-
AA
+
🡀
|
🡂
ဒေသနာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀
၁၁
၁၂





ဒေသနာကျမ်း
အခန်းကြီး ၈


CROSS REFERENCES





CROSS REFERENCES






အဘယ်သူသည် ပညာရှိသောသူ ကဲ့သို့ဖြစ်သနည်း။ နက်နဲသောအနက်ကို အဘယ်သူ နားလည်သနည်း။ ပညာသည် ပညာရှိသောသူ၏မျက်နှာကို ထွန်းလင်းစေတတ်၏။ ထိုသူ၏ မျက်နှာသည် အထူးသဖြင့် ရဲရင့်သော အဆင်းရှိတတ်၏။ ဘုရားသခင့် ရှေ့တော်၌ ပြုသောသစ္စာကို ထောက်၍၊ ရှင်ဘုရင် အမိန့်တော်ကို စောင့်လော့။ သမ္မာသတိလစ်၍ အထံတော်မှ မထွက်နှင့်။ မကောင်းသောအမှုကို မဆွဲမကိုင်နှင့်။ အလိုတော်ရှိသည်အတိုင်း စီရင်တော်မူမည်။ ရှင်ဘုရင် အမိန့်တော်၌ တန်ခိုးပါ၏။ ကိုယ်တော်သည် အဘယ်သို့ပြုသနည်း၊ ဟုအဘယ်သူဆိုရာသနည်း။ အမိန့်တော်ကို စောင့်သောသူသည် ရာဇဝတ်နှင့် လွတ်လိမ့်မည်။ ပညာရှိသောသူ၏ စိတ်နှလုံးသည်လည်း၊ ကာလအချိန်ကို၎င်း၊ စီရင်ရသောအခွင့်ကို၎င်း သိမြင်တတ်၏။ လူကြံစည်သမျှအဘို့၊ ကာလအချိန်နှင့် စီရင်ရသောအခွင့်ရှိ၏။ သို့သော်လည်း၊ လူသည် အလွန်ဆင်းရဲခြင်းကို ခံရ၏။ နောက်ဖြစ်လတံ့သော အရာကို မသိ။ အဘယ်သို့ ဖြစ်လတံ့သည်ကို တစုံတယောက်မျှ မပြောနိုင်ရာ။ ဝိညာဉ်ကို အစိုးရ၍ ချုပ်ထားနိုင်သော လူတယောက်မျှ မရှိ။ သေချိန်ရောက်သောအခါ တန်ခိုးမရှိ။ ထိုစစ်မှုထဲက ထွက်စရာအခွင့်မရှိ။ ဒုစရိုက်ကိုပြုသော်လည်း၊ ဒုစရိုက်သည် ထိုအမှုထဲက မကယ်မနှုတ်နိုင်။ ဤအမှုအရာအလုံးစုံတို့ကို ငါတွေ့မြင်ပြီ။ နေအောက်မှာ ပြုလေသမျှတို့ကို ဆင်ခြင်ပြီ။ မိမိအကျိုးပျက်အောင် တယောက်ကို တယောက် အုပ်စိုးသောအချိန်လည်း ရှိ၏။ ၁၀ ထိုမှတပါး၊ သန့်ရှင်းရာအရပ် ဌာနတော်သို့ သွားလာသော အဓမ္မလူတို့သည် သင်္ဂြိုလ်ခြင်း ခံရကြောင်းကို၎င်း၊ အဓမ္မပြုဘူးသော မြို့၌ သူတို့ကို အဘယ်သူမျှ မအောက်မေ့ကြောင်းကို၎င်း ငါမြင်ပြီ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ [A] ၁၁ အဓမ္မအမှုကို အလျှင်အမြန် စစ်ကြော၍၊ ဒဏ်မပေးသောကြောင့်၊ လူသားတို့သည် အဓမ္မအမှုကို ပြုခြင်းငှါ၊ ခိုင်မာစွာ သဘောထားကြ၏။ ၁၂ အဓမ္မလူသည် အကြိမ်တရာတိုင်အောင် အဓမ္မအမှုကို ပြု၍၊ အသက်တာ ရှည်သော်လည်း၊ ဘုရားသခင်ကို ကြောက်ရွံသောသူတို့သည် [B] ရှေ့တော်၌ ကြောက်ရွံ့သောကြောင့်၊ ကောင်းသော အကျိုးကို ခံရကြမည်၊ ဟုငါအမှန်သိ၏။ ၁၃ အဓမ္မလူမူကား၊ ဘုရားသခင့် ရှေ့တော်၌ မကြောက်ရွံ့သောကြောင့်၊ ကောင်းသောအကျိုးကို မခံရ။ အရိပ်နှင့်တူသော မိမိအသက်သည်လည်း မရှည်ရ။

၁၄ မြေကြီးပေါ်မှာ ဖြစ်တတ်သော အနတ္ တအမှုတပါးဟူမူကား၊ အဓမ္မလူ ပြုသောအမှုကြောင့် ခံထိုက်သည်အတိုင်း၊ ​ဖြောင့်မတ်သောသူ အချို့တို့သည် အပြစ်ကိုခံရကြ၏။ ထိုနည်းတူ၊ ​ဖြောင့်မတ်သောသူ ပြုသောအမှုကြောင့် ခံထိုက်သည်အတိုင်း၊ အဓမ္မလူအချို့တို့သည် အကျိုးကို ခံရကြ၏။ ထိုအမှုအရာသည်လည်း အနတ္ တဖြစ်သည်၊ ဟုငါ့သဘောရှိ၏။ ၁၅ ထိုအခါပျော်မွေ့ခြင်းအမှုကို ငါချီးမွမ်း၏။ အကြောင်းမူကား၊ လူသည် နေအောက်မှာ စားသောက်ခြင်း၊ ပျော်မွေ့ခြင်း အမှုထက်သာ၍ ကောင်းသောအမှုမရှိ။ နေအောက်မှာ ဘုရားသခင် ပေးသနားတော်မူသော အသက်ကာလ၌၊ ကြိုးစားအားထုတ်၍ ရသောအကျိုးတို့တွင်၊ ထိုအကျိုးကိုသာ အမြဲခံရ၏။ ၁၆ လူအချို့တို့သည် တနေ့နှင့်တညလုံး မအိပ်ဘဲ နေတတ်သည်ဖြစ်၍၊ ပညာတရားကို သိခြင်းငှါ၎င်း၊ မြေကြီးပေါ်မှာ ပြုသောအမှုများကို ကြည့်ရှုခြင်းငှါ၎င်း၊ ငါသည် ကိုယ်နှလုံးကို နှိုးဆော်၏။ ၁၇ ဘုရားသခင် ပြုတော်မူသော အမှုအလုံးစုံတို့ကို ငါကြည့်ရှုသောအခါ၊ နေအောက်မှာ ပြုသောအမှုများကို လူသည် စစ်၍မကုန်နိုင်။ ကြိုးစား၍ စစ်သော်လည်း၊ အကုန်အစင်မသိနိုင်။ ထိုမျှမက၊ ပညာရှိသောသူသည် ငါသိမည်၊ ဟုကြံသော်လည်း၊ အကြံမမြောက်နိုင်ရာ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.