-
AA
+
🡀
|
🡂
ဝတ်ပြုရာကျမ်း
၁၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဝတ်ပြုရာကျမ်း
အခန်းကြီး ၁၁


ခွါမကွဲ၊ စားမြုံ့မပြန်သော အသား မစင်ကြယ်

တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်တို့ကို ခေါ်တော်မူ၍၊ သင်တို့သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ မြေကြီးပေါ်မှာ ရှိသော သားတကာတို့တွင်၊ ခွါကွဲပြား၍ စားမြုံ့ပြန်သော သားများကို သင်တို့သည် စားရသော အခွင့်ရှိ၏။ သို့သော်လည်း၊ စားမြုံ့ပြန်သောသား၊ ခွါကွဲပြားသော သားတို့တွင် မစားရသောသား ဟူမူကား၊ ကုလားအုပ်သည် စားမြုံ့ပြန်သော်လည်း ခွါမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။ ရှာဖန်သည် စားမြုံ့ပြန်သော်လည်း၊ ခွါမကွဲ ပြားသောကြောင့် သင်တို့၌ မစင်ကြယ်။ အာရနဘက်သည် စားမြုံ့ပြန်သော်လည်း၊ ခွါမကွဲ ပြားသောကြောင့် သင်တို့၌ မစင်ကြယ်။ ၀က်သည် ခွါကွဲပြားသော်လည်း၊ စားမြုံ့မပြန်သောကြောင့် သင်တို့၌ မစင်ကြယ်။ ထိုသို့သော တိရစ္ဆာန်အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။ မစင်ကြယ်၊ ဟုသင်တို့မှတ်ရကြမည်။


အယပ်နှင့် အ​ကြေးမရှိမစင်ကြယ်

ပင်လယ်ရေ၊ မြစ်ရေ အစရှိသောရေ၌ နေသော တိရစ္ဆာန်တကာတို့တွင်၊ အယပ်နှင့်အ​ကြေးရှိသော တိရစ္ဆာန်ကိုသာ စားရမည်။ ၁၀ အယပ်နှင့်အ​ကြေးမရှိ၊ ပင်လယ်ရေ၊ မြစ်ရေအစရှိသော ရေ၌ လှုပ်ရှားလျက် အသက်ရှင်လျက် နေသော၊ တိရစ္ဆာန် ရှိသမျှတို့သည် သင်တို့၌ ရွံရှာဘွယ် ဖြစ်ရကြမည်။ ၁၁ အယပ်အ​ကြေးနှင့် မပြည့်စုံသော ရေတိရစ္ဆာန် အသားကို သင်တို့သည် မစားရ။ ၁၂ သူတို့ အသေကောင်ကိုလည်း ရွံရှာရကြမည်။


မစင်ကြယ်သော ငှက်များ

၁၃ သင်တို့သည် ရွံရှာဘွယ်မှတ်၍ မစားရသော ငှက်မျိုးဟူမူကား၊ လင်းယုန်၊ ပင်လယ်လင်းတ၊ လင်းယုန်၊ ၁၄ ဒါဟ၊ စွန်းမျိုး၊ ၁၅ ကျီးမျိုးရှိသမျှ၊ ၁၆ ကုလားအုပ်ငှက်၊ ငှက်ဆိုး၊ ဥဗျိုင်း၊ သိမ်းမျိုး၊ ၁၇ ဇိကွက်၊ ကြိုးကြာ၊ ဣဗိတ်၊ ၁၈ ငှက်ကျား၊ ဝံပို၊ ဝံလို၊ ၁၉ တောငန်း၊ ဒုံးစပ်မျိုး၊ ဒုံကုလား၊ လင်းနို့မှစ၍၊ ၂၀ အတောင်ရှိလျက် ​ခြေလက်ချောင်းနှင့် တွားတတ်သော တိရစ္ဆာန်မျိုး ရှိသမျှတို့သည် သင်တို့၌ ရွံရှာဘွယ် ဖြစ်ရကြမည်။


