-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၁၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၁၄


ဣသရေလအမျိုးကိုနေရင်းပြည်၌ နေရာချမည်

အကြောင်းမူကား၊ ထာဝရဘုရားသည်ယာကုပ်အမျိုးကိုသနား၍၊ ဣသရေလအမျိုးကိုတဖန်ရွေးကောက်သဖြင့်၊ သူတို့ကို နေရင်းပြည်၌ နေရာချတော်မူလိမ့်မည်။ တ​ကျွန်းတနိုင်ငံသားတို့သည်သူတို့နှင့်ပေါင်းဖေါ်၍၊ ယာကုပ်အမျိုး၌ ဆည်းကပ်ကြလိမ့်မည်။ တပါးအမျိုးသားတို့သည်သူတို့ကိုနေရင်းအရပ်သို့ပို့ဆောင်ကြလိမ့်မည်။ ဣသရေလအမျိုးသားတို့သည်တပါးအမျိုး သားတို့ကိုထာဝရဘုရား၏ပြည်တော်တွင်၊ ​ကျွန်နှင့်​ကျွန်မအရာ၌ ထား၍စေစားကြလိမ့်မည်။ အထက်ကသိမ်းသွားဘူးသောသူတို့ကိုတဖန်သိမ်းယူခဲ့လိမ့်မည်။ ညှဉ်းဆဲဘူးသောသူတို့ကိုလည်းအုပ်စိုးကြလိမ့်မည်။


ဗာဗုလုန်ရှုံးခြင်းနှင့်ပတ်သက်၍ဆိုမည့်စကား

ထိုအခါထာဝရဘုရားသည်သင့်ကိုငြိုငြင်ခြင်း၊ စိုးရိမ်ခြင်း၊ သူတပါးစေစား၍ဆင်းရဲစွာအစေ​ကျွန်ခံရခြင်းထဲကနှုတ်၍၊ ချမ်းသားပေးတော်မူလျှင်၊ သင်သည်ဗာဗုလုန်ရှင်ဘုရင်ကိုရည်ဆောင်၍၊ ပုံစကားကိုဤသို့မြွက်ဆိုလိမ့်မည်၊ အစိုးတရပြုသောသူသည်ဆုံးလေပြီတကား။ ရွှေမြို့တော်သည်ဆုံးလေပြီတကား။ လူသတ္တဝါတို့ကိုအမျက်ထွက်၍၊ အစဉ်မပြတ်ရိုက်ခြင်း၊ အတိုင်းတိုင်းအပြည်ပြည်တို့ကိုမာနစိတ်နှင့်အုပ်စိုး၍၊ အစဉ်မပြတ်ညှဉ်းဆဲခြင်းကိုပြုသောအဓမ္မလူတို့၏တောင်ဝှေးကို ၎င်း၊ ထိုသို့အစိုးရသောသူတို့၏ရာဇလှံတံကို၎င်း၊ ထာဝရဘုရားချိုးတော်မူပြီ။ မြေတပြင်လုံးသည်ငြိမ်ဝပ်ချမ်း သာခြင်းရှိ၏။ ရွှင်လန်းစွာသီချင်းဆိုသံနှင့်ကြွေးကြော်ကြ၏။ ထင်းရှူးပင်နှင့်လေဗနုန်အာရဇ်ပင်တို့က၊ သင်သည်လှဲပြီးနောက်၊ ငါတို့ကိုခုတ်လှဲသောသူသည်မတက်မလာရဟုသင့်ကိုရည်ဆောင်၍ဝမ်းမြောက်ကြ၏။ သင်သည်ရောက်လာသော အခါ၊ အောက်အရပ်၊ မရဏာနိုင်ငံသည်ကြိုဆိုအံ့သောငှါလှုပ်လေ၏။ သင်္ချိုင်းသားများနှင့်လောကီမင်းများအပေါင်းတို့ကိုသင့်အတွက်ကြောင့်နှိုးဆော်လေ၏။ အတိုင်းတိုင်းအပြည်ပြည်သောရှင်ဘုရင်အပေါင်းတို့ကို၊ ရာဇပုလ္လင်တို့မှထစေ၏။ ၁၀ ထိုသူအပေါင်းတို့က၊ သင်သည်လည်းငါတို့ကဲ့သို့အားနည်းပါသည်တကား။ ငါတို့နှင့်တူပါသည်တကား။ ၁၁ သင်၏ဘုန်းသရေ နှင့်သင်၏တူရိယာမျိုးအသံဗလံတို့ကိုမရဏာနိုင်ငံတွင်ရှုတ်ချလေပြီတကား။ သင့်အောက်၌ ပိုးကောင်များကိုခင်းလျက်၊ သင့်အပေါ် ၌ တီကောင်များကိုခြုံလျက်ရှိပါသည်တကား ၊ ဟုသင့်ကိုနှုတ်ဆက်၍ပြောဆိုကြလိမ့်မည်။


