-
AA
+
🡀
|
🡂
ဝတ်ပြုရာကျမ်း
၂၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဝတ်ပြုရာကျမ်း
အခန်းကြီး ၂၆


ရုပ်တုမလုပ်ရ
CROSS REFERENCES






သင်တို့သည် ကိုယ်အဖို့ ထုလုပ်သော ရုပ်တုဆင်းတုကို မရှိစေရ။ သင်တို့ပြည်၌ ကိုးကွယ်စရာ မှတ်တိုင်ကို မစိုက်ရ။ ထုသော ကျောက်ကို ထောင်၍ မထားရ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ ငါ့ဥပုသ်နေ့ [A] တို့ကို စောင့်၍၊ ငါ့သန့်ရှင်းရာ ဌာနတော်ကို ရိုသေရမည်။ ငါသည် ထာဝရဘုရား ဖြစ်၏။


ပညတ်စောင့်လျှင် မြေသီးနှံပေါများမည်

သင်တို့သည်၊ ငါ့ထုံးဖွဲ့ရာ လမ်းသို့လိုက်၍၊ ငါ့ပညတ်တို့ကို ကျင့်စောင့်လျှင်၊ အချိန်တန်မှ ငါသည် သင်တို့အဖို့ မိုးရွာစေသဖြင့်၊ မြေသည် မိမိဘဏ္ဍာကိုပေး၍၊ ဥယျာဉ်အပင်တို့သည် အသီးသီး ကြလိမ့်မည်။ စပါးနှင်းနယ်သော အမှုသည်၊ စပျစ်သီး ညှစ်ရာ ကာလတိုင်အောင်၎င်း၊ စပျစ်သီး ညှစ်သော အမှုသည်၊ မျိုးစေ့ကြဲရာ ကာလတိုင်အောင်၎င်း မှီသဖြင့်၊ သင်တို့သည် ဝစွာစား၍၊ ကိုယ်ပြည်၌ ဘေးလွတ်လျက် နေရကြလိမ့်မည်။


စစ်မှုငြိမ်းစေ၍ရန်သူကိုနိုင်မည်
CROSS REFERENCES






သင်တို့ပြည်၌ စစ်မှုကို ငါငြိမ်းစေ၍၊ ခြိမ်းခြောက်သောသူ မရှိဘဲ သင်တို့သည် အိပ်ရကြလိမ့်မည်။ [B] ဆိုးသော သားရဲတို့ကိုလည်း ငါပယ်ရှားမည်။ တပြည်လုံးသည် ဓားဘေးနှင့် ကင်းလွတ်လိမ့်မည်။ သင်တို့သည် ရန်သူများကိုလိုက်၍ ဓားလက်နက်ဖြင့် အောင်ကြလိမ့်မည်။ သင်တို့တွင် လူငါးယောက်သည်၊ ရန်သူတစ်ရာကို လိုက်လိမ့်မည်။ လူတစ်ရာသည်၊ ရန်သူတစ်သောင်းကို ပြေးစေ၍၊ ဓားလက်နက်ဖြင့် အောင်ကြလိမ့်မည်။ သင်တို့ကို ငါစောင့်မသဖြင့် တိုးပွားများ ပြားစေ၍၊ သင်တို့နှင့် ငါပြုသော ပဋိညာဉ်ကို ငါမြဲမြံစေမည်။


စပါးဟောင်းမကုန်မှီအသစ်ပေါ်မည်

၁၀ သိုထားသော စပါးဟောင်းကို စား၍ မကုန်မှီ၊ စပါးသစ်ပေါ်သောကြောင့်၊ အဟောင်းကို ထုတ်ရကြမည်။ ၁၁ ငါသည် စက်ဆုပ်ရွံရှာခြင်း မရှိဘဲ၊ သင်တို့တွင် တဲတော်ကို တည်မည်။ ၁၂ သင်တို့တွင်လည်း လှည့်လည်၍ သင်တို့၏ ဘုရားသခင် ဖြစ်မည်။ သင်တို့သည်လည်း ငါ၏လူ ဖြစ်ကြလိမ့်မည်။ ၁၃ အဲဂုတ္တုပြည်၌ အစေ​ကျွန်ခံရသော သင်တို့ကို ငါလွှတ်၍ နှုတ်ဆောင်သော သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်တို့၏ ထမ်းဖို့ကြိုးကို ငါဖြတ်၍ သင်တို့ကို တည့်မတ်စေပြီ။


