-
AA
+
🡀
|
🡂
ဝတ်ပြုရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဝတ်ပြုရာကျမ်း
အခန်းကြီး ၈


ယဇ်ပုရောဟိတ် အာရုန်နှင့်သားများ ဆင်မြန်း
CROSS REFERENCES






-၂ တဖန် ထာဝရဘုရားက၊ သင်သည် အာရုန်နှင့် သူ၏သားများ၊ အဝတ်များ၊ လိမ်းရန်ဆီ၊ အပြစ်ဖြေရန် ယဇ်ဖို့ နွားထီး၊ သိုးထီး နှစ်ကောင်၊ တဆေးမဲ့မုန့် တစ်တောင်းကိုယူ၍၊ ပရိသတ် စည်းဝေးရာ တဲတော် တံခါးရှေ့သို့၊ ပရိသတ် အပေါင်းကို စည်းဝေးစေလော့၊ ဟုမောရှေအား မိန့်တော်မူသည်အတိုင်း၊ မောရှေပြု၍၊ ပရိသတ်တို့သည် ပရိသတ်စုဝေးရာ တဲတော်တံခါးရှေ့မှာ စည်းဝေးကြ၏။ မောရှေကလည်း၊ ဤသို့ ထာဝရဘုရား မှာထားတော်မူပြီ၊ ဟုပရိသတ်တို့အား ပြောဆိုလျက်၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ အာရုန်နှင့် သူ၏သားတို့ကို ခေါ်ခဲ့၍ ရေချိုးပြီးလျှင်၊ အာရုန်ကို အင်္ကျီဝတ်စေ၍၊ ခါးပန်းကို စည်းစေလေ၏။ ဝတ်လုံနှင့် သင်တိုင်းကိုလည်း ခြုံစေ၍၊ ထူးဆန်းသော သင်တိုင်းခါးစည်းဖြင့် စည်းလေ၏။ ရင်ဖုံးကိုလည်း ဆင်စေ၍၊ ရင်ဖုံးထဲ၌ ဥရိမ်နှင့် သုမိမ် [A](a) ကို သွင်းထားလေ၏။ သူ၏ခေါင်းပေါ်မှာ ဗောင်းကိုတင်၍၊ သန့်ရှင်းသော ရွှေသင်းကျစ်ပြားကို ဗောင်းရှေ့၌ တပ်လေ၏။ ၁၀ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် လိမ်းရန်ဆီကို ယူ၍၊ တဲတော်နှင့် တဲတော်တန်ဆာ ရှိသမျှကို လိမ်းသဖြင့် သန့်ရှင်းစေ၏။ ၁၁ ထိုဆီကို ယဇ်ပလ္လင်ပေါ်မှာ ခုနစ်ကြိမ်ဖြန်း၍၊ ယဇ်ပလ္လင် တန်ဆာရှိသမျှကို၎င်း၊ အင်တုံနှင့် ခြေထောက်ကို၎င်း၊ သန့်ရှင်းစေခြင်းငှာ လိမ်းလေ၏။ ၁၂ လိမ်းရန်ဆီကို အာရုန်ခေါင်းပေါ်မှာ လောင်း၍ သူ့ကို သန့်ရှင်းစေခြင်းငှာ လိမ်းလေ၏။ ၁၃ အာရုန်၏ သားတို့ကိုလည်း အင်္ကျီဝတ်စေ၍၊ ခါးပန်းကို စည်းစေလျက်၊ ဦးထုတ်ကို ဆောင်စေလေ၏။


