၊ အတူချည်နှောင်လျက် ရှိကြ၏။ ထို့ကြောင့် ငါဆိုသည်ကား၊ ငါ့ကိုမကြည့်ပါနှင့်။ ပြင်းစွာ ငိုရမည်။ ငါ့အမျိုး သတို့သမီး ပျက်စီး သည်ဖြစ်၍၊ ငါစိတ်ပြေစေခြင်းငှါ မကြိုးစားပါနှင့်။ ကောင်းကင် ဗိုလ်​ခြေ သခင်အရှင် ထာဝရဘုရားသည်၊ ဗျာဒိတ်ရူပါရုံချိုင့်တွင် စီရင်တော်မူသဖြင့်၊ ဒုက္ခခံရာကာလ၊ နှိပ်စက်နှောင့်ရှက်ရာကာလ၊ မြို့ရိုးကိုဖြို၍ တောင်တို့ကို အော်ဟစ်ရာ ကာလသည် ရောက်လေပြီ။ ဧလံအမျိုးသည် မြှားတောင့်ကို ဆောင်လျက်၊ ရထားစီးသူရဲ၊ မြင်းစီးသူရဲတို့နှင့် တကွလာ၏။ ကိရအမျိုးသည် ဒိုင်းလွှားကို ထုတ်လေ၏။ သင်၏ အမြတ်ဆုံးသော ချိုင့်တို့သည် ရထားနှင့် ပြည့်ကြ၏။ မြင်းစီးသူရဲတို့သည် မြို့တံခါးရှေ့မှာ တပ်ချကြ၏။ ယုဒပြည်ကို ဖွင့်လှစ်သည်ဖြစ်၍၊ သင်သည် ထိုအခါ လက်နက်စုံသိုထားရာ၊ တောနန်းတော်သို့ ကြည့်ရှုလိမ့်မည်။ ဒါဝိဒ်၏မြို့ အပြိုအပျက်များသည် ကိုသင်၏ လူတို့သည် မှတ်ရကြလိမ့်မည်။ အောက်ရေကန်မှ ထွက်သော ရေကို စုဝေးစေကြလိမ့်မည်။ ၁၀ ယေရုရှလင်မြို့၌ ရှိသော အိမ်များကို ရေတွက်ကြလိမ့်မည်။ မြို့ရိုးကို ပြုပြင်လိုသောငှါ၊ အိမ်များကို ဖြိုဖျက်ကြလိမ့်မည်။ ၁၁ ရေကန်ဟောင်းမှ ထွက်သော ရေစုဝေးရာကိုလည်း၊ မြို့ရိုးနှစ်ထပ်စပ်ကြားတွင် လုပ်ကြလိမ့်မည်။ သို့ရာတွင်၊ ဤအမှုကို စီရင်တော်မူသော သူကိုသင်တို့သည် မကြည့်မမှတ်တတ်ကြ။ ရှေးက ဖန်ဆင်းတော်မူသော သူကို ပမာဏ မပြုတတ်ကြ။ ၁၂ ထိုကာလ၌ ငိုကြွေးမြည်တမ်းခြင်း၊ ဆံပင်ကို ပယ်ဖြတ်ခြင်း၊ လျော်တေအဝတ်ကို ဝတ်စည်းခြင်း အလိုငှါ၊ ကောင်းကင် ဗိုလ်​ခြေသခင်အရှင် ထာဝရဘုရားသည် နှိုးဆော် တိုက်တွန်းတော်မူသော်လည်း၊ ကြည့်ပါ။ ၁၃ ဝမ်းမြောက် ရွှင်လန်းခြင်းအမှု၊ သိုးနွားများကို သတ်ခြင်း၊ အမဲသားစားခြင်း၊ စပျစ်ရည်သောက်ခြင်း၊ အမှုကိုပြုလျက်၊ ငါတို့သည် စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန် သေရကြမည် [A]၊ ဟုပြောဆိုကြသည်တကား။ ၁၄ ကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရားသည်၊ ငါ့နား၌ ဗျာဒိတ် ပေးတော်မူသည်ကား အကယ်စင်စစ် သင်တို့အပြစ်သည်၊ သင်တို့မသေမချင်း တိုင်အောင် မပြေမရှင်းရ၊ ဟုကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။