စကားနားမထောင်လျှင် ကျရောက်မည့် ပြစ်ဒဏ်များ

၁၄ သင်တို့သည် ငါ့စကားကို နားမထောင်၊ ဤပညတ်အလုံးစုံကို မစောင့်၊ ၁၅ ငါ့စီရင် ထုံးဖွဲ့ချက်များကို ရွံရှာ၍၊ မထီမဲ့ မြင်ပြုလျက်၊ ငါ့ပညတ်တရားကို မကျင့်၊ ငါ့ပဋိညာဉ်သစ္စာကို ဖျက်လျှင်၊ ၁၆ သင်တို့၌ ငါပြုလတံ့သော အမှုဟူမူကား၊ သင်တို့၌ မျက်စိပျက်လျက်၊ စိတ်ပူပန်လျက် ရှိစေခြင်းငှာ၊ ထိတ်လန့်သော သဘော၊ တူလာ၊ ဖျားနာတို့ကို သင်တို့အပေါ်မှာ ငါခန့်ထားမည်။ သင်တို့သည် မျိုးစေ့ကို ကြဲသော်လည်း အကျိုးမရှိ။ ရန်သူတို့သည် အသီးအနှံကို စားကြလိမ့်မည်။ ၁၇ သင်တို့ကို ငါမျက်နှာထား၍၊ ရန်သူရှေ့မှာ ဆုံးစေမည်။ သင်တို့သည် ရန်သူ၏ အုပ်စိုးခြင်းကို ခံရ၍၊ အဘယ်သူမျှ မလိုက်သော်လည်း၊ ပြေးကြလိမ့်မည်။ ၁၈ ထိုမျှလောက် ခံရသော်လည်း၊ ငါ့စကားကို နားမထောင်ဘဲ နေလျှင်၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသော ဒဏ်ကို ငါပေးဦးမည်။ ၁၉ သင်တို့ မာနအစွယ်ကို ငါချိုးမည်။ မိုးကောင်းကင်ကို သံကဲ့သို့၎င်း၊ မြေကြီးကို ကြေးဝါကဲ့သို့၎င်း၊ ငါဖြစ်စေသဖြင့်၊ ၂၀ သင်တို့သည် အချည်းနှီး ကြိုးစားအားထုတ် ကြလိမ့်မည်။ သင်တို့မြေသည် မိမိဘဏ္ဍာကိုမပေး။ ဥယျာဉ် အပင်တို့သည် အသီးမသီးကြ။


ပြစ်ဒဏ်များအဆက်

၂၁ သင်တို့သည် ငါ့စကားကို နားမထောင်၊ ငါ့ကိုဆန့်ကျင်ဘက် ပြုလျှင်၊ သင်တို့ အပြစ်အလျောက် ခုနစ်ဆသော ဘေးကြီးကို ငါသက်ရောက်စေမည်။ ၂၂ သင်တို့၏ သားသမီးများကို ချီသွား၍၊ သင်တို့၏ တိရစ္ဆာန်များကို ဖျက်ဆီးလျက်၊ သင်တို့ကို နည်းစေခြင်းငှာ၊ သားရဲများကို ငါစေလွှတ်သဖြင့်၊ သင်တို့ သွားရာ လမ်းမတို့သည် လူဆိတ်ညံရာ ဖြစ်ကြလိမ့်မည်။ ၂၃ ထိုသို့ခံရသော်လည်း၊ သင်တို့သည် သတိမရ၊ ငါ့ကို ဆန့်ကျင်ဘက် ပြုသေးလျှင်၊ ၂၄ ငါသည်လည်း သင်တို့ကို ဆန့်ကျင်ဘက်ပြု၍၊ သင်တို့ အပြစ်ကြောင့် ခုနစ်ဆသော ဒဏ်ကိုပေးဦးမည်။ ၂၅ ငါ့ပဋိညာဉ်ဘက်၌ နေ၍၊ တရားစီရင်ရသော ဓားဘေးကို သင်တို့အပေါ်မှာ ငါသက်ရောက်စေမည်။ သင်တို့သည် မြို့ထဲ၌ စုဝေးသောအခါ၊ ကာလနာဘေးကို ငါစေလွတ်၍၊ ရန်သူလက်သို့ ရောက်စေမည်။


