-
AA
+
🡀
|
🡂
ဝတ်ပြုရာကျမ်း
၂၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဝတ်ပြုရာကျမ်း
အခန်းကြီး ၂၄


ရွှေမီးခုံနှင့်ပတ်သက်၍

တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ ပရိသတ် စည်းဝေးရာ တဲတော်တွင် သက်သေခံချက် ကုလားကာပြင်မှာ မီးခုံ၌ အစဉ်မပြတ် မီးထွန်းရာဖို့၊ သံလွင်သီးကို ထောင်း၍ ယူသော သံလွင်ဆီစစ်ကို၊ ဣသရေလ အမျိုးသားတို့သည် သင့်ထံသို့ ဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့။ အာရုန်သည်လည်း၊ ညဦးမှသည် နံနက်တိုင်အောင် ထာဝရဘုရား ရှေ့တော်၌ ထိုအမှုကို စီရင်ရမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်း။ စင်ကြယ်သောမီးခုံ၌ မီးခွက်များကို၊ အာရုန်သည် ထာဝရဘုရား ရှေ့တော်မှာ အစဉ်အမြဲ ပြင်ဆင်ရမည်။


ရှေ့တော်မုန့်
CROSS REFERENCES






သင်သည် မုန့်ညက်ကိုယူ၍၊ မုန့်တလုံးလျှင် နှစ်ဩမဲစီ၊ မုန့်ဆယ်နှစ်လုံးကို လုပ်ပြီးလျှင်၊ ထာဝရဘုရား ရှေ့စင်ကြယ်သော စားပွဲပေါ်မှာ၊ မုန့်တလုံးပေါ်၌ တလုံးကိုထပ်ဆင့်၍၊ တစ်ပုံ​ခြောက်လုံးစီ၊ နှစ်ပုံပုံရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ တည်းဟူသော၊ အောက်မေ့တော်မူဖို့ရာ ဖြစ်စေခြင်းငှာ၊ ထိုမုန့်နှစ်ပုံပေါ်မှာ စင်ကြယ်သော လောဗန်ကို တင်ထားရမည်။ ထာဝရဘုရား၏ ပဋိညာဉ်နှင့်အညီ၊ ဣသရေလ အမျိုးသားတို့လက်မှ ခံယူသော ထိုမုန့်ကို၊ အာရုန်သည် ထာဝရဘုရား ရှေ့တော်၌ ဥပုသ်နေ့ [A] တိုင်း အစဉ်အမြဲ ပြင်ဆင်ရမည်။ ထိုမုန့်ကို အာရုန်နှင့် သူ၏သားတို့သည် ပိုင်၍၊ သန့်ရှင်းရာဌာနတော်၌ စားရကြမည်။ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာထဲက ထိုမုန့်သည်၊ ထာဝရ ပညတ်တော်အတိုင်း၊ အာရုန်အဖို့ အလွန်သန့်ရှင်းသော အရာဖြစ်သည်၊ ဟုမိန့်တော်မူ၏။


ဘုရားသခင်ကို ကျိန်ဆဲသောသူ

၁၀ အဲဂုတ္တုလူနှင့် ဣသရေလ မိန်းမရ၍၊ ဣသရေလ အမျိုးသားတို့နှင့်အတူ လိုက်လာသော သားတစ်ယောက်သည်၊ တပ်ထဲမှာ ဣသရေလလူနှင့် ရန်တွေ့သဖြင့်၊ ၁၁ နာမတော်ကို ပြစ်မှားလျက် ကျိန်ဆဲလေ၏။ ထိုသူ၏အမိကား၊ ဒန်အမျိုး၊ ဒိဗရိသမီး ရှေလောမိတ် ဖြစ်သတည်း။ ၁၂ ပြစ်မှားသော သူကို မောရှေထံသို့ ဆောင်ယူခဲ့၍၊ ထာဝရဘုရား၏ အလိုတော်ကို မသိမှီတိုင်အောင် ချုပ်ထားကြ၏။ ၁၃ ထာဝရဘုရားကလည်း၊ ကျိန်ဆဲသောသူကို တပ်ပြင်သို့ ဆောင်သွား၍၊ ၁၄ သူ၏စကားကို ကြားသောသူ အပေါင်းတို့သည် သူ၏ ခေါင်းပေါ်မှာ လက်ကိုတင်ပြီးမှ၊ ပရိသတ်အပေါင်းတို့သည် ကျောက်ခဲနှင့် ပစ်ကြစေ။ ၁၅ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ မိမိဘုရားသခင်ကို ကျိန်ဆဲသောသူသည် မိမိအပြစ်ကို ခံရမည်။ ၁၆ ထာဝရဘုရား၏ နာမတော်ကို ပြစ်မှားသောသူသည်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ် အပေါင်းတို့သည်၊ ထိုသူကို အမှန် ကျောက်ခဲနှင့် ပစ်ရကြမည်။ အမျိုးသားချင်းဖြစ်စေ၊ တပါးအမျိုးသားဖြစ်စေ၊ နာမတော်ကို ပြစ်မှားလျှင် အသေသတ်ခြင်းကို ခံရမည်။


အသက်သတ်ခြင်းနှင့် ဆိုင်သော ပညတ်တော်များ

၁၇ လူအသက်ကို သတ်သောသူသည်လည်း အသေသတ်ခြင်းကို အမှန်ခံရမည်။ ၁၈ တိရစ္ဆာန်အသက်ကို သတ်သောသူသည်လည်း၊ ဥစ္စာရှင်အား တစ်ကောင်အတွက် တစ်ကောင်ကို လျော်ရမည်။ ၁၉ လူသည် အိမ်နီးချင်းကို နာအောင်ပြုလျှင်၊ သူ့ကို ပြုသည်အတိုင်း ကိုယ်ခံရမည်။ ၂၀ အရိုးကို ချိုးသည်အတွက် အရိုးချိုးခြင်းကို၎င်း၊ မျက်စိကို ဖျက်သည်အတွက်၊ မျက်စိဖျက်ခြင်းကို၎င်း၊ သွားကို ချိုးသည်အတွက်၊ သွားချိုးခြင်းကို၎င်း၊ သူ့ကိုနာကျင်စွာ ပြုသည်အတိုင်း၊ ကိုယ်တိုင်နာကျင်စွာ ခံရမည်။ ၂၁ တိရစ္ဆာန်အသက်ကို သတ်သောသူသည်၊ တစ်ကောင်အတွက် တစ်ကောင်ကို ပြန်ပေးရမည်။ လူအသက်ကို သတ်သောသူသည် အသေသတ်ခြင်းကို ခံရမည်။ ၂၂ ကိုယ်အမျိုးသားဖြစ်စေ၊ သူတပါး အမျိုးသားဖြစ်စေ၊ တစ်ပါးတည်းသော တရားနှင့်သာ စီရင်ခြင်းကို ခံရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်သည်၊ ဟုမောရှေအား မိန့်တော်မူ၏။ ၂၃ ဣသရေလ အမျိုးသားတို့သည်၊ ကျိန်ဆဲသောသူကို တပ်ပြင်သို့ ဆောင်သွား၍၊ ကျောက်ခဲနှင့် ပစ်ရမည်အကြောင်း မောရှေဆင့်ဆိုသည် ဖြစ်၍၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည် အတိုင်း သူတို့သည် ပြုကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.