အပြစ်ဖြေရာယဇ်ဖို့ နွားထီးပူဇော်

၁၄ ထာဝရဘုရား မှာထားတော် မူသည်အတိုင်း၊ အပြစ်ဖြေရာယဇ်ဖို့ နွားထီးကို ဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည် မိမိတို့လက်ကို နွားခေါင်းပေါ်မှာ တင်ကြ၏။ ၁၅ နွားကိုသတ်၍၊ မောရှေသည် ယဇ်ပလ္လင်ပတ်လည် ဦးချိုတို့၌ အသွေးကို လက်ညှိုးနှင့်ယူ၍ ထည့်သဖြင့်၊ ယဇ်ပလ္လင်ကို စင်ကြယ်စေပြီးမှ၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင်ပေါ်မှာ အပြစ်ဖြေခြင်းကို ပြုမည်အကြောင်း သန့်ရှင်းစေ၏။ ၁၆ အအူကို ဖုံးသောဆီဥရှိသမျှ၊ အသည်းပေါ်၌ ရှိသောအမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥကိုယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ၏။ ၁၇ အရေ၊ အသား၊ ချေးနုနှင့်တကွ၊ နွားကောင်ကို၊ တပ်ပြင်မှာရှို့ရ၏။


သိုးထီးကို မီးရှို့ရာယဇ်ပြု

၁၈ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးရှို့ရာယဇ် ပြုသော သိုးထီးကိုလည်း ဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည်၊ မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ကြ၏။ ၁၉ သိုးကိုသတ်ပြီးလျှင်၊ မောရှေသည် အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းလေ၏။ ၂၀ သိုးကိုလည်း အပိုင်းပိုင်း ဖြတ်ပြီးလျှင်၊ ခေါင်းမှစ၍ သားတစ်များနှင့် ဆီဥကိုမီးရှို့လေ၏။ ၂၁ ၀မ်းထဲ၌ ရှိသောအရာနှင့် ခြေတို့ကို ဆေးကြော၍၊ သိုးတစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့လေ၏။ မွှေးကြိုင်ရာဖို့ မီးရှို့သောယဇ် ဖြစ်သတည်း။ မီးဖြင့် ထာဝရဘုရားအား ပြုသော ပူဇော်သက္ကာ ဖြစ်သတည်း။


အရာ၌ ခန့်ထားရာယဇ်

၂၂ ထာဝရဘုရား မှာထားတော် မူသည်အတိုင်း၊ အခြားသောသိုး၊ အရာ၌ ခန့်ထားရာသိုးကို ဆောင်ခဲ့၍၊ အာရုန်နှင့် သူ၏သားတို့သည် မိမိတို့လက်ကို သိုးခေါင်းပေါ်မှာ တင်ကြ၏။ ၂၃ သိုးကိုသတ်ပြီးမှ၊ မောရှေသည် အသွေးကိုယူ၍ အာရုန်၏ လက်ယာနားပျဉ်၌၎င်း၊ လက်ယာလက်မ၌၎င်း၊ လက်ယာ​ခြေမ၌၎င်း ထည့်လေ၏။ ၂၄ အာရုန်၏ သားတို့ကိုလည်း ခေါ်ခဲ့၍၊ သူတို့ လက်ယာနားပျဉ်း၊ လက်ယာ လက်မ၊ လက်ယာ ခြေမတို့၌ အသွေးကိုထည့်ပြီးမှ၊ ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းလေ၏။ ၂၅ ဆီဥ၊ အမြီး၊ အအူကိုဖုံးသောဆီဥ၊ အသည်းပေါ်၌ ရှိသောအမြှေး၊ ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ကို ဖုံးသောဆီဥ၊ လက်ယာ ပခုံး၊ ၂၆ ထာဝရဘုရား ရှေ့တော်၌ ထားသော တဆေးမဲ့ မုန့်တောင်းထဲက မုန့်တလုံး၊ ဆီနှင့်လုပ်သော မုန့်ပြားတစ်ပြား၊ မုန့်ကြွပ်တစ်ချပ် ကိုယူ၍ မုန့်များကိုဆီဥနှင့် လက်ယာ ပခုံးပေါ်မှာ ထည့်ပြီးလျှင်၊ ၂၇ အာရုန်၏လက်၊ သူ၏သားတို့လက်၌ ထိုအရာတို့ကို ထား၍၊ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသော ပူဇော်သက္ကာ ပြုလေ၏။ ၂၈ ထိုအရာတို့ကို၊ သူတို့လက်မှ ခံယူ၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ် နှင့်အတူ ရှိလေ၏။ မွှေးကြိုင်သော အနံ့ရှိ၍ အရာ၌ ခန့်ထားရာ ယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ ဖြစ်သတည်း။


