-
AA
+
🡀
|
🡂
ဝတ်ပြုရာကျမ်း
၂၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဝတ်ပြုရာကျမ်း
အခန်းကြီး ၂၅


ဥပုသ်နှစ်စောင့်ရမည်

တဖန် သိနာတောင်ပေါ်မှာ၊ မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ငါပေးသော ပြည်သို့ ရောက်သောအခါ၊ ထိုပြည်သည် ထာဝရဘုရားအဖို့ ဥပုသ်စောင့်ရမည်။ ​ခြောက်နှစ်ပတ်လုံး လယ်လုပ်လျက်၊ စပျစ်ဥယျာဉ်ကို သုတ်သင်၍၊ အသီးကို သိမ်းလျက်နေရမည်။ သတ္တမနှစ်သည်၊ ထာဝရဘုရား အဖို့ ဥပုသ်နှစ်၊ တပြည်လုံး ငြိမ်ဝပ်စွာနေ၍ ဥပုသ်စောင့်ရသော နှစ်ဖြစ်၏။ လယ်မလုပ်ရ။ စပျစ်ဥယျာဉ်ကို မသုတ်သင်ရ။ လယ်၌ အလိုလိုပေါက်သော အသီးအနှံကိုမျှ မရိတ်ရ။ မသုတ်သင်သော စပျစ်ဥယျာဉ် အသီးကိုမျှ မဆွတ်ရ။ တပြည်လုံး ငြိမ်ဝပ်စွာ နေရသောနှစ်ဖြစ်၏။ ပြည်ဥပုသ်တည်းဟူသော အလိုလို ဖြစ်ပွားသော အရာရှိသမျှသည်၊ သင်ကိုယ်မှစ၍ သင်၏ကျွန်၊ ​ကျွန်မ၊ သူမ၊ ဧည့်သည် စားစရာ၊ သင်၏ပြည်၌ ရှိသော သားယဉ်၊ သားရဲ စားစရာဖြစ်ရမည်။


ယုဘိလနှစ်
CROSS REFERENCES






ဥပုသ်နှစ်ခုနစ်နှစ်ကို ရေတွက်၍၊ ခုနစ်နှစ်ခုနစ်လီ တည်းဟူသော လေးဆယ့်ကိုးနှစ် စေ့ပြီးမှ၊ သတ္တမတစ်ဆယ်ရက်နေ့၊ အပြစ်​ဖြေခြင်း ပြုရာနေ့၌ ၊ ယုဘိလတံပိုးကို တပြည်လုံး မှုတ်စေရမည်။ ၁၀ %%% ငါးဆယ်မြောက်သောနှစ်ကို သန့်ရှင်းစေသဖြင့်၊ တပြည်လုံး၌ ပြည်သားအပေါင်းတို့အား၊ လွတ်ရာအခွင့်ကို ကြွေးကြော်ရမည်။ ယုဘိလနှစ်ဖြစ်၍၊ လူတိုင်း မိမိပိုင်သောမြေ၊ မိမိအဆွေအမျိုးထံသို့ ပြန်ရမည်။ ၁၁ ငါးဆယ်မြောက်သောနှစ်သည် ယုဘိလနှစ် ဖြစ်သောကြောင့် လယ်မလုပ်ရ။ အလိုလိုအပေါက်သော အပင်ကိုမျှ မရိတ်ရ။ မသုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှ မဆွတ်ရ။ ၁၂ ယုဘိလနှစ်သည် သန့်ရှင်းသော နှစ်ဖြစ်သောကြောင့်၊ လယ်၌ရသော အသီးအနှံကိုသာ စားရမည်။ ၁၃ ယုဘိလနှစ်တွင် လူတိုင်း မိမိပိုင်သောမြေသို့ ပြန်ရမည်။ ၁၄ သင်တို့သည် အချင်းချင်း ရောင်းဝယ်မှုကို ပြုလျှင်၊ တစ်ယောက်ကို တစ်ယောက်မညှဉ်းဆဲရ။ ၁၅ ယုဘိလနှစ်လွန်၍ လိုသေးသော နှစ်ပေါင်း၊ အသီးအနှံ သီးလတံ့သော နှစ်ပေါင်းကို ရေတွက်၍၊ ရောင်းဝယ်မှုကို ပြုရမည်။ ၁၆ ထိုသို့အသီး သီးရသော နှစ်များကိုလိုက်၍ ရောင်းသောကြောင့်၊ နှစ်ပေါင်းအနည်း အများအလိုက် အဘိုးလျော့လျက်၊ တိုးလျက်ရောင်းဝယ်ရမည်။ ၁၇ သင်တို့သည် တစ်ယောက်ကို တစ်ယောက် မညှဉ်းဆဲရ။ သင်တို့၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ [A] ငါသည်သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။


