-
AA
+
🡀
|
🡂
ဝတ်ပြုရာကျမ်း
၁၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဝတ်ပြုရာကျမ်း
အခန်းကြီး ၁၅


ရိနာစွဲသောသူ မစင်ကြယ်

တဖန် မောရှေနှင့် အာရုန်အား ထာဝရဘုရားက၊ သင်တို့သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ရိနာစွဲသော ယောက်ျားသည် မစင်ကြယ်။ အစဉ်ယိုသည် ဖြစ်စေ၊ တခါတလေ ရပ်သည်ဖြစ်စေ၊ ထိုသူသည် မစင်ကြယ်။ အိပ်သမျှ ထိုင်သမျှသော အိပ်ရာ ထိုင်ရာတို့သည်လည်း မစင်ကြယ်။ -၈ သူ၏ အိပ်ယာကို ထိသောသူ၊ သူ့ထိုင်ရာပေါ်မှ ထိုင်သောသူ၊ သူ၏ကိုယ်ကို ထိသောသူ၊ သူ၏ တံထွေး ထိမိသောသူသည်၊ မိမိအဝတ်ကို လျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ရိနာစွဲသောသူ၊ စီးသော ကုန်းနှီးလည်း မစင်ကြယ်။ ၁၀ သူအောက်၌ ရှိသောအရာကို ထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်။ ထိုအရာ တစ်စုံတခုကို ဆောင်သောသူသည်၊ မိမိ အဝတ်ကို လျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ၁၁ ရိနာစွဲသောသူသည်၊ လက်မဆေးဘဲ သူတပါးကို လက်နှင့်ထိလျှင်၊ ထိုသူသည် မိမိအဝတ်ကို လျှော်၍ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ၁၂ ရိနာစွဲသောသူ ထိသော မြေတန်ဆာကို ခွဲရမည်။ သစ်သား တန်ဆာကို ရေနှင့် ဆေးရမည်။


ရိနာစွဲသောသူ အပြစ်ဖြေခြင်း

၁၃ ရိနာစွဲသောသူသည် အနာပျောက်သောအခါ၊ ပျောက်သောနေ့ကစ၍၊ ခုနစ်ရက်လွန်မှ မိမိအဝတ်ကို လျှော်၍၊ စီးသောရေနှင့် ကိုယ်ကို ချိုးသဖြင့် စင်ကြယ်ရ၏။ ၁၄ အဋ္ဌမနေ့၌ လည်း၊ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေး နှစ်ကောင်ဖြစ်စေ၊ တခုခုကို ထာဝရဘုရား ရှေ့တော်၌ ပရိသတ် စည်းဝေးရာ တံခါးနား သို့ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်အား ပေးရမည်။ ၁၅ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ဖို့ တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့ တစ်ကောင်ကို ပူဇော်၍၊ ရိနာစွဲသောသူအဖို့ ထာဝရဘုရား ရှေ့တော်၌ အပြစ်ဖြေခြင်းကို ပြုရမည်။


သုတ်ရည်ထွက်လျှင် မစင်ကြယ်

၁၆ ယောက်ျားသည် သုတ်ရည်ထွက်လျှင် တကိုယ်လုံး ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ၁၇ သုတ်ရည်ထိသော အဝတ်၊ သားရေရှိ သမျှတို့ကို ရေနှင့် လျှော်ရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ၁၈ ယောက်ျားသည် မိန်းမနှင့် သံဝါသပြုလျှင်၊ နှစ်ယောက်စလုံးတို့သည် ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။


ဥတုရောက်သော မိန်းမ မစင်ကြယ်

၁၉ မိန်းမသည် ဥတုရောက်လျှင်၊ ခုနစ်ရက်ပတ်လုံး ဥတု မစင်ကြယ်ရာ၌ နေရမည်။ သူ့ကိုထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ၂၀ ဥတု မစင်ကြယ်လျက် အိပ်သမျှ၊ ထိုင်သမျှတို့သည် မစင်ကြယ်ဖြစ်၏ ၂၁-၂၂ သူ၏ အိပ်ယာ၊ သူ၏ ထိုင်ရာကို ထိသောသူသည်၊ မိမိအဝတ်ကိုလျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ၂၃ သူ၏ နေရာထိုင်ရာ စွန်းလျှင်၊ ထိုနေရာထိုင်ရာကို ထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ၂၄ ဥတုရောက်သော မိန်းမနှင့် သံဝါသ ပြုသောသူသည် ခုနစ်ရက်ပတ်လုံး မစင်ကြယ်၊ အိပ်ရာရှိသမျှလည်း မစင်ကြယ်ဖြစ်၏။ ၂၅ ဥတု မစင်ကြယ်ရာ ကာလလွန်မှ၊ သွေးယို နာမပျောက်လျှင်၊ အနာမပျောက်မှီတိုင်အောင် ဥတုမစင်ကြယ်လျက်၊ နေရသကဲ့သို့ မစင်ကြယ်ဖြစ်၏။ ၂၆ အနာ မပျောက်မှီတိုင်အောင် သူ၏အိပ်ယာသည် ဥတုမစင်ကြယ်သော အိပ်ယာကဲ့သို့၎င်း၊ ထိုင်ရာသည်လည်း ထိုကဲ့သို့၎င်း၊ မစင်ကြယ်ဖြစ်ကြ၏။ ၂၇ ထိုအရာတို့ကို ထိသောသူသည်လည်း မစင်ကြယ်သောကြောင့်၊ မိမိအဝတ်ကို လျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။


ဥတုရောက်သော မိန်းမစင်ကြယ်နည်း

၂၈ ထိုမိန်းမသည် သွေးယိုနာ ပျောက်၍ ခုနစ်ရက်လွန်လျှင် စင်ကြယ်လိမ့်မည်။ ၂၉ အဋ္ဌမနေ့၌ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေး နှစ်ကောင်ဖြစ်စေ၊ တခုခုကို ပရိသတ် စည်းဝေးရာ တဲတော် တံခါးနား၊ ယဇ်ပုရောဟိတ် ထံသို့ ဆောင်ခဲ့ရမည်။ ၃၀ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ဖို့ တစ်ကောင်၊ မီးရှို့ရာယဇ်ဖို့ တစ်ကောင်ကို ပူဇော်၍၊ ဥတုမစင်ကြယ်သော မိန်းမအဖို့ ထာဝရဘုရား ရှေ့တော်၌ အပြစ်ဖြေခြင်းကို ပြုရမည်။ ၃၁ ထိုသို့ ဣသရေလ အမျိုးသားတို့သည် မိမိတို့တွင် ရှိသော ငါ့တဲတော်ကို ညစ်ညူးစေ၍၊ မိမိတို့ မစင်ကြယ်ရာ၌ မသေစေခြင်းငှာ၊ သူတို့ကို မစင်ကြယ်ခြင်းနှင့် ကင်းစေရမည်။ ၃၂ ဤရွေ့ကား၊ ရိနာစွဲသောသူ၊ သုတ်ရည်ထွက်၍ ညစ်ညူးသောသူ၊ ၃၃ ဥတုရောက်သော မိန်းမ၊ သံဝါသပြုသော ယောက်ျားမိန်းမ၊ မစင်ကြယ်သော မိန်းမနှင့် သံဝါသပြုသော ယောက်ျား စောင့်ရသော တရားဖြစ်သတည်း၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.