-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၁၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၁၉


အဲဂုတ္တုပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်
CROSS REFERENCES






အဲဂုတ္တုပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့။ ထာဝရဘုရားသည် လျှင်မြန်သောမိုးတိမ်ကိုစီး၍ အဲဂုတ္တုပြည်သို့ကြွတော်မူ၏။ ရှေ့တော်၌ အဲဂုတ္တုပြည်၏ရုပ်တု၊ ဆင်းတုတို့သည် လှုပ်ရှား၍၊ အဲဂုတ္တုပြည်၏ နှလုံးသည် သူ၏အထဲမှာ အရည်ကျိုလျက် ရှိလိမ့်မည်။ [A] အဲဂုတ္တု ပြည်သားတို့သည် အချင်းချင်း တယောက်နှင့်တယောက် ရန်ပြုစေခြင်းငှါ ငါနှိုးဆော်သဖြင့်၊ သူတို့သည် ညီအစ်ကိုချင်း တယောက်နှင့်တယောက်၊ အိမ်နီးချင်း တယောက်နှင့်တယောက်၊ တမြို့နှင့်တမြို့၊ တနိုင်ငံနှင့်တနိုင်ငံစစ် တိုက်ကြလိမ့်မည်။ အဲဂုတ္တုပြည်၏ စိတ်သည် သူ၏အထဲမှာ ပြတ်လိမ့်မည်။ သူ၏အကြံကိုလည်း ငါဖျက်မည်။ သူတို့သည် ရုပ်တုတို့၌၎င်း၊ ပြုစားသောသူတို့၌၎င်း၊ နတ်ဝင်နှင့်စုန်းတို့၌၎င်း၊ ဆည်းကပ်ကြလိမ့်မည်။ အဲဂုတ္တုပြည်သားတို့ကို ကြမ်းကြုတ်သော သခင်တို့လက်သို့ ငါအပ်သဖြင့်၊ ပြင်းထန်သော ရှင်ဘုရင် တပါးသည် အုပ်စိုးလိမ့်မည်၊ ဟုကောင်းကင် ဗိုလ်​ခြေ သခင်အရှင် ထာဝရဘုရား မိန့်တော်မူ၏။ ထိုအခါ ပင်လယ်ရေ ပြတ်လိမ့်မည်။ မြစ်ရေလည်း လျော့၍ ခန်း​ခြောက်လိမ့်မည်။ ချောင်းရေများလည်း ပုပ်ကြလိမ့်မည်။ အဲဂုတ္တုမြစ် လက်ကြားတို့လည်း ရေပြတ်၍ ခမ်း​ခြောက်သဖြင့်၊ ကျူပင်နှင့် ကိုင်းပင်တို့သည် ညှိုးနွမ်းကြလိမ့်မည်။ မြစ်လက်ကြားနားနှင့် ချောင်းဝနားမှာ ပေါက်သော မြက်ပင်အစရှိသော၊ မြစ်နားမှာ စိုက်သမျှတို့သည် ညှိုးနွမ်း ပျက်စီးပပျောက်ကြလိမ့်မည်။ တံငါတို့သည် ညည်းတွား ကြလိမ့်မည်။ မြစ်၌ ငါးများကို ချသမျှသော သူတို့သည် မြည်တမ်း၍ မြေပေါ်မှာ ပိုက်ကွန်ကို ဖြန့်တတ်သော သူတို့သည် စိတ်ပျက်ကြလိမ့်မည်။ ပိုက်ဆံလုပ်သောသူနှင့် စျာမျိုးကိုရက်သော သူတို့သည်လည်း အကျိုးနည်း ရှိကြလိမ့်မည်။ ၁၀ အမှီတကဲတို့သည် ပျက်၍၊ အခစားသော သူအပေါင်းတို့သည် ညှိုးငယ်သော စိတ်ရှိကြလိမ့်မည်။