သုံးနှစ်စာပေးမည်

၁၈ သင်တို့သည် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို ကျင့်စောင့်လျှင်၊ ထိုပြည်၌ ဘေးလွတ်လျက် နေရကြလိမ့်မည်။ ၁၉ မြေသည်လည်း မိမိအသီးအနှံကို ပေးသဖြင့်၊ သင်တို့သည် ဝစွာစား၍ ဘေးလွတ်လျက် နေရကြလိမ့်မည်။ ၂၀ သင်တို့ကလည်း၊ သတ္တမနှစ်တွင် ငါတို့သည် အဘယ်သို့ စားရမည်နည်း။ လယ်မလုပ်ရ။ အသီးအနှံကို မသိမ်းရပါတကား၊ ဟုဆိုလျှင်၊ ၂၁ ဆဌမနှစ်တွင် သင်တို့ကို ငါကောင်းကြီးပေး၍၊ ထိုနှစ်တွင် သုံးနှစ်အဘို့ အသီးအနှံကို ဖြစ်စေမည်။ ၂၂ သင်တို့သည် အဋ္ဌမနှစ်တွင် လယ်လုပ်၍၊ နဝမနှစ်တွင်၊ အသီးအနှံကို သိမ်းရာကာလ တိုင်အောင် ဟောင်းသော အသီးအနှံကို စားရမည်။


မြေသည်ဘုရားဥစ္စာ
CROSS REFERENCES





CROSS REFERENCES






၂၃ မြေကို သူတပါး အစဉ်ပိုင်စေခြင်းငှာ မရောင်းရ။ မြေသည်ငါဥစ္စာဖြစ်၏။(a) သင်တို့သည် ငါ၌တည်းသော ဧည့်သည်အာဂန္တု ဖြစ်ကြ၏။ [B] ၂၄ သင်တို့သည် မြေကို ပိုင်လေရာရာ၌ ရွေးနှုတ်ရသော အခွင့်ကို ပေးရကြမည်။ ၂၅ သင်၏ အမျိုးသားချင်းသည်ဆင်းရဲ၍၊ မိမိပိုင်သောမြေကို ရောင်းလျှင်၎င်း၊ သူ၏ပေါက်ဖေါ် တစ်စုံတစ်ယောက်သည် ဝယ်ခြင်းငှာလာလျှင်၎င်း၊ မိမိပေါက်ဖေါ် ရောင်းသောဥစ္စာကို ရွေးနှုတ်ရသော အခွင့်ရှိရမည်။ [B]၂၆ ထိုမြေကို ရွေးနှုတ်သောသူ တစ်ယောက်မျှ မပေါ်မရှိ၍၊ မြေရှင်ဟောင်းသည်ကိုယ်တိုင်ရွေးနှုတ်နိုင်လျှင်၊ ၂၇ မိမိမြေသို့ ပြန်အံ့သောငှာ၊ ရောင်း၍ လွန်သောနှစ်ပေါင်းကို ရေတွက်ပြီးမှ၊ လိုသေးသော အဘိုးကိုအထက်က ရောင်းခဲ့သောသူအား ပြန်ပေးရမည်။ ၂၈ ပြန်၍ မပေးနိုင်လျှင် ရောင်းခဲ့သောဥစ္စာကို ယုဘိလ နှစ်တိုင်အောင် ဝယ်သောသူလက်၌ ရှိစေရမည်။ ယုဘိလနှစ်တွင် လက်လွှတ်၍ အရှင်ဟောင်းလက်သို့ ရောက်စေရမည်။


