-
AA
+
🡀
|
🡂
ဝတ်ပြုရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဝတ်ပြုရာကျမ်း
အခန်းကြီး ၇


ဒုစရိုက်​ဖြေသော ယဇ်ပူဇော်ခြင်းတရား

ဒုစရိုက်​ဖြေသော ယဇ်ပူဇော်ခြင်း တရားဟူမူကား၊ အလွန်သန့်ရှင်းပေ၏။ မီးရှို့ရာယဇ်ကောင်ကို သတ်ရာအရပ်၌ ဒုစရိုက်​ဖြေသော ယဇ်ကောင်ကို သတ်၍၊ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။ အမြီးနှင့်တကွ အအူကို ဖုံးသောဆီဥ၊ ခါးအတွင်းနား၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ ရှိသော အမြှေးတည်းဟူသော ဆီဥရှိသမျှကိုယူ၍ ဆက်လျှင်၊ ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍၊ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာ ပြုရမည်။ ဒုစရိုက်​ဖြေရာယဇ် ဖြစ်သတည်း။ အသားကို ယဇ်ပုရောဟိတ် ယောက်ျားအပေါင်းတို့သည်၊ သန့်ရှင်းရာဌာန၌ စားရကြမည်။ အလွန်သန့်ရှင်းပေ၏။ အပြစ်​ဖြေရာယဇ်၊ ဒုစရိုက်​ဖြေရာယဇ်၏ တရားတစ်ပါးတည်း ဖြစ်၍၊ ဒုစရိုက် အပြစ်ဖြေခြင်းကို ပြုသော ယဇ်ပုရောဟိတ်သည် ယူရမည်။


ယဇ်ပုရောဟိတ် ယူရသောအရာများ

လူတစ်စုံတစ်ယောက် ပြုသော မီးရှို့ရာယဇ်ကို ပူဇော်သော ယဇ်ပုရောဟိတ်သည်၊ မိမိပူဇော်သော ယဇ်ကောင်အရေကို ယူရမည်။ မီးဖို၌ ဖုတ်သော ဘောဇဉ် ပူဇော်သက္ကာ၊ အိုးကင်း၊ သံပြားပူနှင့်လုပ်သော အရာရှိသမျှကို ပူဇော်သော ယဇ်ပုရောဟိတ်သည် ယူရမည်။ ၁၀ ဆီထည့်သည်ဖြစ်စေ၊ မထည့်သည်ဖြစ်စေ၊ ဘောဇဉ် ပူဇော်သက္ကာ ရှိသမျှကို အာရုန်၏သား အပေါင်းတို့သည် အညီအမျှ ယူရကြမည်။


မိဿဟာယယဇ်ပူဇော်ခြင်းတရား

၁၁ ထာဝရဘုရားအား ပြုရသော မိဿဟာယယဇ် ပူဇော်ခြင်း တရားဟူမူကား၊ ၁၂ ကျေးဇူးတော် ဝန်ခံဖို့ရာ ပူဇော်လျှင်၊ ကျေးဇူးကို ဝန်ခံရာ ယဇ်နှင့်တကွ ဆီရောသော တဆေးမဲ့မုန့်ပြား၊ ဆီနှင့်လုပ်သော တဆေးမဲ့မုန့်ကြွပ်၊ ဆီရောသော မုန့်ညက်နှင့်လုပ်၍ ကြော်သောမုန့်ပြားတို့ကို ပူဇော်ရမည်။ ၁၃ ထိုမုန့်ပြားမှတပါး၊ မိဿဟာယ ပူဇော်သက္ကာ နှင့်ဆိုင်သော ကျေးဇူးတော် ဝန်ခံရာယဇ်နှင့်တကွ၊ တဆေးပါသော မုန့်ကိုလည်း ပူဇော်ရမည်။ ၁၄ ပူဇော်သက္ကာ ရှိသမျှအထဲက မုန့်တလုံးကို ထာဝရဘုရားအား ချီးမြှောက်သော ပူဇော်သက္ကာပြု၍၊ ထိုမုန့်ကို မိဿဟာယ ယဇ်အသွေးဖြန်းသော ယဇ်ပုရောဟိတ်ယူရမည်။


