-
AA
+
🡀
|
🡂
ဟေရှာယ အနာဂတ္တိ
၁၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေရှာယ အနာဂတ္တိ
အခန်းကြီး ၁၃


ဗာဗုလုန်မြို့ကို မေဒိလူတို့က တိုက်မည်
CROSS REFERENCES





CROSS REFERENCES






ဗာဗုလုန်မြို့ကို ရည်ဆောင်၍ အာမုတ်၏သား ဟေရှာယ ခံရသော ဗျာဒိတ်တော်အချက်ဟူမူကား၊ ရှင်းလင်းသော တောင်ပေါ်မှာ အလံကိုထူကြ။ ကျယ်သောအသံနှင့် အော်ဟစ်ကြ။ လက်ကိုလှုပ်ကြ။ သူတို့သည် မင်းတို့နေရာ တံခါးများကို ဝင်ကြစေ။ ငါသန့်ရှင်းစေသော သူတို့ကို ငါမှာထားပြီ။ ငါပေးသော ဘုန်းအာနုဘော်ကြောင့် ဝမ်းမြောက်သောသူ၊ ငါ၏ သူရဲတို့ကို ငါ့အမျက် ပြေစေခြင်းငှါ ငါခေါပြီ။ ကြီးစွာသော အလုံးအရင်း၏ အသံကဲ့သို့ တောင်တို့အပေါ်မှာ လူများ၏အသံဗလံ၊ စုဝေးသောတိုင်းသူ ပြည်သားများတို့၏ အုတ်အုတ်ကျက်ကျက်သော အသံဗလံရှိသည်နှင့်၊ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရားသည် စစ်တိုက်ခြင်းငှါ၊ အလုံးအရင်းကို စီရင်ခင်းကျင်းတော်မူ၏။ ထာဝရဘုရားနှင့် အတူတကွ အမျက်တော် လက်နက်တို့သည် တပြည်လုံးတို့ကို ဖျက်ဆီးခြင်းငှါ ဝေးသောပြည်၊ ကောင်းကင်စွန်းမှ လာကြ၏။ ထာဝရဘုရား၏ နေ့ရက်သည် နီးသောကြောင့်၊ ငိုကြွေးမြည် တမ်းကြလော့။ အနန္တတန်ခိုးရှင် [A] စီရင်တော်မူသော ဘေးအန္တရာယ်ကဲ့သို့ လာလိမ့်မည်။ ထိုကြောင့်၊ ရှိသမျှသော လက်တို့သည် ကျကြလိမ့်မည်။ လူအပေါင်းတို့၏စိတ်သည် အရည်ပျော်ကုန်၍ [B]ကြောက်လန့်ခြင်းသို့ ရောက်ကြလိမ့်မည်။ နာခြင်းဝေဒနာ အမျိုးမျိုးကို ခံရကြလိမ့်မည်။ သားဖွားသော မိန်းမကဲ့သို့ ဝေဒနာကိုခံရလျက်၊ တယောက်ကို တယောက်ကြည့်ရှု၍ မှိုင်တွေသဖြင့်၊ သူတို့မျက်နှာသည် မီးလျှံအဆင်းရှိလိမ့်မည်။ ထိုပြည်ကိုဖျက်ဆီး၍ အပြစ်ကြီးသော ပြည်သူပြည်သားတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှါ၊ ထာဝရဘုရား၏ ကြမ်းကြုတ်သော နေ့ရက်သည် ပြင်းထန်သော ဒေါသအမျက် ထွက်လျက်လာလိမ့်မည်။ ၁၀ မိုးကောင်းကင် ကြယ်နက္ခတ်တို့သည် အလင်းကိုမပေး။ နေသည်လည်း ထွက်သောအခါ မိုက်လျက်၊ လသည်လည်း မထွန်းမလင်းဘဲ လျက်ရှိလိမ့်မည်။ ၁၁ ထိုလောကီနိုင်ငံ၏ အပြစ်ကို၎င်း၊ မတရားသောသူတို့၏ ဒုစရိုက်များကို၎င်း ငါစစ်ကြောမည်။ မာနကြီးသောသူတို့၏ ထောင်လွှားခြင်းကို ငါနှိပ်စက်၍ ကြမ်းကြုတ်သော သူတို့၏ စော်ကားခြင်းကို ငါနှိမ့်ချမည်။ ၁၂ လူသည် ရွှေစင်ထက် အဘိုးထိုက်မည် အကြောင်း၊ ဆင်းရဲသားသည် ဩဖိရရွှေကျောက်ထက် အဘိုးထိုက်မည်အကြောင်း ငါပြုမည်။ ၁၃ သို့ဖြစ်၍၊ ကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရား၏ ဒေါသအမျက်တော် ပြင်းစွာ ထွက်သောနေ့ရက်၌ မိုးကောင်းကင်ကို ငါလှုပ်ရှားမည်။ မြေကြီးလည်း မိမိနေရာမှ ရွှေ့ရလိမ့်မည်။ ၁၄ ပြည်သားတို့သည် ကြောက်၍ ပြေးသောဒရယ်မ၊ ထိန်းသိမ်းသူမရှိသော သိုးများကဲ့သို့ဖြစ်၍၊ အသီးအသီး မိမိအမျိုးသားချင်းတို့ကို မျက်နှာပြု၍၊ အသီးအသီး မိမိပြည်သို့ ပြေးကြလိမ့်မည်။ ၁၅ တွေ့မိသမျှသော သူတို့ကို လှံနှင့်ထိုးရ၏။ စုဝေးလျက်ရှိသောသူ အပေါင်းတို့လည်း ဓါးဖြင့် ဆုံးကြလိမ့်မည်။ ၁၆ သူတို့သား သမီးများကို သူတို့မျက်မှောက်၌ မြေပေါ်မှာ ဆောင့်ဖွပ်လိမ့်မည်။ သူတို့အိမ်များကို လုယက်၍၊ သူတို့မယားများကို အဓမ္မ ပြုကြလိမ့်မည်။

