-
AA
+
🡀
|
🡂
ဝတ်ပြုရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဝတ်ပြုရာကျမ်း
အခန်းကြီး ၆


ဒုစရိုက်​ဖြေရာယဇ်
CROSS REFERENCES






တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ တစ်စုံတစ်ယောက်သောသူသည် သူတပါးအပ်နှံသော ဥစ္စာအတွက်၊ ပေါင်ထားသော ဥစ္စာအတွက်၊ မိမိနှင့် စပ်ဆိုင်သောသူအား မုသာစကားကို ပြောသော်၎င်း၊ သူ့ဥစ္စာကို အနိုင်အထက် ယူသော်၎င်း၊ မိမိနှင့် စပ်ဆိုင်သောသူကို လှည့်စားသော်၎င်း၊ ပျောက်သောဥစ္စာကို တွေ့သောအခါ၊ မုသာစကားကို ပြော၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုသော်၎င်း၊ ထိုသို့သော ဒုစရိုက် တစ်စုံတခုကို ပြု၍ ထာဝရဘုရားကို ပြစ်မှားမိလျှင်၊ ထိုသူသည် ပြစ်မှား၍ အပြစ်ရောက်သောကြောင့်၊ အနိုင်အထက် ယူသောဥစ္စာ၊ လှည့်စား၍ ရသောဥစ္စာ၊ သူတပါး အပ်နှံသောဥစ္စာ၊ ပျောက်၍ တွေ့သောဥစ္စာ၊ မဟုတ်မမှန်ဘဲ ကျိန်ဆို၍ ရသော ဥစ္စာအဖိုး နှင့်တကွ၊ ငါးစုတစ်စုကိုထပ်၍ ဒုစရိုက်ဖြေသော ယဇ်ပူဇော်သောနေ့၌ ဥစ္စာရှင်အား ပြန်ပေးရမည်။ [A] ဒုစရိုက် ဖြေရာယဇ်ကို ပြုခြင်းငှာ ချင့်တွက်သော အလျော်ငွေနှင့်တကွ၊ ဒုစရိုက်​ဖြေရာယဇ်တည်းဟူသော အပြစ်မပါသော သိုးထီးကို၊ ထာဝရ ဘုရားထံတော်၊ ယဇ်ပုရောဟိတ် ရှေ့သို့ ဆောင်ခဲ့ရမည်။ ယဇ်ပုရောဟိတ်သည် ထိုသူအဖို့ ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူပြစ်မှားသမျှသော အပြစ်လွတ်လိမ့်မည်၊ ဟုမိန့်တော်မူ၏။


မီးရှို့ရာယဇ် ပူဇော်ခြင်းတရား

-၉ တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်နှင့် သူ၏သားတို့အား ဆင့်ဆိုရသော မီးရှို့ရာယဇ် ပူဇော်ခြင်းတရားဟူမူကား၊ ယဇ်ကောင်ကို ယဇ်ပလ္လင် ထင်းမီးပေါ်မှာ တစ်ညလုံး နံနက်တိုင်အောင်ရှိစေ၍၊ ယဇ်ပလ္လင်မီးသည် အစဉ်လောင်ရမည်။ ၁၀ ယဇ်ပုရောဟိတ်သည် ပိတ်အင်္ကျီ၊ ပိတ်ဘောင်းဘီကို ဝတ်လျက်၊ ယဇ်ပလ္လင်ပေါ်မှာ ကျွမ်းလောင်သော မီးရှို့ရာယဇ် ပြာကိုကျုံး၍ ပလ္လင်နားမှာ ထားရမည်။ ၁၁ တဖန် အဝတ်ကိုလဲ၍၊ ထိုပြာကို တပ်ပြင်၌ ရှင်းလင်းသော အရပ်သို့ ယူသွားရမည်။ ၁၂ ယဇ်ပလ္လင် မီးသည် မသေဘဲအစဉ် လောင်ရမည်။ ယဇ်ပုရောဟိတ်သည် နံနက်တိုင်း ထင်းမီးထည့်၍၊ ထင်းပေါ်မှာ မီးရှို့ရာယဇ်ကို ခင်းရမည်။ ထိုပလ္လင်ပေါ်မှာလည်း၊ မိဿဟာယယဇ် ဆီဥကို မီးရှို့ရမည်။ ၁၃ ယဇ်ပလ္လင်မီးသည် အလျှင်းမသေဘဲ အစဉ်မပြတ် လောင်ရမည်။


