-
AA
+
🡀
|
🡂
ဝတ်ပြုရာကျမ်း
၁၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဝတ်ပြုရာကျမ်း
အခန်းကြီး ၁၇


တိရစ္ဆာန်များသတ်လျှင် တဲတော်သို့ဆောင်ရမည်

တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်နှင့် သူ၏သား၊ ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ဣသရေလ အမျိုးသား တစ်စုံတစ်ယောက်သည်၊ သိုး၊ ဆိတ်၊ နွားကိုတပ်ထဲမှာ သတ်သည်ဖြစ်စေ၊ တပ်ပြင်မှာ သတ်သည်ဖြစ်စေ၊ ထာဝရဘုရား၏ တဲတော်ရှေ့တွင်၊ ထာဝရဘုရားအား ပူဇော်သက္ကာ ပြုခြင်းငှာ၊ ပရိသတ် စည်းဝေးရာ တဲတော်တံခါးသို့ မဆောင်ခဲ့လျှင်၊ ထိုသူသည် အသက်သတ်သော အပြစ်ရှိသည်၊ ဟုမှတ်ရမည်။ အသက်သတ်သော ထိုသူကို၊ သူ၏အမျိုးမှ ပယ်ရှင်းရမည်။ ဣသရေလ အမျိုးသားတို့သည်၊ တော၌ ပူဇော်သော ယဇ်တို့ကို၊ ပရိသတ် စည်းဝေးရာ တဲတော်တံခါး ရှေ့တွင်၊ ထာဝရဘုရား ထံတော်မှာ ယဇ်ပုရောဟိတ် ရှေ့သို့ဆောင်ခဲ့၍၊ ထာဝရဘုရားအား မိဿဟာယ ယဇ်ပူဇော်စေခြင်းငှါ၊ ထိုသို့ စီရင်ရသတည်း။ ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်ကောင် အသွေးကို ပရိသတ် စည်းဝေးရာ တဲတော် တံခါးနား၌ ရှိသော၊ ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ ဖြန်း၍၊ ဆီဥကိုလည်း ထာဝရဘုရားအား၊ မွှေးကြိုင်ရာဖို့ မီးရှို့ရမည်။ သူတို့သည် အထက်က မှားယွင်းသကဲ့သို့၊ နောက်တဖန် နတ်ဆိုးတို့အား ယဇ်မပူဇော်ရ။ ဤပညတ်သည် သူတို့အမျိုး အစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း။ ဣသရေလ အမျိုးသားခြင်း ဖြစ်စေ၊ သင်တို့တွင် တည်းနေသော တပါးအမျိုးသား ဖြစ်စေ၊ မီးရှို့ရာယဇ် အစရှိသော အခြားသော ယဇ်တစ်စုံတခုကို ပူဇော်သောအခါ၊ ထာဝရဘုရားအား ပူဇော်သက္ကာ ပြုခြင်းငှာ၊ ပရိသတ် စည်းဝေးရာ တံခါးသို့ မဆောင်ခဲ့လျှင်၊ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်၊ ဟုသူတို့အား ဆင့်ဆိုရမည်။


လူအပြစ်ကိုဖြေသော အရာအသွေး
CROSS REFERENCES






၁၀ ဣသရေလ အမျိုးသားမှစ၍၊ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစ်စုံတစ်ယောက်သည်၊ အသွေး တမျိုးမျိုးကို စားလျှင်၊ ထိုသူကို ငါသည် မျက်နှာထား၍၊ သူ၏အမျိုးမှ ငါပယ်ရှင်းမည်။ ၁၁ အကြောင်းမူကား၊ ကိုယ်ခန္ဓာ အသက်သည် အသွေး၌ တည်၏။ [A] သင်တို့ပြုသော အပြစ်ကို ဖြေစေခြင်းငှာ၊ ထိုအသွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။ လူအပြစ်ကို ဖြေသောအရာကား၊ အသွေးဖြစ်သတည်း။


အသွေးမစားရ
CROSS REFERENCES






၁၂ ထိုကြောင့် သင်တို့၌ အဘယ်သူမျှ အသွေးကိုမစားရ။ သင်တို့တွင် တည်းနေသော တပါးအမျိုးသားလည်း အသွေးကိုမစားရ၊ [B] ဟုဣသရေလ အမျိုးသားတို့အား ငါအမိန့်တော်ရှိ၏။ ၁၃ ဣသရေလ အမျိုးသားမှစ၍ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစ်စုံတစ်ယောက်သည်၊ မုဆိုးလုပ်၍ စားစရာဖို့ သား၊ ငှက်ကိုဖမ်းမိလျှင်၊ အသွေးကိုသွန်၍ မြေနှင့်ဖုံးရမည်။ ၁၄ အသွေးသည် ခပ်သိမ်းသော ကိုယ်ခန္ဓာ အသက်ရှင်ရာ အကြောင်းဖြစ်၏။ [C] ထိုကြောင့် သင်တို့သည် တစ်စုံတခုသော ကိုယ်ခန္ဓာ၏ အသွေးကိုမစားရ၊ ဟုဣသရေလ အမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။ ခပ်သိမ်းသော ကိုယ်ခန္ဓာအသက်သည် အသွေး၌ တည်သောကြောင့်၊ အသွေးကို စားသောသူ မည်သည်ကား၊ ပယ်ရှင်းခြင်းကို ခံရမည်။ ၁၅ အလိုလို သေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်၏ အသားကို စားသော ကိုယ်အမျိုးသား၊ တပါးအမျိုးသား မည်သည်ကား၊ စားလျှင် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ထိုနောက် စင်ကြယ်ခြင်းရှိ၏။ ၁၆ အဝတ်ကို မလျှော် ရေမချိုးလျှင်၊ ကိုယ်အပြစ်ကို ကိုယ်ခံရမည်၊ ဟုထာဝရဘုရားသည် ပညတ်တော်မူ၏။





S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.