-
AA
+
🡀
|
🡂
ဒေသနာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး
၁၀
၁၁
၁၂





ဒေသနာကျမ်း
အခန်းကြီး ၆


CROSS REFERENCES






လူတို့တွင်အတွေ့များ၍၊ နေအောက်၌ ငါမြင်ရသောအမှုဆိုးဟူမူကား၊ အလိုဆန္ဒရှိသမျှ ပြေလောက်အောင် စည်းစိမ်ဥစ္စာ ဂုဏ်သရေကို ဘုရားသခင် ပေးသော်လည်း၊ ခံစားရသောအခွင့်ကို ပေးတော်မမူသောကြောင့်၊ ကိုယ်တိုင်မခံစားရ။ မဆိုင်သောသူ တပါးဝင်၍ ခံစားရသောအမှုသည် အနတ္တအမှု၊ [A]ဆိုးသောအမှုဖြစ်၏။ လူသည် နှစ်ပေါင်းများစွာ အသက်ရှည်၍၊ သားတရာပင် ရှိငြားသော်လည်း၊ အလိုဆန္ဒမပြည့်စုံဘဲ၊ သင်္ဂြိုလ်ခြင်းကို မခံရဘဲ သေသွားလျှင်၊ ထိုသူထက် ပျက်သော ကိုယ်ဝန်သည် သာ၍မြတ်၏။ အကြောင်းမူကား၊ ပျက်သောကိုယ်ဝန်သည် အချည်းနှီးပေါ်လာ၏။ မှောင်မိုက်ထဲမှာ ထွက်သွား၏။ သူ့အမည်ကား၊ မှောင်မိုက်နှင့် ဖုံးလွှမ်းလျက် ရှိလိမ့်မည်။ နေကိုလည်းမမြင်ရ။ အဘယ်အရာကိုမျှ မသိရ။ သို့သော်လည်း၊ အရင်ဆိုသောသူ ထက်သာ၍ ချမ်းသာရ၏။ အကယ်၍ အရင်ဆိုသောသူသည် အနှစ်နှစ်ထောင် အသက်ရှင်သော်လည်း၊ အကျိုး ကျေးဇူးမရှိ။ အလုံးစုံတို့ကို တခုတည်းသော အရပ်သို့ သွားရကြသည်မဟုတ်လော။
CROSS REFERENCES






လူကြိုးစားအား ထုတ်သမျှတို့၌ ဝမ်းဘို့သာ ကြိုးစား အားထုတ်သော်လည်း၊ စားချင်သော စိတ်မပြေနိုင်။ ပညာရှိသောသူသည် မိုက်သောသူထက် အဘယ်ကျေးဇူးရှိသနည်း။ အသက်ရှင်သောသူ များရှေ့မှာ ကျင့်ကြံပြုမူတတ်သော ဆင်းရဲသား၏ အကျိုးကျေးဇူးကား အဘယ်သို့နည်း။ ကိုယ်တိုင် တွေ့မြင်ခြင်းအကျိုးသည် လောဘပြန့်ပွားခြင်း အကျိုးထက်သာ၍ ကြီး၏။ ထိုအမှုအရာသည် အနတ္တအမှု၊ [A]လေကိုကျက်စားသော အမှုဖြစ်၏။ ၁၀ ရှိသမျှသော အခြင်းအရာများကို မှတ်သားနှင့်ပြီ။ လူ၏ အခြင်းအရာ သက်သက်ဖြစ်သည်ကို သိရ၏။ လူသည် မိမိထက် တန်ခိုးကြီးသောသူနှင့် မပြိုင်နိုင်ရာ။ ၁၁ အနတ္တ တိုးပွားစေရာအကြောင်း များပြားသည်ဖြစ်၍၊ လူသည် အဘယ်ကျေးဇူးရှိသနည်း။ ၁၂ အရိပ်ကဲ့သို့ လွန်တတ်သော အနတ္တ အသက်ကာလပတ်လုံး၊ လူ၌ ကျေးဇူးပြုတတ်သော အရာကို အဘယ်သူသိနိုင်သနည်း။ နေအောက်၌ လူနောက်မှာ ဖြစ်လတံ့သော အမှုအရာတို့ကိုလည်း၊ အဘယ်သူ ပြောနိုင်သနည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.