-
AA
+
🡀
|
🡂
ဝတ်ပြုရာကျမ်း
၁၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဝတ်ပြုရာကျမ်း
အခန်းကြီး ၁၈


ထာ၀ရဘုရား စီရင်သည့် အတိုင်းသာ ကျင့်ရမည်

တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ သင်တို့နေဖူးသော အဲဂုတ္တုပြည်၏ အကျင့်ကို၎င်း၊ သင်တို့ကို ငါပို့ဆောင်လတံ့သော ခါနာန်ပြည်၏ အကျင့်ကို၎င်း၊ သင်တို့သည် မကျင့်၊ သူတို့တရားလမ်းသို့ မလိုက်ရကြ။ ငါစီရင်ချက်ရှိသည် အတိုင်းကျင့်၍၊ ငါ့ပညတ်တရားလမ်းသို့ လိုက်ခြင်းငှာ စောင့်ရှောက်ရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ထိုကြောင့် ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုအကျင့်ကို ကျင့်သောသူသည်၊ ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။


မိသားစုဝင်နှင့် သံဝါသမပြုရ

သင်တို့တွင် အဘယ်သူမျှ ကိုယ်ပေါက်ဖေါ် တော်သောသူကိုချဉ်း၍ သံဝါသမပြုရ။ ငါသည် ထာဝရဘုရားဖြစ်၏။ သင်၏အဘနှင့် သာဆိုင်သော သင်၏အမိကို မချဉ်းရ။ ကိုယ်အမိ ဖြစ်သောကြောင့် သံဝါသမပြုရ။ ကိုယ်အဘ၏ မယားမည်သည်ကို မချဉ်းရ။ အဘနှင့် သာဆိုင်၏။ တစ်အိမ်တည်း၌ မွေးဖွားသည်ဖြစ်စေ၊ အခြားသောအရပ်၌ မွေးဖွားသည်ဖြစ်စေ၊ သင်၏ နှမကိုမချဉ်းရ။ ၁၀ ကိုယ်ရင်သွေးဖြစ်သော သင်၏မြေးကို မချဉ်းရ။ ၁၁ အမိခြားသော်လည်း တစ်ဘတည်းဖြစ်သော နှမကိုမချဉ်းရ။ ၁၂ သင့်အဘ၏ ပေါက်ဖေါ်ရင်းဖြစ်သော အဘ၏နှမကို၎င်း၊ ၁၃ သင့်အမိ၏ ပေါက်ဖေါ်ရင်း ဖြစ်သော အမိ၏ညီအစ်မကို၎င်း၊ ၁၄ အဘ၏ ညီအစ်ကိုနှင့်သာ ဆိုင်သော မိကြီးမိထွေးဖြစ်သော အဘ၏ညီအစ်ကို မယားကို၎င်း၊ ၁၅ သား၏မယား တည်းဟူသော ချွေးမကို၎င်း၊ ၁၆ ညီအစ်ကိုနှင့် သာဆိုင်သော ညီအစ်ကို၏ မယားကို၎င်း မချဉ်းရ။ ၁၇ ကိုယ်မယား၏ ပေါက်ဖေါ်ရင်း ဖြစ်သော မယား၏သမီး၊ မယား၏မြေးကို မချဉ်းရ။ မတရားသော အမှုဖြစ်၏။ ၁၈ ကိုယ်မယားကို နှောင့်ယှက်ခြင်းငှာ၊ သူအသက်ရှင်စဉ်တွင်၊ သူ၏ ညီအစ်မကို မသိမ်းရ။


မချဉ်းရမည့်အရာများ

၁၉ ဥတုရောက်၍ မစင်ကြယ်သော မိန်းမကိုလည်း မချဉ်းရ။ ၂၀ ကိုယ်ကို ညစ်ညူးစေလျက်၊ သူ့မယားကို မပြစ်မှားရ။ ၂၁ သင်၏ သားသမီးတို့ကို၊ မောလုတ် ဘုရားအား မီးဖြင့်မပူဇော်ရ။ သင်၏ ဘုရားသခင် နာမတော်ကို မရှုတ်မချရ။ ငါသည် ထာဝရဘုရား ဖြစ်၏။ ၂၂ မိန်းမနှင့် ပေါင်းဖော်ကဲ့သို့ ယောကျ်ားချင်း မပေါင်းဖေါ်ရ။ ရွံရှာဖွယ်အမှုဖြစ်၏။ ၂၃ ကိုယ်ကိုကိုယ် ညစ်ညူးစေ၍ တိရစ္ဆာန်နှင့် မပေါင်းဖေါ်ရ။ မိန်းမသည်လည်း မိမိနှင့် တိရစ္ဆာန်၏ ပေါင်းဖေါ်ခြင်းကို မခံရ။ ရွံရှာဘွယ်သော ရောနှောခြင်းဖြစ်၏။ ၂၄ ထိုသို့သော အမှုအားဖြင့် ကိုယ်ကိုကိုယ် မညစ်ညူးစေရ။ သင်တို့ရှေ့မှ ငါနှင်ထုတ်သော လူအမျိုးမျိုးတို့သည်၊ ထိုသို့သော အမှုကိုပြု၍ ညစ်ညူးကြ၏။ ၂၅ သူတို့ပြည်သည်လည်း ညစ်ညူး၏။ ညစ်ညူးသော အပြစ်ကြောင့် ငါဆုံးမ၍၊ ထိုပြည်သည် မိမိသားတို့ကို အော့အန်လိမ့်မည်။ ၂၆ သင်တို့မူကား၊ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုပြည်သည် သင်တို့ရှေ့၌ ရှိသော လူအမျိုးမျိုးတို့ကို အော့အန်သကဲ့သို့ တဖန်ညစ်ညူးခြင်း ကိုခံ၍၊ သင်တို့ကို မအော့အန်စေခြင်းငှာ၊ ကိုယ်အမျိုးသားဖြစ်စေ၊ ၂၇ သင်တို့တွင် တည်းနေသော တပါးအမျိုးသား ဖြစ်စေ၊ ထိုသို့သော ရွံရှာဖွယ်သော အမှုတို့ကိုမပြုရ။ ၂၈ သင်တို့ရှေ့၌ ရှိသော ပြည်သားတို့သည်၊ ထိုသို့သော ရွံရှာဖွယ်အမှုတို့ကို ပြုသောအားဖြင့် သူတို့ပြည်သည် ညစ်ညူးခြင်းရှိ၏။ ၂၉ ထိုသို့သော ရွံရှာဖွယ်အမှုတို့ကို ပြုသောသူမည်သည်ကား၊ သူ၏အမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်။ ၃၀ သို့ဖြစ်၍ သင်တို့ရှေ့၌ ပြုဖူးသော ထိုရွံရှာဘွယ် ထုံးစံဓလေ့သို့ သင်တို့သည် လိုက်၍ ကိုယ်ကိုကိုယ် မညစ်ညူးစေခြင်းငှာ၊ ငါ့ပညတ်တရားကို စောင့်ရှောက်ကြမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.