-
AA
+
🡀
|
🡂
ဒေသနာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀
၁၁
၁၂





ဒေသနာကျမ်း
အခန်းကြီး ၇


CROSS REFERENCES






ကောင်းသော အသရေသည် နံ့သာဆီထက်သာ၍ ကောင်း၏။ [A] သေရသောနေ့သည်လည်း ဖွားမြင်သော နေ့ထက်သာ၍ ကောင်း၏။ [B] မသာအိမ်သို့သွားခြင်းသည်၊ ပွဲခံရာအိမ်သို့ သွားခြင်းထက်သာ၍ ကောင်း၏။ အကြောင်းမူကား၊ လူခပ်သိမ်းတို့သည် မသာအိမ်၌ လမ်းဆုံးရကြ၏။ အသက်ရှင်လျက် ရှိသောသူတို့လည်း၊ အသင့်နှလုံး သွင်းမိကြလိမ့်မည်။ ပြုံးရယ်ခြင်းထက် ဝမ်းနည်းခြင်းသည် သာ၍ကောင်း၏။ အကြောင်းမူကား၊ မျက်နှာညှိုးငယ်သော အားဖြင့် နှလုံးသာ၍ ကောင်းတတ်၏။ ပညာရှိသောသူတို့၏ နှလုံးသည် မသာအိမ်၌ရှိ၏။ မိုက်သောသူတို့၏ နှလုံးမူကား၊ ပျော်မွေ့ခြင်းပြုရာ အိမ်၌ရှိ၏။ လူမိုက်သီချင်းဆိုသော စကားကို နားထောင်သည်ထက်၊ ပညာရှိ ဆုံးမသောစကားကို နားထောင်သော်သာ၍ ကောင်း၏။ အကြောင်းမူကား၊ မိုက်သောသူ၏ ရယ်ခြင်းသည် အိုးအောက်၌ ဆူးပင်ကိုလောင်သော အသံနှင့်တူ၏။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ [C]

အကယ်စင်စစ်၊ ညှဉ်းဆဲခြင်းသည် ပညာရှိသောသူကို ရူးစေတတ်၏။ တံစိုးသည်လည်း စိတ်နှလုံးကို ယိုယွင်းစေတတ်၏။ အမှု၏အဆုံးသည် အစထက်သာ၍ကောင်း၏။ သည်းခံတတ်သောသဘော ရှိသောသူသည် မာနကြီးသောသူထက်သာ၍ ကောင်း၏။ အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏စိတ်နှလုံး၌ နေရာကျတတ်၏။ ၁၀ ရှေးကာလသည် ယခုကာလထက် အဘယ်ကြောင့် သာ၍ကောင်းသနည်း၊ ဟုမမေးနှင့်။ ထိုသို့မေးလျှင်၊ ပညာတရားအတိုင်း မေးသည်မဟုတ်။

၁၁ ပညာသည် အမွေဥစ္စာကဲ့သို့ကောင်း၍၊ နေကိုမြင်သောသူတို့အား ကျေးဇူးပြုတတ်၏။ ၁၂ အကြောင်းမူကား၊ ပညာသည် ကွယ်ကာတတ်၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ်သည် အဘယ်သို့ မြတ်သနည်း ဟူမူကား၊ ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ်၏။ ၁၃ ဘုရားသခင်၏ အမှုတော်ကို ဆင်ခြင်လော့။ ကောက်စေတော်မူသောအရာကို အဘယ်သို့ဖြောင့်စေနိုင်သနည်း။ ၁၄ ကောင်းစားသည်ကာလ၌ ဝမ်းမြောက်လော့။ ဆင်းရဲခံရသည်ကာလ၌ ဆင်ခြင်လော့။ လူသည် မိမိနောက်မှာ ဖြစ်လတံ့သော အမှုအရာကို သိမည်အကြောင်း၊ ဘုရားသခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကို အလှည့်လှည့်ပေးတော်မူ၏။
CROSS REFERENCES






