-
AA
+
🡀
|
🡂
ဝတ်ပြုရာကျမ်း
၂၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဝတ်ပြုရာကျမ်း
အခန်းကြီး ၂၃


ထာ၀ရဘုရား၏ ပွဲတော်များ
CROSS REFERENCES






တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် စီရင်ရသော ဓမ္မစည်းဝေးခြင်း တည်းဟူသော၊ ငါထာဝရဘုရား၏ ပွဲတော်များဟူမူကား၊ ​ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည် ငြိမ်ဝပ်စွာ နေသော ဥပုသ်နေ့၊ [A] ဓမ္မစည်းဝေးခြင်းကို ပြုရသောနေ့ ဖြစ်၏။ ထိုနေ့၌ သင်တို့သည် အလုပ်မလုပ်ရကြ။ သင်တို့ နေရာအရပ်ရပ်၌ ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။


ပသခါနှင့်အဇုမပွဲ
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






အချိန်တန်မှ သင်တို့ကြော်ငြာရသော ဓမ္မစည်းဝေးခြင်း တည်းဟူသော၊ ထာဝရဘုရား၏ ပွဲတော်များ ဟူမူကား၊ [B] ပဌမလ ဆယ့်လေးရက်နေ့ ညဦးယံ၌၊ ထာဝရဘုရား၏ ပသခါပွဲဖြစ်၏။ [C] ၎င်းလ ဆယ့်ငါးရက်နေ့၌ ထာဝရဘုရား အဖို့အဇုမ (တဆေးမဲ့မုန့်) ပွဲကို ခံရကြမည်။ [D] ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရကြမည်။ ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား၊ မီးဖြင့် ပူဇော်သက္ကာကို ပြုရမည်။ သတ္တမနေ့၌လည်း ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ၊ ဟုမိန့်တော်မူ၏။ [E]

အဦးသီးပွဲ [F]

တဖန် မောရှေအား ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ၁၀ သင်တို့သည် ငါပေးသော ပြည်သို့ရောက်၍ စပါးရိတ်သောအခါ၊ အဦးရိတ်သော ကောက်လှိုင်းတစ်စည်းကို၊ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။ ၁၁ သင်တို့သည် စိတ်တော်နှင့် တွေ့ခြင်းငှာ၊ ယဇ်ပုရောဟိတ်သည် ဥပုသ်နေ့လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို ထာဝရဘုရား ရှေ့တော်၌ ချီလွှဲရမည်။ ၁၂ ကောက်လှိုင်းကို ချီလွှဲသောနေ့၌ အခါမလည်၊ အပြစ်မပါသော သိုးသူငယ်အထီးကို၊ ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။ ၁၃ ထိုယဇ်နှင့်ဆိုင်သော ဘောဇဉ် ပူဇော်သက္ကာကား၊ ထာဝရဘုရားအား မွှေးကြိုင်ရာဖို့၊ မီးဖြင့်ပြုသော ပူဇော်သက္ကာ တည်းဟူသော၊ ဆီနှင့်ရောသော မုန့်ညက် နှစ်ဩမဲဖြစ်ရမည်။ သွန်းလောင်းရာ ပူဇော်သက္ကာ၊ စပျစ်ရည် သုံးလောဃဖြစ်ရမည်။ ၁၄ သင်တို့၏ ဘုရားသခင် ထံတော်သို့၊ ပူဇော်သက္ကာကို ဆောင်ခဲ့သော နေ့မရောက်မှီ၌၊ မုန့်၊ ဆန်လှော်၊ စိမ်းသော အသီးအနှံကို မစားရ။ သင်တို့ နေရာအရပ်ရပ်၌ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း။


သီတင်းများပွဲ [GF]