မိဿဟာယယဇ် နှစ်မျိုး

၁၅ ကျေးဇူးတော် ဝန်ခံဖို့ရာ ပူဇော်သော မိဿဟာယ ယဇ်အသားကို၊ ပူဇော်သော နေ့ခြင်းတွင် စားရမည်။ နံနက်တိုင်အောင် မကြွင်းစေရ။ ၁၆ သို့မဟုတ် သစ္စာပြု၍ ယဇ်ပူဇော်သည်ဖြစ်စေ၊ ကိုယ်အလိုအလျောက် ပူဇော်သည်ဖြစ်စေ၊ ပူဇော်သောနေ့ခြင်းတွင်၊ ယဇ်အသားကိုစား၍ အကြွင်းကိုလည်း နက်ဖြန်နေ့စားရမည်။ ၁၇ ကြွင်းသေးသော အသားကိုလည်း သန်ဘက်နေ့၌ မီးရှို့ရမည်။ ၁၈ မိဿဟာယယဇ် အသားအနည်းငယ်ကို သန်ဘက်နေ့၌ စားမိလျှင် စိတ်တော်နှင့်မတွေ့။ ပူဇော်သောသူသည် အကျိုးကိုမရ။ ရွံရှာဘွယ် ဖြစ်လိမ့်မည်။ စားသောသူသည် ကိုယ်အပြစ်ကို ခံရလိမ့်မည်။ ၁၉ မစင်ကြယ်သောအရာနှင့် ထိမိသော ယဇ်သားကို မစားရ။ မီးရှို့ရမည်။ စင်ကြယ်သော သူတို့သာလျှင် ထိုယဇ်သားကို စားရကြမည်။ ၂၀ ထာဝရဘုရား နှင့်ဆိုင်သော မိဿဟာယ ယဇ်သားကို အကြင်သူသည် မစင်ကြယ်သော အပြစ်ရှိလျက်နှင့် စားမိ၏။ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်။ ၂၁ အကြင်သူသည်လည်း၊ လူ၌ မစင်သောအရာ၊ မစင်သောသား၊ မစင်သော ပိုးရွအစရှိသော မစင်ကြယ်သော အရာတစ်စုံတခုကို ထိမိ၍၊ ထာဝရဘုရားနှင့် ဆိုင်သော မိဿဟာယယဇ် သားကိုစား၏၊ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်၊ ဟုမိန့်တော်မူ၏။


တိရစ္ဆာန်ဆီဥ မစားရ
CROSS REFERENCES






၂၂ တဖန် မောရှေအား ထာဝရဘုရားက၊ ၂၃ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် သိုး၊ ဆိတ်၊ နွားဆီဥကို အလျှင်းမစားရ။ [B] ၂၄ အလိုလိုသေသော တိရစ္ဆာန်ဆီဥ၊ သားရဲသတ်၍ သေသော တိရစ္ဆာန်ဆီဥကို အခြားသို့ သုံးရသော်လည်း အလျှင်းမစားရ။ ၂၅ အကြင်သူသည် ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာ ပြုသော တိရစ္ဆာန်ဆီဥကို စား၏၊ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်။


အသွေး မစားရ

၂၆ သင်တို့သည် နေလေရာရာ၌ ငှက်သွေး၊ သားသွေးမှစ၍ အသွေးမည်မျှကို မစားရ။ ၂၇ အကြင်သူသည် တစ်စုံတခုသော အသွေးကိုစား၏၊ ထိုသူကိုသူ၏ အမျိုးမှ ပယ်ရှင်းရမည်၊ ဟုမိန့်တော်မူ၏။