၁၇ ကြည့်ရှုလော့။ ငွေကိုပမာဏမပြု၊ ရွှေကိုအလိုမရှိသော မေဒိလူများကို သူတို့တဘက်၌ ငါနှိုးဆော်မည်။ ၁၈ သူတို့သည် လူပျိုတို့ကို လေးနှင့် ရိုက်ခတ်ကြလိမ့်မည်။ ကလေးတို့ကို မသနားကြ။ သူတို့မျက်စိသည် သူငယ်တို့ကို မနှမြောရ။ ၁၉ တိုင်းနိုင်ငံတို့၏အထွဋ်၊ ခါလဒဲအမျိုးသားတို့၏ ဘုန်းအသရေဖြစ်သော ဗာဗုလုန်မြို့သည် ဘုရားသခင် ဖျက်ဆီးတော်မူသော သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ ၂၀ ထိုမြို့၌ ကာလအစဉ်၊ လူမျိုးအဆက်ဆက် အဘယ်သူမျှမနေရ။ ထိုမြို့၌ အာရပ်လူသည် တဲကိုမျှ မဆောက်ရ။ သိုးထိန်းတို့သည် သိုးခြံကိုမျှ မလုပ်ရကြ။ ၂၁ တောသားရဲတို့သည် ထိုမြို့၌ အိပ်ကြလိမ့်မည်။ အိမ်တို့သည် မြည်တတ်သော တိရစ္ဆာန်များနှင့် အပြည့်ရှိကြလိမ့်မည်။ ကုလားအုပ်ငှက်တို့လည်း နေရာကျ၍ မျောက်တို့လည်း ကခုန်ကြလိမ့်မည်။ ၂၂ တောခွေးတို့သည်လည်း၊ ဘုံဗိမာန်များ၌ ၎င်း၊ မြေခွေးတို့သည်လည်း၊ ကြက်သရေတိုက်များ၌ ၎င်း၊ အူကြ၊ မြည်ကြလိမ့်မည်။ ထိုသို့သောကာလနီးလှပြီ။ ထိုမြို့၏အသက်တာမရှည်ရ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.