၁၅ ချီလွှဲရာ ပူဇော်သက္ကာ ကောက်လှိုင်းကို ဆောင်ခဲ့သောနေ့၊ ဥပုသ်နေ့ အလွန် နက်ဖြန်နေ့ကစ၍၊ သီတင်း ခုနစ်သီတင်း စေ့အောင် ရေတွက်ရမည်။ ၁၆ သတ္တမ ဥပုသ်နေ့ အလွန် နက်ဖြန်နေ့အထိ၊ အရက်ငါးဆယ် တိုင်တိုင် ရေတွက်ပြီးလျှင်၊ ထာဝရဘုရားအား ဘောဇဉ် ပူဇော်သက္ကာ အသစ်ကို ဆက်ရကြမည်။ ၁၇ ထာဝရဘုရားအဖို့ အဦးသီးသော အသီး၊ တဆေးဖြင့်ဖောင်းကြွသော မုန့်ညက် နှစ်ဩမဲနှင့် လုပ်သော၊ ချီလွှဲရာ မုန့်နှစ်လုံးကို သင်တို့အိမ်မှ ထုတ်ဆောင်ခဲ့၍၊ ၁၈ ထိုမုန့်နှင့်တကွ အခါမလည်၊ အပြစ်မပါသော သိုးသူငယ် ခုနစ်ကောင်၊ နွားသူငယ် အထီးတစ်ကောင်၊ ဆိတ်နှစ်ကောင်ကို ဆက်၍၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာနှင့် တကွ၊ ထာဝရဘုရားအား မွှေးကြိုင်ရာဖို့၊ မီးဖြင့်ပြုသော ပူဇော်သက္ကာ တည်းဟူသော၊ မီးရှို့ရာယဇ်ကို ထာဝရဘုရားအား ပူဇော်ရမည်။ ၁၉ အပြစ်​ဖြေရာယဇ်ဖို့ ဆိတ်သူငယ် တစ်ကောင်ကို၎င်း၊ မိတ်ဿဟာရယဇ်အဖို့ အခါမလည်သော သိုးသူငယ် နှစ်ကောင်ကို၎င်း ပူဇော်၍၊ ၂၀ ယဇ်ပုရောဟိတ်သည် အဦးသီးသော အသီးမုန့်နှင့်တကွ ချီလွှဲသဖြင့်၊ သိုးသူငယ် နှစ်ကောင်ပါလျက်၊ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲရာ ပူဇော်သက္ကာ ပြုရမည်။ ထိုအရာတို့သည်လည်း၊ ယဇ်ပုရောဟိတ်အဖို့ ထာဝရဘုရားရှေ့မှာ သန့်ရှင်းသော အရာဖြစ်သတည်း။ ၂၁ ထိုနေ့၌လည်း ဓမ္မစည်းဝေးခြင်းကို စီရင်ရကြမည်။ လောကီ အလုပ်ကို မလုပ်ရ။ သင်တို့ နေရာ အရပ်ရပ်၌ သင်တို့ အမျိုးအဆက် စောင့်ရသော ပညတ်ဖြစ်သတည်း။


လယ်ထောင့်တို့ကို အကုန်အစင် မရိတ်ရ

၂၂ ကိုယ်မြေ၌ ဖြစ်သော စပါးကို ရိတ်သောအခါ၊ လယ်ထောင့်တို့ကို အကုန်အစင် မရိတ်ရ။ သိမ်းရာတွင် ကျန်ကြွင်းသော အရာကိုပြန်၍ မကောက်သိမ်းရ။ ထိုအရာကို ဆင်းရဲသောသူ ဧည့်သည် အာဂန္တုအဖို့ ချန်ခြွင်းရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်သည်၊ ဟုမိန့်တော်မူ၏။


တံပိုးမှုတ်ပွဲ [H]

၂၃ တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ၂၄ သင်တို့သည် သတ္တမလ၊ ပဌမနေ့ရက်၌ တံပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသော ဥပုသ်နေ့ကို စောင့်ရကြမည်။ ၂၅ လောကီအလုပ်ကို မလုပ်ရ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ရမည်၊ ဟုမိန့်တော်မူ၏။


