-
AA
+
🡀
|
🡂
ဝတ်ပြုရာကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဝတ်ပြုရာကျမ်း
အခန်းကြီး ၅


ဒုစရိုက်​ဖြေရာယဇ်

တစ်စုံတစ်ယောက်သောသူသည် အမှုကိုမြင်သည်ဖြစ်စေ၊ သိသည်ဖြစ်စေ၊ ကျိန်ဆိုစေသော စကားကိုကြား၍ သက်သေဖြစ်လျက်နှင့် ပြန်မပြောဘဲ နေသဖြင့် ပြစ်မှား၍၊ မိမိဒုစရိုက်အပြစ်ကို ခံရသော်၎င်း၊ တစ်စုံတစ်ယောက်သောသူသည်၊ မစင်ကြယ်သော သားရဲ၊ သားယဉ်၊ တွားတတ်သော တိရစ္ဆာန်၏ အသေကောင် အစရှိသော မစင်ကြယ်သော အရာတစ်စုံတခုကို အမှတ်တမဲ့ ထိမိသဖြင့်၊ မစင်ကြယ်ရာသို့ ရောက်၍ အပြစ်ရှိသော်၎င်း၊ လူ၌ ကပ်သော မစင်ကြယ်သော အရာ တစ်စုံတခုကိုလည်း မသိဘဲ၊ ထိမိ၍ နောက်တဖန် သိလျှင်၊ အပြစ်ရှိရာသို့ ရောက်သော်၎င်း၊ တစ်စုံတစ်ယောက်သောသူသည် ကောင်းသောအမှု၊ မကောင်းသောအမှုကို ပြုမည်၊ ဟုအကျိုးအပြစ်ကို မသိဘဲ ကျိန်ဆိုလျက် သစ္စာပြု၍ နောက်တဖန် သိလျှင်၊ အရင်ကျိန်ဆိုလျက် သစ္စာပြုလေရာရာ၌ အပြစ်တစ်စုံတခု ရောက်သော်၎င်း၊


သိုးသူငယ်၊ ဆိတ်သူငယ်

ထိုသို့သော အပြစ်တစ်စုံတခု ရောက်လျှင်၊ ထိုအပြစ်ကို ဖော်ပြတောင်းပန်ရမည်။ ပြစ်မှားမိသော အပြစ်အတွက် အပြစ်ဖြေရာယဇ် ဖြစ်စေခြင်းငှာ သိုးသူငယ်ဖြစ်စေ၊ ဆိတ်သူငယ်ဖြစ်စေ၊ အမ တစ်ကောင်ကောင် တည်းဟူသော ဒုစရိုက်​ဖြေရာယဇ်ကို ထာဝရဘုရား ထံတော်သို့ ဆောင်ခဲ့ပြီးလျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူ၏အပြစ်အတွက် အပြစ်​ဖြေခြင်းကို ပြုရမည်။


ခို၊ ချိုး ကလေးနှစ်ကောင်

သိုးသူငယ်ကို မတတ်နိုင်လျှင်၊ ပြစ်မှားမိသော အပြစ်အတွက် အပြစ်​ဖြေရာ ယဇ်ဖို့တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့တစ်ကောင်၊ ခိုနှစ်ကောင်၊ သို့မဟုတ် ချိုးကလေးနှစ်ကောင်ကို ထာဝရဘုရား အထံတော်၊ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့ရမည်။ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ကောင်ကို အရင်ပူဇော်လျက်၊ ခေါင်းကိုလိမ်၍ ဖြတ်ရမည်။ ကိုယ်ကို ရှင်းရှင်းမခွဲရ။ ထိုအပြစ်​ဖြေရာ ယဇ်ကောင်အသွေးကို ယဇ်ပလ္လင်နံရံ၌ ဖြန်း၍၊ ကြွင်းသောအသွေးကို ယဇ်ပလ္လင်​ခြေရင်းနားမှာ ညှစ်ရမည်။ အပြစ်ဖြေရာယဇ် ဖြစ်သတည်း။ ၁၀ ဒုတိယ ငှက်ကောင်ကို၊ ပညတ်တရားအတိုင်း မီးရှို့ရာယဇ် ပူဇော်ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည်၊ ထိုသူပြစ်မှားမိသော အပြစ်အတွက် အပြစ်​ဖြေခြင်းကို ပြုလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။


