-
AA
+
🡀
|
🡂
ဝတ်ပြုရာကျမ်း
၁၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဝတ်ပြုရာကျမ်း
အခန်းကြီး ၁၉


အမျိုးမျိုးသော ပညတ်များ
CROSS REFERENCES





CROSS REFERENCES






တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့၏ ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့်၊ သင်တို့လည်း သန့်ရှင်းခြင်းရှိကြလော့။ [A] လူတိုင်း ကိုယ်မိဘကို ရိုသေရမည်။ ငါ့ဥပုသ်နေ့ [B] တို့ကိုလည်း စောင့်ရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ရုပ်တုဆင်းတုကိုလည်း မချဉ်းမကပ်ရ။ ကိုယ်အဖို့ သွန်းသော ဘုရားတို့ကို မလုပ်ရ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ မိဿဟာယယဇ်ကို ထာဝရဘုရားအား ပူဇော်လျှင်၊ စိတ်တော်နှင့် တွေ့အောင် ပူဇော်ရမည်။ ပူဇော်သောနေ့နှင့် နက်ဖြန်နေ့၌ စားရမည်။ သန်ဘက်နေ့တိုင်အောင် ကျန်ကြွင်းလျှင် မီးရှို့ရမည်။ သန်ဘက်နေ့၌ အနည်းငယ်ကိုမျှ စားလျှင် ရွံရှာဖွယ်ဖြစ်၏။ စိတ်တော်နှင့် မတွေ့။ စားသောသူသည် ထာဝရဘုရား၏ သန့်ရှင်းသော အရာကို ရှုတ်ချသောကြောင့် မိမိအပြစ်ကို ခံရမည်။ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်။ ကိုယ်မြေ၌ ဖြစ်သော စပါးကို ရိတ်သောအခါ၊ လယ်ထောင့်တို့ကို အကုန်အစင် မရိတ်ရ။ သိမ်းရာတွင် ကျန်ကြွင်းသော အရာကိုပြန်၍ မကောက်မသိမ်းရ။ ၁၀ ကိုယ်စပျစ်သီးကိုလည်း အကုန်အစင် မသိမ်းရ။ ကျန်ကြွင်းသော အသီးကိုပြန်၍ မဆွတ်ရ။ ထိုအသီးကို ဆင်းရဲသောသူ၊ ဧည့်သည်အာဂန္တုအဖို့ ချန်ခြွင်းရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။


အမျိုးမျိုးသော ပညတ်များအဆက်
CROSS REFERENCES






၁၁ သူ့ဥစ္စာကို မခိုးရ။ သူတပါးကို မလှည့်စားရ။ တစ်ယောက်ကို တစ်ယောက် မုသာစကားမပြောရ။ ၁၂ ငါ့နာမကိုတိုင်တည်၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုခြင်းကို မပြုရ။ သင်၏ ဘုရားသခင် နာမကို မရှုတ်ချရ။ ငါသည် ထာဝရဘုရားဖြစ်၏။ ၁၃ ကိုယ်နှင့် စပ်ဆိုင်သော သူ၏ဥစ္စာကို မတရားသဖြင့် မသိမ်းရ။ အနိုင်အထက်ပြု၍ မယူရ။ သူငှားခံထိုက်သော အခကို တစ်ညလုံး နံနက် တိုင်အောင် မထားရ။ ၁၄ နားပင်းသောသူကို မကျိန်ဆဲရ။ မျက်စိ မမြင်သော သူရှေ့မှာ ထိမိ၍ လဲစရာကို မထားရ။ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ [C] ငါသည် ထာဝရဘုရား ဖြစ်၏။ ၁၅ တရားတွေ့သည် အမှုမှာတရားသဖြင့် မစီရင်ရ။ ဆင်းရဲသောသူ ဘက်၌ မငဲ့ကွက်၊ ကြီးသောသူ၏ မျက်နှာကို မထောက်ဘဲ၊ ကိုယ်အမျိုးသားချင်းကို တရားသဖြင့် စီရင်ရမည်။ ၁၆ သူ့အသရေ ပျက်သော သတင်းကို ကြားပြောခြင်းငှာ၊ ကိုယ်အမျိုးသားချင်းတို့တွင် မလှည့်လည်ရ။ ကိုယ်နှင့်စပ်ဆိုင် သောသူကို သေစေခြင်းငှါ မကြံစည်ရ။ ငါသည် ထာဝရဘုရား ဖြစ်၏။ ၁၇ သင်၏ ညီအစ်ကိုကို စိတ်အခုအခံမရှိရ။ ကိုယ်နှင့် စပ်ဆိုင်သောသူ၌ ရှိသော အပြစ်ကို တတ်တိုင်းမရှိစေဘဲ၊ သူ့ကို အမှန်ဆုံးမရမည်။ ၁၈ သင့်အမျိုးသား ချင်းသည် သင့်ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မတုံ့ရ၊ အငြိုးမထားရ။ ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ရမည်။ [D] ငါသည် ထာဝရဘုရားဖြစ်၏။ ၁၉ ငါ၏ ပညတ်တရားကို သင်တို့သည် စောင့်ရကြမည်။ အမျိုးခြားသော တိရစ္ဆာန် အထီးအမတို့ကို မရှက်မတင်စေရ။ ခြားနားသော မျိုးစေ့ကို ရောနှော၍ လယ်၌ မကြဲရ။ ဝါနှင့် သိုးမွှေးရော၍ ရက်သောအဝတ်ကို မဝတ်ရ။