အိမ်နှင့်ပတ်သက်၍

၂၉ မြို့ထဲ၌ ရှိသောအိမ်ကို အိမ်ရှင်ရောင်းလျှင်၊ တစ်နှစ်အတွင်း ရွေးနှုတ်သောအခွင့် ရှိစေရမည်။ ၃၀ တစ်နှစ်အတွင်းတွင် မရွေးနှုတ်လျှင်၊ ထိုအိမ်ကို ဝယ်သောသူမှစ၍ သားစဉ်မြေးဆက်တို့သည် အမြဲပိုင်ရကြမည်။ ယုဘိလနှစ် ရောက်သော်လည်း၊ လက်မလွှတ်ရ။ ၃၁ မြို့ရိုးမရှိ၊ ရွာ၌ ရှိသောအိမ်ကို လယ်ယာကဲ့သို့ မှတ်၍၊ ရွေးနှုတ်ရသော အခွင့်ရှိ၏။ ယုဘိလနှစ် ရောက်သောအခါ လက်လွှတ်ရမည်။ ၃၂ သို့ရာတွင် လေဝိသား ပိုင်သောမြို့နှင့် မြို့အိမ်တို့ကို၊ အဘယ်ကာလ အချိန်မဆိုဘဲ ရွေးနှုတ်ရသော အခွင့်ရှိ၏။ ၃၃ လေဝိသား ပိုင်သောမြို့ကို၎င်း၊ အိမ်ကို၎င်း၊ သူတပါးဝယ်လျှင်၊ ယုဘိလနှစ် ရောက်သောအခါ၊ လက်လွှတ်ရမည်။ အကြောင်းမူကား၊ ဣသရေလလူ အမျိုးသားတို့တွင် လေဝိသားတို့သည်၊ ကိုယ်နေရာမြို့ အိမ်မှတပါး အခြားသော ဥစ္စာမရှိ။ ၃၄ သို့သော်လည်း၊ လေဝိသားမြို့နယ်၌ ရှိသော လယ်ယာတို့ကို မရောင်းရ။ အစဉ်အမြဲ ပိုင်ရမည်။


အမျိုးသားချင်းဆင်းရဲလျှင်

၃၅ သင်၏ အမျိုးသားချင်းသည် ဆင်းရဲ၍၊ လက်အားလျော့သဖြင့် တပါးအမျိုးသား ဧည့်သည်အာဂန္တုကဲ့သို့ ဖြစ်လျှင်၊ သင့်ထံမှာနေစေခြင်းငှာ သူ့ကိုမစရမည်။ ၃၆ သူ၌ အတိုးအပွားကို မယူရ။ သင်၏အမျိုးသားချင်းသည် သင့်ထံမှာ နေစေခြင်းငှာ၊ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့လော့။ ၃၇ အတိုးအပွားကို မျှော်လင့်၍ ငွေကို၎င်း၊ စားစရာကို၎င်း၊ သူ၌ မချေးမငှားရ။ ၃၈ ငါသည်ခါနာန်ပြည်ကို သင်တို့အားပေး၍၊ သင်တို့၏ ဘုရားသခင် ဖြစ်အံ့သောငှာ၊ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သင်တို့၏ ဘုရားသခင်၏ ထာဝရဘုရား ဖြစ်၏။


အမျိုးသားချင်း ကျွန်အဖြစ်ခံလျှင်

၃၉ သင်၏ အမျိုးသားချင်းသည် ဆင်းရဲ၍ သင်၌ အရောင်းခံလျှင်၊ အစေခံ​ကျွန် ပြုသကဲ့သို့၊ သူ့ကို အနိုင်မပြုရ။ ၄၀ သူသည်သူငှားကဲ့သို့၎င်း၊ ဧည့်သည်ကဲ့သို့၎င်း၊ သင့်ထံမှာနေ၍ ယုဘိလနှစ်တိုင်အောင် အစေခံရမည်။ ၄၁ ထိုအခါ သူသည် သားသမီးနှင့်တကွထွက်၍၊ မိမိအဆွေအမျိုး၊ မိမိဘိုးဘ ပိုင်သောမြေသို့ ပြန်ရမည်။ ၄၂ အကြောင်းမူကား၊ သူတို့သည် အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော ငါ၏အမှုထမ်းဖြစ်၍၊ အစေခံ​ကျွန် ဖြစ်စေခြင်းငှာ မရောင်းရ။ ၄၃ သူကို ကြမ်းတမ်းစွာ မစီရင်ရ။ သင်၏ ဘုရားသခင်ကိုကြောက်ရွံ့ရမည်။ ၄၄ သင်သည် စေခိုင်းသော​ကျွန်၊ ​ကျွန်မတို့ကို၊ သင့်ပတ်လည် ဝန်းကျင့်တို့၌ နေသော သာသနာပလူတို့တွင် ဝယ်ရမည်။ ၄၅ ထိုမှတပါး၊ သင်တို့တွင် တည်းနေသော တစ်​ကျွန်းတနိုင်ငံသား တို့ကို၎င်း၊ သင်တို့ ပြည်၌ သူတို့ရသော သားသမီးတို့ကို၎င်း၊ ဝယ်၍ပိုင်ရမည်။ ၄၆ သူတို့သည် ကျွန်သားပေါက်ဖြစ်၍၊ သင်တို့နှင့် သင်တို့သားသမီး တို့သည် အမွေခံ၍ပိုင်ရမည်။ကိုယ်အမျိုးသားချင်းတည်းဟူသော၊ ဣသရေလအမျိုးသားဖြစ်လျှင်၊ တစ်ယောက်ကို တစ်ယောက် ကြမ်းတမ်းစွာ မစီရင်ရ။


