-
AA
+
🡀
|
🡂
ဝတ်ပြုရာကျမ်း
၂၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဝတ်ပြုရာကျမ်း
အခန်းကြီး ၂၀


မောလုတ်ဘုရား ကိုးကွယ်သူ သတ်ရမည်
CROSS REFERENCES






တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ဣသရေလ အမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တပါးအမျိုးသား ဖြစ်စေ၊ မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပြည်သားတို့လည်း ခဲနှင့်ပစ်ရကြမည်။ ငါ့သန့်ရှင်းရာ ဌာနတော်ကို ညစ်ညူးစေလျက်၊ ငါ့သန့်ရှင်းသော နာမတော်ကို ရှုတ်ချလျက်၊ မိမိသားကို မောလုတ် ဘုရားအား ဆက်ကပ်သောသူကို၊ ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။ မိမိသားကို မောလုတ် ဘုရားအား ဆက်ကပ်သောသူကို၊ ပြည်သားတို့သည် အမှုမထား မသတ်ဘဲ နေလျှင်၊ ထိုသို့ နေသောသူနှင့် သူ၏အိမ်သူ အိမ်သားတို့ကို ငါသည် မျက်နှာထား၍၊ ထိုသူကို၎င်း၊ သူနှင့်အတူ မောလုတ်ဘုရား ထံ၌ မှားယွင်းသောသူကို၎င်း၊ သူတို့အမျိုးမှ ပယ်ရှင်းမည်။ လမ်းလွှဲ၍ နတ်ဝင်သူ၊ စုန်းလုပ်သူ နောက်သို့လိုက်လျက်၊ မှားယွင်းသောသူကို ငါသည် မျက်နှာထား၍ သူ၏အမျိုးမှ ပယ်ရှင်းမည်။ သင်တို့၏ ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် ကိုယ်ကို သန့်ရှင်းစေ၍၊ သန့်ရှင်းခြင်း ရှိကြလော့။ [A] ငါနည်းနိဿယတို့ကို ကျင့်ဆောင်ရကြမည်။ ငါသည်သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်၏။


သေထိုက်သော အပြစ်များ

မိဘကို ကျိန်ဆဲသောသူတိုင်း အသေသတ်ခြင်းကို အမှန်ခံရမည်။ မိဘကို ကျိန်ဆဲသောကြောင့် သေထိုက်သော အပြစ်ရှိ၏။ ၁၀ သူ့မယားကို ပြစ်မှားသောသူသည် မှားယွင်းသော မိန်းမနှင့်တကွ၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ ၁၁ ကိုယ်အဘ၏မယားနှင့် သင့်နေသောသူသည်၊ အဘနှင့် သာဆိုင်သော အရာကို ပြစ်မှားသောကြောင့်၊ ထိုမိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။ ၁၂ ယောက်ျားသည် ကိုယ်ချွေးမနှင့် သင့်နေလျှင်၊ ထိုသူ နှစ်ယောက်တို့သည် ရွံရှာဖွယ်သော ရောနှောခြင်းကို ပြုသောကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။ ၁၃ မိန်းမနှင့် ပေါင်းဖေါ်သကဲ့သို့ ယောက်ျားခြင်း ပေါင်းဖေါ်လျှင်၊ ထိုသူ နှစ်ယောက်တို့သည်၊ ရွံရှာဖွယ်သော အမှုကိုပြုသောကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။ ၁၄ ယောက်ျားသည် သမီးနှင့်အမိကို မယားပြုလျှင်၊ မတရားသော အမှုဖြစ်၏။ သင်တို့တွင် မတရားသော အမှုမရှိစေခြင်းငှာ၊ ထိုသူသုံးယောက်တို့ကို မီးရှို့ရမည်။ ၁၅ ယောက်ျားသည် တိရစ္ဆာန် နှင့် ပေါင်းဖေါ်လျှင် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုတိရစ္ဆာန်ကိုလည်း သတ်ရမည်။ ၁၆ မိန်းမသည်လည်း၊ မိမိနှင့် တိရစ္ဆာန်၏ ပေါင်းဖေါ်ခြင်းကို ခံလျှင်၊ ထိုမိန်းမနှင့် တိရစ္ဆာန်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။