ကိုယ့်သားသမီးတို့၏ အသားစားရမည်
CROSS REFERENCES






၂၆ သင်တို့၏ အစာအာဟာရ အထောက်အပင့်ကို ငါပယ်ရှားသောအခါ၊ မိန်းမ တစ်ကျိပ်တို့သည် သင်တို့၏မုန့်ကို မီးဖိုတစ်ဖို၌ ဖုတ်ပြီးမှ၊ ထိုမုန့်ကို ချိန်ပေးသဖြင့် သင်တို့သည် ဝစွာမစားရကြ။ ၂၇ ထိုမျှလောက် ခံရသော်လည်း၊ ငါ့စကားကို နားမထောင်၊ ငါ့ကို ဆန့်ကျင်ဘက် ပြုသေးလျှင်၊ ၂၈ ငါသည်လည်း အမျက်ထွက်၍ သင်တို့ကို ဆန့်ကျင်ဘက် ပြုသဖြင့်၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသော ဒဏ်ကိုပေးဦးမည်။ ၂၉ သင်တို့သည် ကိုယ်သားသမီးတို့၏ အသားကို စားရကြလိမ့်မည်။ [C]


သင်တို့ပြည်ကိုဖျက်ဆီး၍ ဥပုသ်စောင့်မည်
CROSS REFERENCES






၃၀ သင်တို့မြင့်သော အရပ်များကို ငါဖြိုဖျက်၍၊ ရုပ်တုဆင်းတုများကို ခုတ်လှဲမည်။ သင်တို့ အသေကောင်များကို၊ ရုပ်တုဆင်းတု အသေကောင် အပေါ်မှာ ပစ်ချ၍၊ သင်တို့ကို စက်ဆုတ်ရွံရှာမည်။ ၃၁ သင်တို့မြို့များကို ငါဖျက်ဆီး၍၊ သန့်ရှင်းရာ ဌာနတော်ကို သုတ်သင်ပယ်ရှင်းသဖြင့်၊ သင်တို့ နံ့သာပေါင်း အမွှေးအကြိုင်ကို ငါမနမ်း။ ၃၂ တပြည်လုံးကို ငါသုတ်သင် ပယ်ရှင်းသောအမှုကို၊ ထိုပြည်၌ နေသောသင်တို့၏ ရန်သူတို့သည် မြင်၍ မိန်းမောတွေ ဝေကြလိမ့်မည်။ ၃၃ သာသနာပလူတို့တွင် သင်တို့ကို၊ အရပ်ရပ် ငါကွဲပြားစေ၍၊ ဓားမိုးလျက် လိုက်မည်။ သင်တို့ပြည်သည်လည်း လူဆိတ်ညံလျက်၊ မြို့သည်လည်း ပျက်စီးလျက် ရှိလိမ့်မည်။ ၃၄ ထိုသို့သင်တို့သည် ရန်သူပြည်၌ နေ၍၊ ကိုယ်ပြည်သည် လူဆိတ်ညံလျက် နေသော ကာလပတ်လုံး ငြိမ်ဝပ်စွာနေ၍၊ မိမိဥပုသ်နေ့တို့၌ မွေ့လျော်ရမည်။ [D] ၃၅ လူဆိတ်ညံလျက် နေရသော ကာလပတ်လုံး ငြိမ်ဝပ်လိမ့်မည်။ သင်တို့ရှိ နေသောအခါ၊ ဥပုသ်နေ့ [D] တို့၌ ပြည်သည် မငြိမ်မဝပ်ရ။


