-
AA
+
🡀
|
🡂
ဝတ်ပြုရာကျမ်း
၂၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဝတ်ပြုရာကျမ်း
အခန်းကြီး ၂၁


ယဇ်ပုရောဟိတ်များသည် သန့်ရှင်းရမည်

တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့အား ဆင့်ဆိုရမည်မှာ၊ အမျိုးသားချင်း သေသောအတွက် သင်တို့တွင် အဘယ်သူမျှ ညစ်ညူးခြင်းမရှိရ။ သို့ရာတွင် ပေါက်ဖေါ်ရင်း တည်းဟူသော မိဘ၊ သားသမီး၊ ညီအစ်ကို၊ လင်မနေသော ကညာနှမရင်းအတွက် ညစ်ညူးခြင်းကို ခံရသောအခွင့်ရှိ၏။ အမျိုးသားချင်း သူကြီးအတွက်၊ ကိုယ်ကိုကိုယ် ရှုတ်ချ၍ ညစ်ညူးခြင်းမရှိရ။ ယဇ်ပုရောဟိတ်သည် ဆံပင်ကို မရိတ်ရ၊ ပါးမုန်းကို မရိတ်ရ။ အသား၌ ခုတ်ရှခြင်းကို မပြုရ။ သူသည် မိမိဘုရားသခင် အဖို့ သန့်ရှင်းရမည်။ မိမိဘုရားသခင်၏ နာမတော်ကို မရှုတ်ချရ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ၊ မိမိဘုရားသခင်၏ အစာအာဟာရကို ပူဇော်သောကြောင့် သန့်ရှင်းခြင်း ရှိရမည်။ သူသည် ပြည်တန်ဆာ မိန်းမ၊ သီလပျက်သော မိန်းမ၊ လင်နှင့်ကွာသော မိန်းမနှင့် မစုံဘက်ရ။ မိမိဘုရားသခင်အဖို့ သန့်ရှင်း၏။ သင်၏ ဘုရားသခင့် ပွဲတော်ကို ဆက်သောကြောင့်၊ သူ့ကိုသန့်ရှင်းစေ၍၊ သူသည် သင့်အဖို့ သန့်ရှင်းရမည်။ သင်တို့ကို သန့်ရှင်းစေသော ငါ ထာဝရဘုရား သန့်ရှင်း၏။ ယဇ်ပုရောဟိတ် သမီးသည်၊ ပြည်တန်ဆာလုပ်၍ ကိုယ်ကိုကိုယ် ရှုတ်ချလျှင် မိမိအဘကို ရှုတ်ချရာရောက်၏။ ထိုသူကို မီးရှို့ရမည်။



ယဇ်ပုရောဟိတ်အတွက်ပညတ်များ

၁၀ မိမိအမျိုးသားချင်း တို့တွင်၊ အဝတ်တန်ဆာ ဆင်လျက်၊ အရာ၌ ခန့်ထား၍ မိမိခေါင်းပေါ်မှာ ဆီလောင်းခြင်း ဘိသိက်ကို ခံသော ယဇ်ပုရောဟိတ်မင်းသည်၊ မိမိခေါင်း၌ တန်ဆာကို မချွတ်ရ။ မိမိအဝတ်ကို မဆုတ်ရ။ ၁၁ အသေကောင်ကို မချဉ်းရ။ မိဘအတွက် ညစ်ညူးခြင်းကို မခံရ။ ၁၂ သန့်ရှင်းရာဌာန တော်ထဲက မထွက်ရ။ မိမိဘုရားသခင်၏ သန့်ရှင်းရာဌာနကို မရှုတ်ချရ။ အကြောင်းမူကား၊ မိမိဘုရားသခင်၏ ဘိသိက်ဆီနှင့် ဆိုင်သောသင်းကျစ် (turban)ကို ဆောင်းရသောသူ ဖြစ်၏။ ငါသည် ထာဝရ ဘုရား ဖြစ်၏။


ယဇ်ပုရောဟိတ်မင်းသည် အပျိုကညာနှင့်သာ စုံဘက်ရမည်

၁၃ ယဇ်ပုရောဟိတ်မင်းသည်၊ အပျိုကညာနှင့်သာ စုံဘက်ရမည်။ ၁၄ မုဆိုးမ၊ လင်နှင့်ကွာသော မိန်းမ၊ သီလပျက်သော မိန်းမ၊ ပြည်တန်ဆာ မိန်းမနှင့် မစုံဘက်ရ။ မိမိအမျိုးသားချင်း အပျိုကညာနှင့်သာ စုံဘက်ရမည်။ ၁၅ မိမိသားကို၊ အမျိုးသားချင်းတို့တွင် မရှုတ်မချရ။ ငါထာဝရဘုရားသည်၊ ယဇ်ပုရောဟိတ်မင်းကို သန့်ရှင်းစေသည်၊ ဟုမိန့်တော်မူ၏။


ကိုယ်လက်အင်္ဂါ မပြည့်စုံသူ ပူဇော်သက္ကာမဆက်ကပ်ရ

၁၆ တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်အား ဆင့်ဆိုရမည်မှာ၊ ၁၇ သင်၏ အမျိုးအစဉ် အဆက်တွင် ကိုယ်၌ အပြစ်ရှိသောသူသည်၊ မိမိဘုရားသခင်၏ ပွဲတော်ကို ဆက်ကပ်အံ့သောငှာ မချဉ်းမကပ်ရ။ ၁၈ မျက်စိကန်းသောသူ၊ ​ခြေဆွံ့သောသူ၊ နှာခေါင်းပိသောသူ၊ အင်္ဂါပိုလွန်းသောသူ၊ ၁၉ လက်ကျိုးသောသူ၊ ​ခြေကျိုးသောသူ၊ ၂၀ ကျောကုန်းသောသူ၊ ပုသောသူ၊ မျက်စိနာသောသူ၊ ဝဲစွဲသောသူ၊ ယားနာစွဲသောသူ၊ ဝှေးစေ့ ပျက်သောသူသည် မချဉ်းမကပ်ရ၊ ၂၁ ယဇ်ပုရောဟိတ် အာရုန်အမျိုးတွင်၊ ကိုယ်၌ အပြစ်ပါသောသူ တစ်စုံတစ်ယောက်မျှ၊ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို၊ ဆက်ကပ်အံ့သောငှာ မချဉ်းမကပ်ရ။ ကိုယ်၌ အပြစ်ပါသောကြောင့်၊ မိမိဘုရားသခင်၏ မုန့်တော်ကို၊ ဆက်ကပ်အံ့သောငှာ မချဉ်းမကပ်ရ။ ၂၂ သန့်ရှင်းသော မုန့်ဖြစ်စေ၊ အလွန်သန့်ရှင်းသော မုန့်ဖြစ်စေ၊ မိမိဘုရားသခင်၏ မုန့်တော်ကို စားရမည်။ ၂၃ ကိုယ်၌ အပြစ်ပါသောကြောင့်၊ ငါ့သန့်ရှင်းရာ ဌာနအရပ်တို့ကို ရှုတ်ချမည်ကို စိုးရိမ်၍၊ ကုလားကာအတွင်းသို့ မဝင်ရ။ ယဇ်ပလ္လင်သို့ မချဉ်းမကပ်ရ။ ငါထာဝရဘုရားသည် ထိုအရပ်တို့ကို သန့်ရှင်းစေသည်၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.