၁၅ ငါသည် အချည်းနှီးနေသော ကာလ၌ ခပ်သိမ်းသောအရာတို့ကို တွေ့မြင်ပြီ။ ​ဖြောင့်မတ်သောသူသည် မိမိ​ဖြောင့်မတ်ခြင်း၌ ဆုံးရှုံးကြောင်းကို၎င်း၊ အဓမ္မလူသည် မိမိအဓမ္မအမှု၌ အသက်ရှည်ကြောင်းကို၎င်း၊ ငါမြင်၏။ ၁၆ လွန်ကျူးစွာမ​ဖြောင့်မတ်နှင့်။ လွန်ကျူးစွာပညာမရှိနှင့်။ အဘယ်ကြောင့် ကိုယ့်အကျိုးကို ဖျက်ချင်သနည်း။ ၁၇ လွန်ကျူးစွာ မဆိုးညစ် နှင့်။ မမိုက်နှင့်။ အချိန်မရောက်မှီ အဘယ်ကြောင့် သေချင်သနည်း။ ၁၈ ဤစကားကို စွဲလမ်းကောင်း၏။ လက်မလွှတ်နှင့်။ ဘုရားသခင်ကို ကြောက်ရွံ့သောသူသည် [D] ခပ်သိမ်းသော အမှုထဲက ထွက်မြောက်လိမ့်မည်။ ၁၉ မြို့ထဲမှာနေသောသူ ရဲတကျိပ်ထက် ပညာရှိသောသူ တယောက်သည် ပညာအားဖြင့်သာ၍ တန်ခိုးကြီး၏။ ၂၀ အပြစ်မပါဘဲ ကောင်းသောအကျင့်ကို ကျင့်သောသူတော် ကောင်းတစုံတယောက်မျှ မြေကြီးပေါ်မှာမရှိ။ ၂၁ သူတပါးပြောသမျှသော စကားတို့ကို မမှတ် နှင့်။ သို့ပြုလျှင်၊ ကိုယ်​ကျွန်ကျိန်ဆဲသောစကားကို ကြားလိမ့်မည်။ ၂၂ သင်သည် ကိုယ်တိုင်သူတပါးတို့ကို အဖန်ဖန် ကျိန်ဆဲကြောင်းကို၊ ကိုယ်စိတ်နှလုံးထဲမှာ သိ၏။

၂၃ ဤအမှုအရာအလုံးစုံတို့ကို ငါသည် ပညာတရားအားဖြင့် စုံစမ်းပြီ။ ပညာနှင့်ငါပြည့်စုံမည်၊ ဟုဆိုသော်လည်း၊ ပညာသည် ငါနှင့်ဝေး၏။ ၂၄ ဝေးသောအရာ၊ အလွန်နက်နဲသောအရာကို အဘယ်သူရှာ၍တွေ့နိုင်သနည်း။ ၂၅ ပညာတရားနှင့် အကျိုးအကြောင်းကို ရှာဖွေစစ်ဆေး၍ သိနားလည်ခြင်းငှါ၎င်း၊ မိုက်စွာကျင့်ခြင်း၏ အပြစ်နှင့်ရူးခြင်း၏ အပြစ်ကို သိနားလည်ခြင်းငှါ၎င်း၊ ငါနှင့်ငါ့နှလုံးသည် ဝိုင်းညီ၍ကြိုးစားလေပြီ။ ၂၆ ကျော့ကွင်းနှင့်ပိုက်ကွန်တို့ကို ကြံစည်ပြင် ဆင်၍ ကြိုးနှင့် ချည်နှောင်တတ်သော မိန်းမသည်၊ သေခြင်းထက်သာ၍ ခါးသည်ကိုငါတွေ့ပြီ။ ဘုရားသခင် စိတ်တွေ့တော်မူသော လူသာလျှင်၊ ထိုမိန်းမလက်နှင့် လွတ်လိမ့်မည်။ အပြစ်ပြုတတ်သောသူကိုကား၊ ဖမ်းမိလိမ့်မည်။ ၂၇ ဓမ္မဒေသနာဆရာ ဆိုသည်ကား၊ ငါရှာ၍ မတွေ့သေးသော အရာကို တွေ့အံ့သောငှါ၊ တခုနောက်တခု စစ်ဆေးချင့်တွက်သောအခါ၊ ၂၈ ယောကျ်ားတထောင်တို့တွင် တယောက်ကို ငါတွေ့ပြီ။ မိန်းမတထောင်တို့တွင် တယောက်ကိုမျှ ငါမတွေ့။ ၂၉ ငါတွေ့သောအရာတခုတည်းဟူမူကား၊ ဘုရားသခင်သည် လူကိုဖြောင့်မတ်အောင် ဖန်ဆင်းတော်မူသော်လည်း၊ လူတို့သည်များပြားသော အကြံ အစည်တို့ကို ရှာဖွေကြံစည်ကြပြီ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.