ဇောနမင်းတို့သည် အရူးဖြစ်ကြပြီ

၁၁ အကယ်စင်စစ် ဇောနမင်းတို့သည် အရူးဖြစ်ကြ၏။ ဖာရောဘုရင်၏ တိုင်ပင် မှူးမတ်တို့သည် မိုက်သောအကြံကို ပေးကြ၏။ ​ကျွန်တော်သည် ပညာရှိအမျိုး၊ ရှေးရှင်ဘုရင်တို့ အနွယ်ဖြစ်ပါသည်၊ ဟုဖာရောဘုရင်အား အဘယ်ကြောင့် လျှောက်ကြသနည်း။ ၁၂ သူတို့သည် အဘယ်မှာ ရှိကြသနည်း။ သင်၏ပညာရှိတို့သည် အဘယ်မှာ ရှိကြသနည်း။ ကောင်းကင် ဗိုလ်​ခြေ အရှင် ထာဝရဘုရားသည်၊ အဲဂုတ္တုပြည် တဘက်၌ အဘယ်သို့ ကြံစည်တော်မူသည်ကို ယခုပြောကြပါစေ။ ဖေါ်ပြကြပါစေ။ ၁၃ ဇောနမင်းတို့သည် အရူးဖြစ်ကြပြီ။ နောဗမင်းတို့သည် မှားယွင်းကြပြီ။ အဲဂုတ္တုပြည်၏ အမျိုးအနွယ်များကို အုပ်သော အကြီးအကဲတို့ကိုလည်း မှားယွင်းစေကြပြီ။ ၁၄ ထာဝရဘုရားသည် အဲဂုတ္တုပြည်၏ အလယ်၌ ယစ်မူးသော သဘောကို ပြင်ဆင်တော်မူသဖြင့်၊ ယစ်မူးသော သူသည် မိမိအန်ဖတ်၌ လဲသကဲ့သို့၊ အဲဂုတ္တုပြည်သားတို့သည် ပြုလေသမျှတို့၌ မှားယွင်းကြပြီ။ ၁၅ အဲဂုတ္တုပြည်၏ ဦးခေါင်းဖြစ်စေ၊ အမြီးဖြစ်စေ၊ စွန်ပလွံလက်ဖြစ်စေ၊ ကိုင်းပင်ဖြစ်စေ၊ ပြီးစီးနိုင်သော အမှုအလျှင်း မရှိရ။


ထာ၀ရဘုရား လက်တော်ကြောက်ကြမည်
CROSS REFERENCES






၁၆ ထိုကာလ၌ အဲဂုတ္တုလူတို့သည် မိန်းမကဲ့သို့ဖြစ်၍ ကောင်းကင် ဗိုလ်​ခြေ အရှင် ထာဝရဘုရားသည် သူတို့အပေါ်မှာ လက်တော်ကို လှုပ်ရှားတော်မူသောကြောင့်၊ ကြောက်လန့် တုန်လှုပ်ကြလိမ့်မည်။ [A] ၁၇ ကောင်းကင် ဗိုလ်​ခြေ အရှင် ထာဝရဘုရားသည် အဲဂုတ္တုပြည်တဘက်၌ ကြံစည်တော်မူသော အကြံအစည်ကြောင့်၊ ယုဒပြည်သည်လည်း အဲဂုတ္တုပြည်၌ ကြောက်မက်ဖွယ် ဖြစ်လိမ့်မည်။ ယုဒပြည်ဟူ၍ ပြောကာမျှနှင့် လူတိုင်း ကြောက်ရွံ့ ကြလိမ့်မည်။