အမျိုးသားချင်းသည် တစ်ကျွန်းတနိုင်ငံသားထံ၌ ရောင်းလျှင်

၄၇ သင့်အနားမှာ တည်းနေသော တစ်​ကျွန်းတနိုင်ငံသားသည်၊ ငွေရတတ်၍ သူ၏အနားမှာ နေသော သင်၏အမျိုးသားချင်း ဆင်း ရဲသဖြင့်၊ သင့်အနားမှာ တည်းနေသော တစ်​ကျွန်းတနိုင်ငံသား၌၎င်း၊ သူ၏သားမြေး၌၎င်း၊ ကိုယ်ကိုရောင်းချလျှင်၊ ၄၈ ရောင်းပြီးမှရွေးနှုတ်သော အခွင့်ရှိစေရမည်။ မိမိအမျိုးသား တစ်စုံတစ်ယောက်သည် ရွေးနှုတ်ရမည်။ ၄၉ ဘကြီး၊ ဘထွေး၊ ညီအစ်ကို တော်မှစ၍ အဆွေအမျိုး ပေါက်ဖေါ်ရင်း တစ်စုံတစ်ယောက်သည် ရွေးနှုတ်ရမည်။ ကိုယ်တိုင် တတ်နိုင်လျှင်လည်း ကိုယ်ကို ရွေးနှုတ်ရမည်။ ၅၀ သခင်နှင့် ​ကျွန်တို့သည်၊ ရောင်းဝယ်သော နှစ်မှစ၍ ယုဘိလနှစ်တိုင်အောင် နှစ်ပေါင်းကို ရေတွက်ပြီးလျှင်၊ နှစ်ပေါင်း အနည်းအများကို ထောက်၍၎င်း၊ သူငှားလုပ်ရသည်ကာလကို ထောက်၍၎င်း၊ ကိုယ်အဘိုးကို စီရင်ရမည်။ ၅၁ ယုဘိလနှစ် မရောက်မှီ၊ အစေခံရသော နှစ်ပေါင်း အနည်းအများကို ရေတွက်၍၊ ၅၂ လိုသေးသော နှစ်ပေါင်း အနည်းအများ အလိုက် ရွေးရန်အဘိုးကို၊ ဝယ်ရင်းငွေထဲက နှုတ်၍ပြန်ပေးရမည်။ ၅၃ ထိုသူသည် တစ်နှစ်နောက်တစ်နှစ်၊ သူငှားကဲ့သို့နေရမည်။ သင့်မျက်မှောက်၌ ညှဉ်းဆဲခြင်းကိုမခံရ။ ၅၄ ထိုသို့သောနည်းဖြင့် မရွေးမနှုတ်လျှင်၊ ယုဘိလနှစ် ရောက်သောအခါ၊ သူ့ကို သားမယားနှင့်တကွ သခင်လက်မှ လွတ်ရမည်။ ၅၅ အကြောင်းမူကား၊ ဣသရေလ အမျိုးသားတို့သည်၊ ငါ၏အမှုထမ်း ဖြစ်ကြ၏။ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်ခဲ့သောငါ၏အမှုထမ်း ဖြစ်ကြ၏။ ငါသည် သင်တို့၌ ဘုရားသခင်ထာဝရဘုရား ဖြစ်၏။

_________________________
Footnotes


၂၃ (a) ဣသရေလလူများသည် ခါနာန်ပြည်ရှိ မြေကိုပိုင်မည်မဟုတ်၊ ဘုရားသခင်က သူပိုင်သည်ဟုဆိုသည်။ ထို့ကြောင့် အမျိုးမတော်သောသူထံ မရောင်းရဟုဆိုသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.