မုန့်ညက်နှင့်အပြစ်ဖြေခြင်းယဇ်ပူဇော်

၁၁ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တခုခုကို မတတ်နိုင်လျှင် ပြစ်မှားသောသူသည် အပြစ်ဖြေရာယဇ် အရာ၌ မုန့်ညက် တစ်ဩမဲကို ဆောင်ခဲ့၍ ဆက်ရမည်။ [A] အပြစ်ဖြေရာယဇ် ဖြစ်သောကြောင့် ဆီကိုမလောင်းရ။ လောဗန်ကို မတင်ရ။ ၁၂ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ပြီးလျှင်၊ ယဇ်ပုရောဟိတ်သည် မုန့်ညက် တလက်ဆွန်းတည်းဟူသော ပူဇော်သက္ကာ အတွက်အတာကိုယူ၍ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာနှင့်အတူ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ အပြစ်ဖြေရာယဇ် ဖြစ်သတည်း။ ၁၃ ထိုသို့ ယဇ်ပုရောဟိတ်သည်၊ ထိုသူပြစ်မှားမိသော အပြစ်တစ်စုံတခုအတွက် အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူ၏ အပြစ်လွှတ်လိမ့်မည်။ ကြွင်းသောအရာသည် ဘောဇဉ် ပူဇော်သက္ကာကဲ့သို့၊ ယဇ်ပုရောဟိတ်အဖို့ ဖြစ်သည်၊ ဟုမောရှေအား မိန့်တော်မူ၏။


ထာဝရဘုရားနှင့် ဆိုင်သော အရာလွန်ကျူးပြစ်မှား

၁၄ တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ ၁၅ တစ်စုံတစ်ယောက်သောသူသည် တရားကိုမသိ၊ ထာဝရဘုရားနှင့် ဆိုင်သောအရာတို့၌ လွန်ကျူးပြစ်မှားမိလျှင်၊ ထိုပြစ်မှားခြင်းအတွက် ဒုစရိုက်​ဖြေရာယဇ်တည်းဟူသော အပြစ်မပါသော သိုးထီးကို၎င်း၊ အကျပ်တော် အလိုက်ချင့်တွက်၍ ချိန်သော အလျော်ငွေကို၎င်း၊ ထာဝရဘုရား အထံတော်သို့ ဆောင်ခဲ့ရမည်။ ၁၆ ထိုသို့ဘုရားနှင့် ဆိုင်သောအရာ၌ ပြစ်မှားမိရာကို ပြုပြင်ပြီးလျှင်၊ ငါးစုတစ်စုကိုလည်း ထပ်၍ ယဇ်ပုရောဟိတ်အား ပေးရမည်။ ယဇ်ပုရောဟိတ်သည် လည်း၊ ဒုစရိုက်​ဖြေရာယဇ်ဖြစ်သော သိုးအားဖြင့်၊ ထိုသူအဖို့ အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။


ထာဝရဘုရား ပညတ်ကို ပြစ်မှား

၁၇ တစ်စုံတစ်ယောက်သောသူသည်၊ ထာဝရဘုရား ပညတ်တော်မူသော အမှုတစ်စုံတခုကို ပြု၍ ပြစ်မှားမိလျှင်၊ ကိုယ်ပြစ်မှားမှန်းကို မသိသော်လည်း အပြစ်ရောက်၍ ထိုအပြစ်ကိုခံရမည်။ ၁၈ ဒုစရိုက်​ဖြေရာယဇ်ကို ပြုခြင်းငှာ ချင့်တွက်သော အလျော်ငွေနှင့်တကွ၊ အပြစ်မပါသော သိုးထီးကို ဆောင်ခဲ့ရမည်၊ တရားကိုမသိ ပြစ်မှားမိသော်လည်း၊ ကိုယ်ပြစ်မှားမှန်းကို မသိသောသူအဖို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်းကို ပြုလျှင်၊ ထိုသူ၏ အပြစ်လွတ်လိမ့်မည်။ ၁၉ ဒုစရိုက်​ဖြေသော ယဇ်ဖြစ်သတည်း။ အကယ်စင်စစ် ထိုသူသည် ထာဝရဘုရားကို ပြစ်မှားရာ ရောက်သတည်း၊ ဟုမိန့်တော်မူ၏။




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.