ဘောဇဉ် ပူဇော်သက္ကာ တရား

၁၄ ဘောဇဉ် ပူဇော်သက္ကာ တရားဟူမူကား၊ အာရုန်၏သားတို့သည် ထိုပူဇော်သက္ကာကို ထာဝရဘုရားထံတော်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သောအခါ၊ ၁၅ ဘောဇဉ် ပူဇော်သက္ကာ မုန့်ညက်တလက်ဆွန်း၊ ဆီအချို့၊ လောဗန်ရှိသမျှတည်းဟူသော ပူဇော်သက္ကာ အတွက်အတာကိုယူ၍ ထာဝရဘုရားအား မွှေးကြိုင်စရာဖို့ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ၁၆ ကြွင်းသောအရာတို့ကို၊ အာရုန်နှင့်သူ၏ သားတို့သည် ပရိသတ် စည်းဝေးရာ တဲတော်ဝင်း အတွင်းတွင်၊ သန့်ရှင်းရာဌာန၌ တဆေးမပါဘဲ စားရမည်။ ၁၇ ထိုမုန့်ညက်ကို တဆေးထည့်၍ မုန့်မလုပ်ရ။ မီးဖြင့်ငါ့အား ပြုသော ပူဇော်သက္ကာထဲက ထိုမုန့်ညက်ကို သူတို့အဖို့ ဖြစ်စေခြင်းငှာ ငါပေးပြီ။ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်​ဖြေရာယဇ် ကဲ့သို့ အလွန်သန့်ရှင်းပေ၏။ ၁၈ အာရုန်၏ သားယောက်ျား အပေါင်းတို့သည် စားရကြမည်။ မီးဖြင့် ထာဝရဘုရားအား ပြုသောပူဇော်သက္ကာကို ကိုင်သောသူ အပေါင်းတို့သည် သန့်ရှင်းရကြမည်၊ ဟုသင်တို့အမျိုး အစဉ်အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်း၊ ဟုမိန့်တော်မူ၏။


ဘောဇဉ် ပူဇော်သက္ကာ

၁၉ တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊ ၂၀ အာရုန်နှင့် သူ၏သားတို့သည် ဘိသိက်ခံသော နေ့မှစ၍ ထာဝရ ဘောဇဉ် ပူဇော်သက္ကာ ဖြစ်စေခြင်းငှာ၊ မုန့်ညက် တစ်ဩမဲကို၊ နံနက်တဝက်၊ ညတဝက် ထာဝရဘုရားအား ပူဇော်ရမည်။ ၂၁ ထိုမုန့်ညက်ကို ဆီထည့်၍ သံပြားပူနှင့် မုန့်လုပ်ပြီးမှ၊ ဆောင်ခဲ့၍ ချိုးဖဲ့သဖြင့် ဘောဇဉ် ပူဇော်သက္ကာ အကျိုးအပဲ့တို့ကို ထာဝရ ဘုရားအား မွှေးကြိုင်စရာဖို့ ပူဇော်ရမည်။ ၂၂ အာရုန်အရာ၌ ဘိသိက်ခံသော သားသည်လည်း၊ ထိုပူဇော်သက္ကာကို ပြုရမည်။ ထာဝရဘုရားအဖို့ ထာဝရပညတ်တော် ဖြစ်သတည်း။ ၂၃ ယဇ်ပုရောဟိတ် အတွက်ပြုသော ဘောဇဉ် ပူဇော်သက္ကာ ရှိသမျှကို အကုန်အစင် မီးရှို့ရမည်။ အလျှင်းမစားရ၊ ဟုမိန့်တော်မူ၏။


အပြစ်ဖြေရာယဇ် ပူဇော်ခြင်းတရား

၂၄ တဖန် မောရှေအား ထာဝရဘုရား မိန့်တော်မူသည်မှာ၊၂၅ သင်သည် အာရုန်နှင့် သူ၏သားတို့အား ဆင့်ဆိုရသော အပြစ် ဖြေရာ ယဇ်ပူဇော်ခြင်း တရားဟူမူကား၊ မီးရှို့ရာယဇ်ကောင် သတ်ရာအရပ်၌ ထာဝရဘုရား ရှေ့တော်မှာ၊ အပြစ်ဖြေရာယဇ်ကို သတ်ရမည်။ အလွန်သန့်ရှင်းပေ၏။ ၂၆ အပြစ်ဖြေဖို့ ပူဇော်သော ယဇ်ပုရောဟိတ်သည်၊ ပရိသတ် စည်းဝေးရာ တဲတော်ဝင်း အတွင်းတွင် သန့်ရှင်းရာဌာန၌ စားရမည်။ ၂၇ ထိုအသားကို ထိသမျှသည် သန့်ရှင်း၏။ အသွေးဖြန်းသမျှသော အဝတ်တို့ကို သန့်ရှင်းရာဌာန၌ လျော်ရမည်။ ၂၈ ထိုအသားပြုတ်သော မြေအိုးကို ခွဲရမည်။ ​ကြေးဝါအိုးဖြစ်လျှင် ပွတ်၍ ရေနှင့်ဆေးရမည်။ ၂၉ ယဇ်ပုရောဟိတ် ယောက်ျားအပေါင်းတို့သည် စားရကြမည်။ အလွန်သန့်ရှင်းပေ၏။ ၃၀ အပြစ်​ဖြေရာယဇ် အသွေးကို သန့်ရှင်းရာဌာန၌ အပြစ်​ဖြေခြင်းငှာ၊ ပရိသတ် စည်းဝေးရာ တဲတော်အတွင်းသို့ ဆောင်ခဲ့လျှင်၊ ထိုယဇ်အသားကို မစားရ၊ မီးရှို့ရမည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.