ကျိုင်းကောင်များစားဖို့ သန့်ရှင်း

၂၁ သို့ရာတွင် အတောင်ရှိလျက်​ ခြေလေးချောင်းနှင့် တွားတတ်၍၊ မြေပေါ်မှာ ခုန်စရာဖို့ အခြား​ခြေထက်ရှည်သော ခြေထောက်ရှိသော တိရစ္ဆာန်တို့တွင်၊ ၂၂ အာရာဘကျိုင်းမျိုး၊ သလောင်ကျိုင်းမျိုး၊ ခရဂလကျိုင်းမျိုး၊ ခါဂပ်ကျိုင်းမျိုးကို စားရမည်။


အတောင်ရှိ၍ ​ခြေလေးချောင်းနှင့်တွား

၂၃ အတောင်ရှိ၍​ ခြေလေးချောင်းနှင့် တွားတတ်သော အခြားတိရစ္ဆာန်တို့သည်၊ သင်တို့၌ ရွံရှာဘွယ် ဖြစ်ရကြမည်။ ၂၄ ထိုတိရစ္ဆာန်အားဖြင့် သင်တို့ စင်ကြယ်ခြင်း ပျက်တတ်၏။ သူတို့ အသေကောင်ကို ထိသောသူသည်၊ ညဦးတိုင်အောင် မစင်ကြယ်။ ၂၅ ထိုအသေကောင်ကို ဆောင်သွားသောသူသည်၊ မိမိအဝတ်ကို လျှော်ရမည်။ ညဦးတိုင်အောင်လည်း မစင်ကြယ်။


မစင်ကြယ်သော အသားများ

၂၆ ခွါမကွဲပြားသော တိရစ္ဆာန်၊ စားမြုံ့မပြန်သော တိရစ္ဆာန်ရှိ သမျှတို့သည် သင်တို့၌ မစင်ကြယ်။ သူတို့အသေကောင်ကို ထိသမျှသောသူတို့သည် မစင်ကြယ်ကြ။ ၂၇ ခွါမရှိသော သားအမျိုးမျိုးတို့သည်၊ သင်တို့၌ မစင်ကြယ်ကြ။ သူတို့ အသေကောင်ကို ထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်။ ၂၈ သူတို့အသေကောင်ကို ဆောင်သွားသောသူသည်၊ မိမိအဝတ်ကို လျှော်ရမည်။ ညဦးတိုင်အောင်လည်း မစင်ကြယ်။


ကြွက်၊ အိမ်မြောင်၊ တောက်တဲ့၊ ပုတ်သင် မစင်ကြယ်

၂၉ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်တို့တွင် ပွေး၊ ကြွက်၊ အိမ်မြောင်မျိုး၊ ၃၀ တောက်တဲ့၊ မြွေပါ၊ သင်းချော၊ ပုတတ်၊ ပုတ်သင်တို့သည် သင်တို့၌ မစင်ကြယ်ကြ။ ၃၁ သူတို့ အသေကောင်ကို ထိသောသူသည်၊ ညဦးတိုင်အောင် မစင်ကြယ်။ ၃၂ ထိုသေကောင်သည် သစ်ခွက်၊ အဝတ်၊ အရေ၊ အမွေးအိတ် အစရှိသော အသုံးအဆောင် တစ်စုံတခု ပေါ်သို့ ကျလျှင်၊ ထိုအသုံးအဆောင် မစင်ကြယ်။ ရေ၌ နှစ်ရမည်။ ညဦးတိုင်အောင်လည်း မစင်ကြယ်။ ထိုနောက် စင်ကြယ်လိမ့်မည်။


