ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၂၁
ဗဗုလုန်နှင့် ဆိုင်သော ဗျာဒိတ်တော်
၁ ရေလွှမ်းမိုးသော တောနှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ တောင်လေမုန်တိုင်း တိုက်သကဲ့သို့ ကြောက်မက်ဘွယ်သောပြည်၊ တောကြီးမှလာ၏။ ၂ ကြောက်မက်ဘွယ်သော ရှုပါရုံကို ငါမြင်ရ၏။ လုယူတတ်သော သူသည် လုယူ၏။ ဖျက်ဆီး တတ်သောသူသည် ဖျက်ဆီး၏။ ဧလံပြည်သားတို့၊ တက်သွားကြလော့။ မေဒိပြည်သားတို့၊ မြို့ကို ဝိုင်းထားကြလော့။ ထိုမြို့ကြောင့်၊ သူတပါး ညည်းတွားခြင်း ရှိသမျှကို ငါငြိမ်းစေ၏။ ၃ ထို့ကြောင့်၊ ငါသည် ခါးနာလှ၏။ သားဖွားသော မိန်းမခံရသကဲ့သို့ ဝေဒနာကို ခံရ၏။ နားမကြားနိုင်အောင် ပြင်းထန်စွာ ခံရ၏။ မျက်စိ မမြင်နိုင်အောင် မှိုင်တွေလျက်ရှိ၏။ ၄ ငါ့စိတ်နှလုံးသည် မူးလျက်ရှိ၏။ ကြောက်မက်ဘွယ်သော အရာဖြင့် ငါသည် ထိတ်လန့်လျက်ရှိ၏။ ငါပျော်မွေ့သော ညကိုဘေးနှင့် ပြည့်စုံစေတော်မူ၏။ ၅ စားပွဲကိုပြင်ပြီ။ ကင်းစောင့်ကိုထားပြီ။ စားသောက်လျက် နေကြ၏။ အိုမင်းများတို့ထကြ၊ လွှားကို ဆီလောင်းကြ။ ၆ ကြောင်းမူကား၊ ဘုရားသခင်က သင်သွား၍ ကင်းစောင့်ကိုထားလော့။ မြင်သည် အတိုင်းပြောစေလော့၊ ဟုငါ့အား မိန်တော်မူ၏။ ၇ ကင်းစောင့်လည်း၊ နှစ်စီးစီ နှစ်စီးစီချီလာသော မြင်းတပ်တတပ်၊ မြည်းတပ်တတပ်၊ ကုလားအုပ်တတပ်ကို မြင်၍၊ သတိနှင့် စေ့စေ့ကြည့်ရှုနား ထောင်ပြီးလျှင်၊ ၈ သခင်၊ ကျွန်တော်သည် နေ့အချိန်၌ ကင်းမျှော်စဉ်ပေါ်မှာ အစဉ်ရပ်၍၊ တညလုံး၌ လည်း ကင်းစောင့်နေပါ၏။ ၉ ယခုမှာ နှစ်စီးစီ နှစ်စီးစီ ချီလာသော မြင်းစီးသူရဲတပ်ကို မြင်ပါသည်၊ ဟုခြင်္သေ့ကဲ့သို့ ကြွေးကြော်၏။ သူကလည်း၊ ဗာဗုလုန်မြို့ ပြိုလဲပြီ၊ ပြိုလဲပြီ၊ သူ၏ဘုရား ဆင်းရုပ်တုရှိသမျှတို့သည် မြေပေါ်မှာ ကျိုးပဲ့လျက် ရှိကြပါသည်၊ ဟုထပ်၍ဆိုလေ၏။ ၁၀ ငါနင်း နယ်၍ ငါ့တလင်းပြင်မှ ထွက်သောစပါး၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၊ ဣသရေလ အမျိုး၏ ဘုရားသခင် မိန့်တော်မူသည်ကို ငါကြားရသည်အတိုင်း သင်တို့အား ငါဆင့်ဆိုသတည်း။
ဒုမာပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်
၁၁ ဒုမာပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ အိုကင်းစောင့်၊ ညအမှုကား အဘယ်သို့နည်း။ အိုကင်းစောင့် ညအမှုကား အဘယ် သို့နည်း၊ ဟုစိရတောင်ပေါ်က ငါ့ကိုဟစ်ခေါ်လေ၏။ ၁၂ ကင်းစောင့်ကလည်း နံနက်သည်လာ၏။ ညလည်းလာ၏။ သင်တို့သည် မေးမြန်းလိုလျှင် မေးမြန်းကြ။ ပြန်သွားကြ။ တဖန်လာကြ၊ ဟုဆိုလေ၏။ ၁၃ အာရပ်ပြည်နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ ခရီးသွားသော ဒေဒန်လူစုတို့၊ သင်တို့သည် အာရပ်တောမှာ ညကို လွန်စေကြရမည်။ ၁၄ တေမပြည်သားတို့၊ ရေငတ်သောသူအဘို့ ရေကို ယူခဲ့ကြ၏။ ပြေးသောသူကို မုန့်နှင့် ဆီး၍ကြိုကြသည်။ ၁၅ အကြောင်းမူကား၊ သူတို့သည် ဓါးဘေးမှ၎င်း၊ ထုတ်သောဓါး၊ တင်သောလေး၊ အလွန်ခက်သော စစ်မှုမှ၎င်း ပြေးကြ၏။ ၁၆ ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည်ကား၊ အခစားသော သူရေတွက်သည် အတိုင်း၊ တနှစ်တွင် ကေဒါမြို့၏ဘုန်း အသရေရှိသမျှ ကွယ်ပျောက်၍၊ ၁၇ ကျန်ကြွင်းသော ကေဒါအမျိုးသား၊ လေးစွဲသူရဲတို့သည် အလွန်နည်းကြလိမ့်မည်၊ ဟုဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ၏။