အပြစ်ဖြေရာနေ့
CROSS REFERENCES






၂၆ တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊ ၂၇ သတ္တမလ၊ ဒသမနေ့သည်လည်း အပြစ်ဖြေရာနေ့၊ ဓမ္မစည်းဝေးခြင်းကို ပြုသောနေ့ဖြစ်၏။ [I] ခြိုးခြံစွာ ကျင့်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည်။ ၂၈ ထိုနေ့၌ အဘယ်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌၊ ကိုယ်အပြစ်​ဖြေခြင်းကို ပြုရသောနေ့ ဖြစ်၏။ ၂၉ ထိုနေ့၌ ခြိုးခြံစွာ မကျင့်သောသူ မည်သည်ကား၊ မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်။ ၃၀ ထိုနေ့၌ အလုပ် တစ်စုံတခုကို လုပ်သောသူ မည်သည်ကို၊ သူ၏အမျိုးမှ ငါပယ်ရှားဖျက်ဆီးမည်။ ၃၁ အဘယ်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့နေရာ အရပ်ရပ်၌ ၊ သင်တို့ အမျိုး အစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း။ ၃၂ ထိုနေ့သည် ငြိမ်ဝပ်စွာ နေရသောနေ့၊ ခြိုးခြံစွာ ကျင့်ရသောနေ့ ဖြစ်၏။ နဝမနေ့ ညဦးမှစ၍ နက်ဖြန်ည ဦးတိုင်အောင် ဥပုသ်စောင့်ရမည်၊ ဟုမိန့်တော်မူ၏။


သကေနေပွဲ
CROSS REFERENCES






၃၃ တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ။ ၃၄ သင်တို့သည် သတ္တမလ ဆယ့်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး၊ ထာဝရဘုရားဖို့ သကေနေပွဲကို [J] ခံရကြမည်။ ၃၅ ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ အလုပ်ကို မလုပ်ရ။ ၃၆ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့် ပြုသော၊ ပူဇော်သက္ကာကို ဆက်ကပ်ရမည်။ အဋ္ဌမနေ့၌လည်း၊ ဓမ္မစည်းဝေးခြင်းကို ပြု၍၊ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည်။ ထူးဆန်းသော စည်းဝေးခြင်းဖြစ်၍၊ လောကီအလုပ်ကို မလုပ်ရ။


ပွဲတော်များ

၃၇ ဤရွေ့ကား၊ ထာဝရဘုရား၏ ဥပုသ်နေ့၊ ထာဝရဘုရားအား ဆက်ကပ်ရသော အလှူဒါန၊ ၃၈ သစ္စာဂတိနှင့် ဆိုင်သော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာ မှတပါး၊ နေ့ရက်အသီးသီးတို့၌ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ ယဇ်ပူဇော်ခြင်း၊ သွန်းလောင်းရာ ပူဇော်သက္ကာကို ပြုစေခြင်းငှာ စီရင်ရသော ဓမ္မစည်းဝေးခြင်း၊ ထာဝရဘုရား၏ ပွဲတော်များ ဖြစ်သတည်း။


သကေနေပွဲအဆက်

၃၉ ထိုမှတပါး၊ သင်တို့သည် မြေအသီးအနှံကို သိမ်းယူသောနောက်၊ သတ္တမလ ဆယ့်ငါးရက် နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား ပွဲခံရကြမည်။ ပဌမနေ့နှင့် အဋ္ဌမနေ့၌ ဥပုသ်စောင့်ရကြမည်။ ၄၀ ပဌမနေ့၌ ကောင်းမွန်သော သစ်သီး၊ စွန်ပလွံခက်၊ မိုးမခပင် အစရှိသော အရွက်များသော အပင်၏ အကိုင်းအခက်တို့ကို ယူ၍၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌၊ ခုနစ်ရက်ပတ်လုံး ရွှင်လန်းခြင်းကို ပြုရကြမည်။ ၄၁ ထိုပွဲတော်ကို တစ်နှစ်တစ်နှစ်လျှင် ခုနစ်ရက်ပတ်လုံး ထာဝရဘုရား အဖို့ ခံရကြမည်။ သင်တို့ အမျိုးအစဉ် အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်း။ ထိုပွဲတော်ကို သတ္တမလ၌ ခံရကြမည်။ ၄၂ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သောအခါ၊ သစ်ခက်တဲ၌ နေစေကြောင်းကို၊ သင်တို့အမျိုးအစဉ် အဆက်တို့သည် သိမှတ်မည်အကြောင်း၊ ၄၃ ဣသရေလ အမျိုးသား အပေါင်းတို့သည် သစ်ခက်တဲ၌ ခုနစ်ရက်ပတ်လုံး နေရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်သည်၊ ဟုမိန့်တော်မူ၏။ ၄၄ မောရှေသည်လည်း၊ ထာဝရဘုရား၏ ပွဲတော်များကို ဣသရေလ အမျိုးသားတို့အား ပြန်ကြားလေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.