အမျိုးမျိုးသော ပညတ်များအဆက်
CROSS REFERENCES






၂၀ ထိမ်းမြားဆောင်နှင်းလျက်၊ မရွေးမလွှတ်သေးသော ကျွန်မိန်းမနှင့် သင့်နေသောသူသည် ရိုက်နှက်ခြင်းကို ခံရမည်။ ထိုမိန်းမသည် သူ့​ကျွန်ဖြစ်သောကြောင့် သေပြစ်နှင့် လွတ်ရမည်။ ၂၁ ယောက်ျားသည်လည်း၊ ဒုစရိုက်​ဖြေရာ ယဇ်ဖို့ သိုးထီးတစ်ကောင်ကို ပရိသတ် စည်းဝေးရာ တဲတော် တံခါးနား ထာဝရဘုရား ထံတော်သို့ ဆောင်ခဲ့ရမည်။ ၂၂ ထိုယောက်ျား ပြုမိသောအပြစ်ကို​ ဖြေခြင်းငှာ၊ ဒုစရိုက်​ ဖြေရာယဇ်သိုးကို၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရား ရှေ့မှာပူဇော်ရမည်။ ထိုယောက်ျားသည် အပြစ်လွတ်ခြင်းသို့ ရောက်လိမ့်မည်။ ၂၃ သင်တို့သည် ငါပေးသော ပြည်သို့ရောက်၍၊ စားအပ်သော အပင်အမျိုးမျိုးကို စိုက်ပြီးမှ၊ သုံးနှစ်ပတ်လုံး သီးသောအသီးကို၊ အရေဖျားလှီးခြင်း [E]ကို မခံသောအသီးဟူ၍ မှတ်ရမည်။ ထိုအသီးကို မစားရ။ ၂၄ စတုတ္ထနှစ်တွင် သီးသော အသီးရှိသမျှသည် သန့်ရှင်း၍၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းဖို့ရာ ဖြစ်ရမည်။ ၂၅ ပဉ္စမနှစ်တွင် သီးသောအသီးကို စားရမည်။ ထိုသို့ပြုလျှင် အပင်တို့သည် သာ၍ သီးကြလိမ့်မည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ ၂၆ အသွေးပါသော အသေကောင်ကို မစားရ။ မကောင်းသော အတတ်ကို မပြုစုရ။ ကာလ ဗေဒင်ကို မကြည့်ရ။ ၂၇ ဦးခေါင်းအနား ပတ်လည်၌ ဆံပင်ကို ဝန်း၍ မရိတ်ရ။ ပါးမုန်းကိုလည်း မရိတ်ရ။ ၂၈ သေသောသူအတွက် ကိုယ်အသားကို မခုတ်မရှရ၊ သံပူမထိုးရ။ ငါသည် ထာဝရဘုရား ဖြစ်၏။ ၂၉ ကိုယ်သမီးကို ပြည်တန်ဆာ ဖြစ်စေခြင်းငှာ မရှုတ်မချရ။ သို့ပြုလျှင် တပြည်လုံးသည် မတရားသော မေထုန်သို့လိုက်၍ အဓမ္မအမှုနှင့် ပြည့်လိမ့်မည်။


အမျိုးမျိုးသော ပညတ်များအဆက်

၃၀ ငါ့ဥပုသ်နေ့ တို့ကိုစောင့်၍၊ ငါ့သန့်ရှင်းရာ ဌာနတော်ကို ရိုသေရမည်။ ငါသည် ထာဝရဘုရား ဖြစ်၏။ ၃၁ ကိုယ်ကိုကိုယ် ညစ်ညူးစေခြင်းငှာ၊ နတ်ဝင်သူကို မမှီဝဲရ။ စုန်းလုပ်သူကိုလည်း မရှာဖွေရ။ ငါသည် သင်၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ ၃၂ ဆံပင်ဖြူသော သူရှေ့မှာ ထရမည်။ အသက်ကြီးသောသူ၏ မျက်နှာကို ရိုသေရမည်။ သင်၏ ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရား ဖြစ်၏။ ၃၃ သင်၏ပြည်၌ တည်းသော ဧည့်သည်ကို မညှဉ်းဆဲရ။ ၃၄ သင်နှင့် အတူနေသော ဧည့်သည်ကို ကိုယ်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်၊ ကိုယ်နှင့်အမျှ ချစ်ရမည်။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည် ဖြစ်ကြဖူးပြီ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ၃၅ တိုင်းထွာသောအမှု၊ ချိန်တွယ်သောအမှု၊ ခြင်တွက်သောအမှု၌ မတရားစွာ မပြုရ။ ၃၆ မှန်သောချိန်ခွင်၊ မှန်သောအလေး၊ မှန်သောဧဖာ၊ မှန်သောဟိန်တို့ကို သုံးရမည်။ ငါသည် သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ ၃၇ သင်တို့သည် ငါ့စီရင်ထုံးဖွဲ့ချက် အလုံးစုံတို့ကို စောင့်ရှောက်ရကြမည်။ ငါသည် ထာဝရဘုရား ဖြစ်သည်၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.