ကောင်းကင်တမန်မှစာတန်ဖြစ်ခြင်းအစ
CROSS REFERENCES






၁၂ အိုနံနက်သား၊ မိုးသောက်ကြယ်၊ [A] (a) သင်သည်ကောင်းကင်ကကျလေပြီတကား။ အပြည်ပြည်တို့ကိုနှိပ်စက်သောသင်သည်၊ မြေတိုင်အောင်ခုတ်လှဲခြင်းကိုခံရလေပြီတကား။ ၁၃ သင်ကလည်း၊ ကောင်းကင်ပေါ်သို့ငါတက်မည်။ ဘုရားသခင်၏ကြယ်တို့အပေါ်မှာငါ့ပလ္လင်ကိုငါချီးမြှောက်မည်။ မြောက်မျက်နှာဘက်ဗျာဒိတ်တော်တောင်ပေါ်မှာငါထိုင်မည်။ ၁၄ မိုးတိမ်ထိပ်ပေါ်သို့ငါတက်မည်။ အမြင့်ဆုံးသောဘုရားကဲ့သို့ငါနေမည်ဟုစိတ်အကြံရှိလေပြီ။ ၁၅ သို့သော် လည်း၊ သင်သည်မရဏာနိုင်ငံ၊ သင်္ချိုင်းတွင်းထဲသို့နှိမ့်ချခြင်းကိုခံရလေပြီ။ ၁၆ သင့်ကိုမြင်သောသူတို့သည်စေ့စေ့ကြည့်ရှု၍ ဆင်ခြင်ပြီးလျှင်၊ မြေကြီးကိုတုန်လှုပ်စေ၍၊ တိုင်းနိုင်ငံများကိုလှုပ်ချောက်သောသူတို့ကားဤသူလော။ ၁၇ လောကီနိုင်ငံကိုတောကဲ့သို့ဖြစ်စေ၍၊ မြို့များကိုဖျက်ဆီးသောသူအချုပ်ခံရသောသူတို့ကို မိမိနေရာသို့တဖန်မလွှတ်သောသူကားဤသူလော။ ၁၈ အပြည်ပြည်သောရှင်ဘုရင်အပေါင်းတို့သည်အသီးအသီးမိမိတို့စေတီ၌ ဘုန်းအသေရေနှင့်အိပ်ကြ၏။ ၁၉ သင့်ကိုမူကား၊ ရွံရှာဘွယ်သောသစ်ခက်ကဲ့သို့သင်္ချိုင်းထဲကထုတ်ပစ်ရ၏။ ကွပ်မျက်သောသူ၊ ဓါးဖြင့်ထိုးသောသူ၊ သင်္ချိုင်းအတွင်း၌ ကျောက်စုထဲသို့ချသောသူများနှင့်ဖုံးအုပ်လျက်၊ ​ခြေဖြင့်ကျော်နင်းသောအသေကောင်ဖြစ်လေ၏။ ၂၀ သူတပါးတို့နှင့်ရော နှော၍သင်္ဂြိုလ်ခြင်းကိုမခံရ။ အကြောင်းမူကား၊ မိမိပြည်ကိုဖျက်ဆီးပြီ။ မိမိအမျိုးသားချင်းတို့ကိုသတ်လေပြီ။ အဓမ္မပြုသောသူတို့၏အနွယ်သည်ဂုဏ်အသရေအလျှင်းမရှိရဟုပြောဆိုကြလိမ့်မည်။ ၂၁ သူ၏သားမြေးတို့သည်မထ၊ မြေကြီးကိုမပိုင်၊ မြေတပြင်လုံးတွင်ရန်သူများကိုမနှိုးဆော်နိုင်မည်အကြောင်း၊ သူတို့အဘို့ ဘိုးဘေးတို့၏အပြစ်ကြောင့်ကွပ်မျက်ခြင်းကိုပြင်ကြလော့။ ၂၂ ကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား။ ငါသည်သူတို့တဘက်၌ ထ၍ဗာဗုလုန်မြို့၏နာမနှင့်အကြွင်း အကျန်ကို၎င်း၊ သားမြေးတို့ကို၎င်း၊ ပယ်ဖြတ်မည်ဟုထာဝရဘုရားမိန့်တော်မူ၏။ ၂၃ တဖန်လည်း၊ ငါသည်ထိုမြို့ကိုဖြူ ကောင်များနေရာ၊ ရေလွှမ်းမိုးရာအရပ်ဖြစ်စေမည်။ ဖျက်ဆီးခြင်း၏တံမြက်စည်းဖြင့်လှည်းမည်၊ ဟုကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။