သစ်ရွက်လှုပ်သံကိုပင် ကြောက်ရမည်

၃၆ ရန်သူပြည်မှာ ကျန်ကြွင်းသော သင်တို့ စိတ်နှလုံးထဲသို့၊ ထိတ်လန့်သော သဘောကို ငါပေးသွင်းသဖြင့်၊ သစ်ရွက်လှုပ်သံကြောင့် သင်တို့သည် ကြောက်၍၊ ဓားဘေးမှ ပြေးသကဲ့သို့ ပြေးကြလိမ့်မည်။ အဘယ်သူမျှ မလိုက်သော်လည်း လဲကြလိမ့်မည်။ ၃၇ အဘယ်သူမျှ မလိုက်သော်လည်း ဓားဘေးမှ ပြေးသောသူကဲ့သို့ တစ်ယောက်အပေါ်မှာ တစ်ယောက်လဲ ကြလိမ့်မည်။ ရန်သူရှေ့မှာ ရပ်နိုင်သော တန်ခိုးမရှိရ။ ၃၈ ရန်သူပြည်သည် သင်တို့ကို မျိုစား၍၊ သာသနာပ လူတို့တွင် ဆုံးရှုံးကြလိမ့်မည်။ ၃၉ ကျန်ကြွင်းသော သင်တို့သည်၊ ရန်သူပြည်၌ ကိုယ်အပြစ်၊ ဘိုးဘတို့အပြစ်ခံလျက်၊ ဘိုးဘနှင့်တကွ အားလျော့ကြ လိမ့်မည်။


အပြစ်များဖော်ပြ တောင်းပန်လျှင်
CROSS REFERENCES






၄၀ သို့ရာတွင် သူတို့သည် ငါ့ကိုပြစ်မှား၍၊ ငါ့ကို ဆန့်ကျင်ဘက် ပြုသောကြောင့်၊ ၄၁ ငါသည် သူတို့ကို ဆန့်ကျင့်ဘက်ပြု၍ ရန်သူပြည်သို့ ပို့ဆောင်သော အကြောင်းများနှင့် တကွ၊ ကိုယ်အပြစ်၊ ဘိုးဘတို့အပြစ်များကို ဖော်ပြ တောင်းပန်လျှင်၎င်း၊ အရေဖျားလှီးခြင်း [E]ကို မခံသော မိမိတို့နှလုံးကို နှိမ့်ချ၍၊ မိမိတို့အပြစ်ကြောင့် ခံရသောဒဏ်ကို ဝန်ခံလျှင်၎င်း၊ ၄၂ ငါသည် ယာကုပ်နှင့် ပြုသောပဋိညာဉ်၊ ဣဇာက်နှင့် ပြုသော ပဋိညာဉ်ကို၎င်း၊ အာဗြဟံနှင့် ပြုသော ပဋိညာဉ်ကို၎င်း၊ ငါအောက်မေ့မည်။


သူတို့ကိုရှင်းရှင်းမဖျက်ဆီး

၄၃ ထိုပြည်သည် သူတို့လက်မှ လွတ်၍၊ သူတို့မရှိဘဲ လူဆိတ်ညံလျက် နေစဉ်တွင်၊ မိမိဥပုသ်နေ့တို့၌ မွေ့လျော်လိမ့်မည်။ သူတို့သည် င့ါစီရင် ထုံးဖွဲ့ချက်များကို ရွံရှာ၍ မထီမဲ့မြင်ပြုသော အပြစ်ကြောင့်၊ ခံရသောဒဏ်ကို ဝန်ခံရကြလိမ့်မည်။ ၄၄ သို့ရာတွင် ရန်သူပြည်၌ နေကြသောအခါ၊ သူတို့ကို ရှင်းရှင်းဖျက်ဆီး၍၊ သူတို့နှင့်ငါပြုသော ပဋိညာဉ်ကို ပယ်သည်တိုင်အောင် သူတို့ကို ငါမစွန့်ပစ်၊ မရွံရှာ။ ငါသည်သူတို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ၄၅ ငါသည်သူတို့၏ ဘုရားသခင် ဖြစ်အံ့သောငှာ သာသနာပ လူတို့ မျက်မှောက်၌၊ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောသူတို့ ဘိုးဘေးနှင့် ငါပြုသော ပဋိညာဉ်ကို သူတို့အတွက် ငါအောက်မေ့မည်။ ငါသည် ထာဝရဘုရား ဖြစ်သည်၊ ဟုမိန့်တော်မူ၏။ ၄၆ ဤရွေ့ကား ထာဝရဘုရားသည်၊ သိနာတောင်ပေါ်မှာ ဣသရေလ အမျိုးသားတို့အဖို့ မောရှေလက်တွင် ထားတော်မူသော စီရင်ထုံးဖွဲ့ချက် ပညတ်တရား ဖြစ်သတည်း။




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.