အမျိုးမှပယ်သင့်သော အပြစ်များ

၁၇ ယောက်ျားသည် အဘ၏သမီး၊ အမိ၏သမီးဖြစ်သော မိမိနှမနှင့် သင့်နေလျှင်၊ မတရားသော အမှုဖြစ်၏။ ထိုသူတို့သည် အမျိုးသားချင်းတို့ ရှေ့မှောက်၌ ပယ်ရှင်းခြင်းကို ခံရကြမည်။ ထိုယောက်ျားသည် နှမနှင့်သင့်နေသောကြောင့်၊ မိမိအပြစ်ကို ခံရမည်။ ၁၈ ယောက်ျားသည် ဥတုရောက်လျက်ရှိသော မိန်းမနှင့် သင့်နေလျှင်၊ ထိုသူတို့သည် သဘောတူ၍၊ သွေးသွန်နာကို ထင်ရှားစေသောကြောင့်၊ သူတို့အမျိုးမှ ပယ်ရှင်းခြင်းကို ခံရကြမည်။ ၁၉ အဘ၏နှမ၊ အမိ၏ညီမနှင့် မသင့်မနေရ။ ထိုသို့သော ပေါက်ဖေါ်အရင်းနှင့် သင့်နေသောသူတို့သည် မိမိအပြစ်ကို ခံရကြမည်။ ၂၀ အဘ၏ ညီအစ်ကို မယားနှင့် သင့်နေလျှင်၊ အဘ၏ ညီအစ်ကိုနှင့်သာ ဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုသူတို့သည် မိမိအပြစ်ကို ခံရသဖြင့်၊ တသက်လုံး သားမရဘဲ နေရလိမ့်မည်။ ၂၁ ညီအစ်ကို၏ မယားနှင့် သင့်နေလျှင်၊ ညစ်ညူးသော အမှုဖြစ်၏။ ညီအစ်ကိုနှင့်သာ ဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုသူတို့သည် သားမရဘဲ နေရလိမ့်မည်။


သန့်ရှင်းခြင်းရှိရမည်
CROSS REFERENCES






၂၂ သင်တို့ကို ငါပို့ဆောင်၍ နေရာချသောပြည်သည် မအော့အန်စေခြင်းငှာ၊ သင်တို့သည် ငါစီရင် ထုံးဖွဲ့သမျှတို့ကို ကျင့်ဆောင်ရမည်။ ၂၃ သင်တို့ရှေ့မှ ငါနှင်ထုတ်သော လူအမျိုးမျိုးတို့၏ ဘာသာဓလေ့သို့ မလိုက်ရ။ သူတို့သည် ထိုသို့သော ခပ်သိမ်းတို့ကို ပြုသောကြောင့် ငါရွံရှာ၏။ ၂၄ သူတို့ပြည် တည်းဟူသော နို့နှင့်ပျားရည်စီးသောပြည် [B] ကိုသင်တို့သည် အမွေခံစေခြင်းငှာ ငါအပိုင်ပေးမည်၊ ဟုငါ့အမိန့်တော်ရှိပြီ။ ငါသည် သင်တို့ကို အခြားသော အမျိုးနှင့်ခွဲထားသော သင်တို့ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ၂၅ ထိုအကြောင်းကြောင့်၊ စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ စင်ကြယ်သောငှက်၊ မစင်ကြယ်သော ငှက်တို့ကို ပိုင်းခြားရမည်။ ငါခွဲထားသည်အတိုင်း၊ မစင်ကြယ်သောသား၊ ငှက်၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန် တစ်စုံတခုအားဖြင့် ကိုယ်ကိုကိုယ် ရွံရှာဘွယ်မဖြစ်စေရ။ ၂၆ ငါထာဝရဘုရား သန့်ရှင်းသည် ဖြစ်၍၊ သင်တို့ကို ငါအလိုရှိသဖြင့်၊ အခြားသော အမျိုးနှင့် ခွဲထားသောကြောင့်၊ ငါ့အဖို့ သန့်ရှင်းခြင်း ရှိရကြမည်။ ၂၇ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ နတ်ဝင်သောသူ၊ စုန်းလုပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုသို့သောသူကို ခဲနှင့်ပစ်ရကြမည်။ သူ၌ သေထိုက်သော အပြစ်ရှိသည်၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.