အဲဂုတ္တုလူများ ထာ၀ရဘုရား ကိုးကွယ်ကြမည်

၁၈ ထိုကာလ၌ အဲဂုတ္တုပြည်တွင် မြို့ငါးမြို့တို့သည် ခါနာန်ဘာသာ စကားကိုပြော၍၊ ကောင်းကင်ဗိုလ်​ခြေ အရှင် ထာဝရဘုရား၏ သစ္စာတော်ကို ခံကြလိမ့်မည်။ ထိုမြို့တို့တွင်၊ တမြို့ကို သူရိယာမြို့ဟူ၍ ခေါ်ဝေါ်ကြလိမ့်မည်။ ၁၉ ထိုကာလ၌ အဲဂုတ္တုပြည် အလယ်တွင်၊ ထာဝရဘုရားကို ပူဇော်ရာ ယဇ်ပလ္လင်ရှိလိမ့်မည်။ ပြည်စွန်းနားတွင်လည်း ထာဝရဘုရားအဘို့ မှတ်တိုင်ရှိလိမ့်မည်။ ၂၀ ထိုမှတ်တိုင်သည် အဲဂုတ္တုပြည်တွင် နိမိတ်လက္ခဏာ ဖြစ်လိမ့်မည်။ ကောင်းကင် ဗိုလ်​ခြေ အရှင် ထာဝရဘုရား၏ သက်သေလည်း ဖြစ်လိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ညှဉ်းဆဲခြင်းကို ခံရသောကြောင့်၊ ထာဝရဘုရားကို အော်ဟစ် ကြသည်ရှိသော်၊ ကယ်တင်သော အရှင်၊ အမှုစောင့်သခင်ကို သူတို့ရှိရာသို့ စေလွှတ်တော်မူ၍၊ ထိုသခင်သည် ကယ်တင်တော်မူ၏။ ၂၁ အဲဂုတ္တုပြည်တွင် ထာဝရဘုရားကို သိရကြသည်ဖြစ်၍၊ ထိုကာလ၌ အဲဂုတ္တုလူတို့သည် ထာဝရဘုရားကို သိသောကြောင့်၊ ပူဇော်သက္ကာ အလှူဒါနကို ဆက်ကပ်၍ ဝတ်ပြုကြလိမ့်မည်။ ထာဝရဘုရား ရှေ့တော်၌ သစ္စာဂတိထား၍၊ ထားသည်အတိုင်း ပြုကြလိမ့်မည်။ ၂၂ ထာဝရဘုရားသည်လည်း အဲဂုတ္တုပြည်ကို ဒဏ်ခတ်၍၊ ခတ်ပြီးသော ဒဏ်ရာကို ပျောက်စေတော်မူမည်။ သူတို့သည်လည်း၊ ထာဝရဘုရား ထံတော်သို့ ပြောင်းလဲ ကြသည်ကာလ၊ သူတို့ တောင်းပန်ခြင်းကို နားထောင်၍ ဒဏ်ရာကို ပျောက်စေတော်မူမည်။


အဲဂုတ္တုပြည် အာရှုရိပြည်ညီညွတ်၍ ဘုရားကိုးကွယ်မည်

၂၃ ထိုကာလ၌ အဲဂုတ္တုပြည်မှသည် အာရှုရိပြည်တိုင်အောင်၊ လမ်းတွင်လိမ့်မည်။ အာရှုရိလူသည် အဲဂုတ္တုပြည်သို့၎င်း၊ အဲဂုတ္တုလူသည်၊ အာရှုရိပြည်သို့၎င်း သွားလာ၍ အဲဂုတ္တုလူနှင့် အာရှုရိလူတို့သည် တညီတညွတ်တည်း ဝတ်ပြုကြလိမ့်မည်။ ၂၄ ထိုကာလ၌ ဣသရေလ အမျိုးသည် အဲဂုတ္တုအမျိုးနှင့်၎င်း၊ အာရှုရိအမျိုးနှင့်၎င်း ပေါင်း၍၊ တတိယ အမျိုးတည်းဟူသော မြေကြီးအလယ်၌ မင်္ဂလာပြုသော အမျိုးဖြစ်လိမ့်မည်။ ၂၅ ကောင်းကင်ဗိုလ်​ခြေ အရှင် ထာဝရဘုရားကလည်း၊ ငါ၏လူ အဲဂုတ္တုအမျိုး၊ ငါပြုပြင်သော အာရှုရိအမျိုး၊ ငါ၏ အမွေဥစ္စာဖြစ်သော ဣသရေလ အမျိုးသည် မင်္ဂလာရှိစေသတည်း၊ ဟုကောင်းကြီး ပေးတော်မူလိမ့်မည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.