ချီလွှဲသောပူဇော်သက္ကာ

၂၉ ထိုနောက် မောရှေသည် ရင်ပတ်ကိုယူ၍၊ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသော ပူဇော်သက္ကာ ပြုလေ၏။ အရာ၌ ခန့်ထားရာ သိုး၏ရင်ပတ်သည် မောရှေ၏အဖို့ ဖြစ်သတည်း။ ၃၀ တဖန် ယဇ်ပလ္လင်ပေါ်မှာ ရှိသောအသွေးနှင့် လိမ်းရန်ဆီကိုယူ၍၊ အာရုန်နှင့် သူ၏အဖို့ ဖြစ်သဖြင့်၊ အာရုန်မှစ၍ သားများ၊ အဝတ်များတို့ကို သန့်ရှင်းစေလေ၏။


အာရုန်နှင့်သားများ အရာ၌ ခန့်ရာတွင် တဲတော်၌ တစ်ပတ်နေ

၃၁ မောရှေသည်၊ အာရုန်နှင့် သူ၏သားတို့အားလည်း၊ ထိုသိုး၏ အသားကို ပရိသတ် စည်းဝေးရာ တဲတော်တံခါးနားမှာ ပြုတ်ကြလော့။ ထာဝရဘုရားက၊ အာရုန်နှင့် သူ၏သားတို့သည် ထိုအသားကို စားရကြမည်၊ ဟုငါ့အား မှာထားတော် မူသည်အတိုင်း၊ ထိုအသားကို၎င်း၊ အရာ၌ ခန့်ထားရာ မုန့်တောင်း၌ ရှိသောမုန့်ကို၎င်း၊ ထိုအရပ်၌ စားကြလော့။ ၃၂ ကျန်ကြွင်းသော အသားနှင့် မုန့်ကိုမီးရှို့ရမည်။ ၃၃ သင်တို့ကိုအရာ၌ ခန့်ထားရာ ကာလ ခုနစ်ရက်မစေ့မှီ ပရိသတ် စည်းဝေးရာ တဲတော် တံခါးပြင်သို့ မထွက်ရကြ။ ခုနစ်ရက် ပတ်လုံး အရာ၌ ခန့်ထားခြင်း မင်္ဂလာကို ဆောင်ရကြမည်။ ၃၄ ယနေ့ပြုသည်အတိုင်း သင်တို့အဖို့ အပြစ်​ဖြေခြင်းကို ပြုမည်အကြောင်း ထာဝရဘုရားမှာ ထားတော်မူပြီ။ ၃၅ ထိုကြောင့် သင်တို့သည် သေဘေးနှင့် ကင်းလွတ်ခြင်းငှာ၊ ပရိသတ် စည်းဝေးရာ တဲတော်တံခါးနားမှာ၊ ခုနစ်ရက်ပတ်လုံး နေ့ညမပြတ်နေ၍၊ ထာဝရဘုရား အမှုတော်ကို စောင့်ရကြမည်။ ထိုသို့ ငါ့အားမှာ ထားတော်မူပြီ၊ ဟုဆင့်ဆိုသည်ဖြစ်၍၊ ၃၆ မောရှေအားဖြင့် ထာဝရဘုရား မှာထားတော်မူသမျှအတိုင်း၊ အာရုန်နှင့် သူ၏သားတို့သည် ပြုကြ၏။

_________________________
Footnotes


(a) ဥရိမ်နှင့် သုမိမ်သည် ယဇ်ပုရောဟိတ် ပုရောဟိတ်မင်း၏ ရင်ဖုံး၌ ထား၍ မည်ကဲ့သို့သောအရာ ဖြစ်ကြောင်းကို ကောင်းစွာမသိရချေ။ ထာဝရဘုရားထံ မေးမြန်းရာတွင် အသုံးပြုသော အရာဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.