အာရှုရိမင်းကိုနှိပ်စက်မည်

၂၄ ကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရားသည်ကြိမ်ဆို၍မိန့်တော်မူသည်ကား၊ ၂၅ ငါ၏မြေပေါ်မှာအာရှုရိမင်းကို ငါနှိပ်စက်မည်။ ငါ၏တောင်ရိုးပေါ်မှာခြေဖြင့်ကျော်နင်းမည်ဟုငါကြံစည်သည်အတိုင်းဖြစ်၍၊ ငါ့စီရင်ချက်လည်းတည်ရလိမ့်မည်။ ထိုအခါသူ၏ထမ်းပိုးကိုသူတပါးအပေါ်ကရွှေ့၍၊ သူတို့ပုခုံးပေါ်မှာတင်သောဝန်ကိုချရသောအခွင့်ရှိလိမ့်မည်။ ၂၆ မြေတပြင်လုံးတွင်ထိုသို့ကြံစည်တော်မူ၏။ ခပ်သိမ်းသောပြည်တို့အပေါ်မှာထိုသို့လက်တော်ကိုဆန့်လျက်ရှိ၏။ ၂၇ ကောင်းကင်ဗိုလ်​ခြေအရှင်ထာဝရဘုရား၏အကြံတော်ကိုအဘယ်သူဖျက်လိမ့်မည်နည်း။ ဆန့်တော်မူသောလက်တော်ကိုအဘယ်သူလှန်လိမ့်မည်နည်း။


ဖိလိတ္တိပြည်နှင့်ပတ်သက်၍

၂၈ အာခတ်မင်းကြီးအနိစ္စရောက်သောနှစ်တွင်ခံရသောဗျာဒိတ်တော်ဟူမူကား၊ ၂၉ အိုဖိလိတ္တိပြည်လုံး၊ သင့်ကိုရိုက်သောကြိမ်လုံးကျိုးသည်ကိုထောက်၍၊ ဝမ်းမမြောက်နှင့်။ ထိုမြွေအမျိုးထဲကမြွေဆိုးပေါက်လိမ့်မည်။ သူ၏အနွယ်သည်လည်းပျံတတ်သောမီးမြွေဖြစ်လိမ့်မည်။ ၃၀ အတိုင်းထက်အလွန်ဆင်းရဲသောသူတို့သည်စားရကြလိမ့်မည်။ ဆင်းရဲငြိုငြင်သောသူတို့သည်ဘေးလွတ်လျက်အိပ်ရကြလိမ့်မည်။ ငါသည်သင်၏အမြစ်ကိုသွေ့​ခြောက်ခြင်းအားဖြင့်သတ်၍၊ သင်၏အကြွင်းကိုလည်း မြွေဆိုးသည်ကွပ်မျက်လိမ့်မည်။ ၃၁ အိုတံခါး၊ ညည်းတွားလော့။ အိုမြို့၊ ငိုကြွေးမြည်တမ်းလော့။ အိုဖိလိတ္တိပြည်လုံး၊ သင်သည်မှိုင်တွေလျက်ရှိ၏။ မြောက်မျက်နှာမှမီးခိုးထွက်လာ၏။ ထိုအလုံးအရင်း၌ တယောက်တခြားစီနေသောသူမရှိ။ ၃၂ တပြည်တနိုင်ငံမှရောက်လာသောသံတမန်တို့အား၊ အဘယ်သို့ပြန်ပြောရမည်နည်းဟူမူကား၊ ထာဝရဘုရားသည်ဇိအုန်မြို့ကိုတည် ထောင်မူတော်သည်ဖြစ်၍၊ ကိုယ်တော်၏ဆင်းရဲသားတို့သည်ထိုမြို့၌ ကိုးစားကြ၏။

_________________________
Footnotes


၁၂ (a) မိုးသောက်ကြယ်ဟုအခြားကျမ်းစာအုပ်များ၌ ရေးသောအရာကို၊ အင်္ဂလိပ်ကျမ်းစာအုပ် King James Version ၌ လူစီဖါ Lucifer ဟုရေးထားသည်။ Lucifer ၏အဓိပ္ပါယ်သည်မိုးသောက်ကြယ်ဖြစ်သည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.