မိဿဟာယယဇ်နှင့် ပတ်သက်၍

၂၈ တဖန် မောရှေအား ထာဝရဘုရားက၊ ၂၉ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားအား မိဿဟာယယဇ်ကို ပူဇော်သောသူသည်၊ မိမိ ပူဇော်သော ယဇ်အထဲက၊ ထာဝရဘုရားအား ဆက်ဖို့ရာ ဆောင်ခဲ့ရမည်။ ၃၀ ထာဝရဘုရား ရှေ့တော်၌ ရင်ဘတ်ကို ချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာ ပြုစေခြင်းငှာ ရင်ပတ်နှင့် ဆီဥတည်းဟူသော၊ မီးဖြင့် ထာဝရဘုရားအား ပူဇော်သောအရာကို၊ ကိုယ်တိုင် ဆောင်ခဲ့ရမည်။ ၃၁ ယဇ်ပုရောဟိတ်သည်၊ ဆီဥကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍၊ ရင်ပတ်ကို အာရုန်နှင့် သူ၏သားတို့သည် ယူရကြမည်။ ၃၂ မိဿဟာယ ယဇ်ထဲက လက်ယာပခုံးကို ချီးမြှောက်သော ပူဇော်သက္ကာဖို့၊ ယဇ်ပုရောဟိတ်အား ပေးရမည်။ ၃၃ မိဿဟာယ ယဇ်အသွေးနှင့် ဆီဥကို၊ အာရုန်၏ သားတို့တွင် ပူဇော်သောသူသည်၊ လက်ယာပခုံးကို မိမိအဖို့ ယူရမည်။ ၃၄ ဣသရေလ အမျိုးသားတို့ပြုသော မိဿဟာယ ယဇ်များထဲက ချီလွှဲသောရင်ဘတ်၊ ချီးမြှောက်သော ပခုံးကို ငါနှုတ်ဆက်၍၊ ဣသရေလ အမျိုးတို့တွင် ယဇ်ပုရောဟိတ် အာရုန်နှင့် သူ၏သားတို့အား၊ ထာဝရ ပညတ်တော်အားဖြင့် ငါပေးပြီ၊ ဟုမိန့်တော်မူ၏။ ၃၅ ထိုသို့ အာရုန်နှင့် သူ၏သားတို့သည် ထာဝရဘုရား ရှေ့တော်မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည် အကြောင်း၊ သူတို့ကို ခန့်ထားသောနေ့၌ ထာဝရဘုရားအား၊ မီးဖြင့်ပြုသော ပူဇော်သက္ကာများထဲက သူတို့ခံရသောအဖို့ ဖြစ်၏။ ၃၆ ဣသရေလ အမျိုးသားတို့လက်မှ ထိုသို့သော အဖို့ကို ခံရမည်အကြောင်း၊ သူတို့ကို ဘိသိက် ပေးတော်မူသော နေ့၌ ၊ ထာဝရဘုရားမှာ ထားတော်မူ၏။ သူတို့အမျိုး အစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်း။


ယဇ်တရားများ

၃၇ ဤရွေ့ကား၊ ဣသရေလ အမျိုးသားတို့သည်၊ သိနာတော၌ ထာဝရဘုရားအား ပူဇော်သက္ကာ ပြုရမည်အကြောင်း၊ မှာထား တော်မူသောနေ့၌ သိနာတောင်ပေါ်မှာ၊ ထာဝရဘုရားသည် မောရှေအား ပေးတော်မူသော မီးရှို့ရာယဇ်တရား၊ ဘောဇဉ် ပူဇော်သက္ကာတရား၊ အပြစ်ဖြေရာ ယဇ်တရား၊ ဒုစရိုက်​ ဖြေရာယဇ်တရား၊ အရာ၌ ခန့်ထားရာယဇ်တရား၊ ၃၈ မိဿဟာယယဇ်တရား ဖြစ်သတည်း၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.