နန်းတော်အုပ် ရှေဗနကို ပစ်လိုက်မည်

၁၅ ကောင်းကင် ဗိုလ်​ခြေ သခင် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဘဏ္ဍာတော်စိုး၊ နန်းတော်အုပ် ရှေဗနအိမ်သို့ သွားပြီလျှင်၊ ၁၆ မြင့်သောအရပ်၌ ကိုယ်သင်္ချိုင်းတွင်းကို ထွင်း၍၊ ကိုယ်နေရာကို ကျောက်၌ ထုလုပ်သောသူ၊ သင်သည် ဤအရပ်၌ သင်္ချိုင်းတွင်းကို ကိုယ်အဘို့ ထွင်းစေခြင်းငှါ၊ ဤအရပ်နှင့် အဘယ်သို့ ဆိုင်သနည်း။ ဤအရပ်သားတို့တွင် အဘယ်သူနှင့် ဆိုင်သနည်း။ ၁၇ ထာဝရဘုရားသည် ပြင်းစွာသော နှင်ထုတ်ခြင်းဖြင့် သင့်ကို နှင်ထုတ်တော်မူလိမ့်မည်။ သင့်ကို အမှန်ကိုင်ဖမ်း၍၊ ၁၈ တလိမ့်လိမ့်လှိမ့်လျက်၊ လောက်လွှဲစာကဲ့သို့ ကျယ်သော ပြည်သို့ ပစ်လိုက်တော်မူလိမ့်မည်။ သင်သည် ထိုပြည်၌ သေရလိမ့်မည်။ ထိုပြည်၌လည်း သင်၏ ကြက်သရေ ရထားတို့သည်၊ သင့်အရှင်၏အမျိုး အရှက်ကွဲ စရာဖြစ်ရကြလိမ့်မည်။ ၁၉ ငါသည်လည်း သင်၏အရာကို နှုတ်မည်။ သင်၏နေရာမှ သင့်ကိုချမည်။


ဧလျာကိမ်ကို သော့ပေးမည်

၂၀ ထိုကာလ၌ ငါ့​ကျွန်၊ ဟိလခိ၏သား ဧလျာကိမ်ကို ငါခေါ်၍၊ ၂၁ သင်၏ဝတ်လုံနှင့် ဝတ်ဆင်စေမည်။ သင်၏ခါးစည်းနှင့် ချီးမြှောက်၍၊ သင်၏အစိုးရသော အခွင့်ကို အပ်ပြီးလျှင်၊ သူသည် ယေရုရှလင်မြို့သူ၊ ယုဒအမျိုးသားတို့၏ အဘဖြစ်လိမ့်မည်။ ၂၂ ဒါဝိဒ်မင်းမျိုး၏ တံခါးသော့ကို သူ၏ပခုံးပေါ်မှာ ငါတင်ထားသဖြင့်၊ သူသည် အဘယ်သူမျှ မပိတ်နိုင်အောင် ဖွင့်လိမ့်မည်။ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ်လိမ့်မည်။ [B] ၂၃ မြဲသောအရပ်၌ စွဲသောတံစို့ [C] ကဲ့သို့ သူ့ကို ငါစွဲစေမည်။ ၂၄ သူသည် မိမိအဘ၏ အိမ်၌ ကြက်သရေ ပလ္လင် ဖြစ်လိမ့်မည်။ သူ၏အဘအိမ်၌ ရှိသမျှသော ဘုန်းအသရေ၊ အမျိုးအနွယ်၊ အမြတ်အယုတ်၊ ခွက်ဖလားရှိသမျှအင်တုံ၊ အိုးအမျိုးမျိုးတို့ကို သူ၌ ဆွဲထားကြလိမ့်မည်။ ၂၅ ကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလတွင် မြဲသောအရပ်၌ အရင်စွဲသော တံစို့သည် နေရာမှရွေ့၍၊ ခုတ်လှဲခြင်းကို ခံရလိမ့်မည်။ သူ၌ ဆွဲထားသော ဥစ္စာသည်လည်း၊ ခုတ်ပယ်ခြင်းကို ခံရလိမ့်မည်၊ ဟုထာဝရဘုရား မိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.