အသေကောင်ကျရာ

၃၃ မြေခွက် တစ်စုံတခု ပေါ်သို့ အသေကောင်ကျလျှင် ထိုမြေခွက် မစင်ကြယ်သောကြောင့် ခွဲရမည်။ ၃၄ ထိုမြေခွက်ရေသည်၊ စားစရာအမဲသား ပေါ်သို့ကျလျှင်၊ အမဲသား မစင်ကြယ်။ ထိုမြေခွက်၌ သောက်စရာရေလည်း မစင်ကြယ်။ ၃၅ အကြင်အရာအပေါ်၌ ထိုအသေကောင် ကျ၏၊ ထိုအရာသည် မီးဖိုဖြစ်စေ၊ ခုံလောက်ဖြစ်စေ၊ မစင်ကြယ်ရာသို့ ရောက်၍ သင်တို့၌ မစင်ကြယ်သောကြောင့် ဖြိုဖျက်ရမည်။ ၃၆ သို့ရာတွင် ရေစုဝေးရာ စမ်းရေတွင်း၊ တူးသောရေတွင်းသည် မစင်ကြယ်ရာသို့ မရောက်။ အသေကောင်ကို ထိမိသော အရာသာ မစင်ကြယ်ရာ သို့ရောက်၏။ ၃၇ ကြဲစရာမျိုးစေ့ အပေါ်၌ ထိုအသေကောင် ကျလျှင်၊ မျိုးစေ့သည် မစင်ကြယ်ရာသို့ မရောက်။ ၃၈ ရေ၌ စိမ်ထားပြီးသော မျိုးစေ့အပေါ်၌ ထိုအသေကောင် ကျလျှင်၊ မျိုးစေ့သည် သင်တို့၌ မစင်ကြယ်။ ၃၉ သင်တို့စားအပ်သော တိရစ္ဆာန်သေလျှင်၊ အသေကောင်ကို ထိမိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်။ ၄၀ ထိုအသေကောင်ကို စားသောသူသည်၊ မိမိအဝတ်ကို လျှော်ရမည်။ ညဦးတိုင်အောင် မစင်ကြယ်။ ထိုအသေကောင်ကို ဆောင်သွားသော သူသည်လည်း မိမိအဝတ်ကို လျှော်ရမည်။ ညဦးတိုင်အောင် မစင်ကြယ်။


တွားတတ်သော တိရစ္ဆာန်များ မစင်ကြယ်

၄၁ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်ရှိသမျှတို့သည်၊ ရွံရှာဘွယ်ဖြစ်၍ သင်တို့မစားရ။ ၄၂ ​ခြေမရှိ၊ ဝမ်းဖြင့်သွားသည်ဖြစ်စေ၊ ​ခြေလေးချောင်းဖြင့် သွားသည်ဖြစ်စေ၊ ​ခြေလေးချောင်းမက များသော​ခြေဖြင့် သွားသည်ဖြစ်စေ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန် တစ်စုံတခုကိုမျှ မစားရ။ ရွံရှာဘွယ်ဖြစ်၏။ ၄၃ တွားတတ်သော တိရစ္ဆာန် တစ်စုံတခုအားဖြင့် သင်တို့သည် ကိုယ်ကို ရွံရှာဘွယ် မဖြစ်စေရ။ ထိုသို့အားဖြင့် ကိုယ်ညစ်ညူးအောင် ကိုယ်၌ မစင်ကြယ်သည်ကို မပြုရ။


ငါသည် သန့်ရှင်းသော ကြောင့်
CROSS REFERENCES






၄၄ ငါသည် သင်တို့ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့လည်း ကိုယ်ကိုကိုယ် သန့်ရှင်းစေ၍ သန့်ရှင်းခြင်း ရှိရကြမည်။ [B] မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန် တစ်စုံတခုအားဖြင့်မျှ၊ သင်တို့သည် ကိုယ်ကိုကိုယ် မညစ်ညူးစေရကြ။ ၄၅ ငါသည် သင်တို့၏ ဘုရားသခင် ဖြစ်ခြင်းငှာ၊ သင်တို့ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်သော ထာဝရဘုရားဖြစ်၏။ ငါသည် သန့်ရှင်းသောကြောင့်၊ ၄၆ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။ ၄၇ ဤရွေ့ကား၊ စင်ကြယ်၊ မစင်ကြယ်၊ စားအပ်၊ မစားအပ်သော တိရစ္ဆန်တို့ကို ပိုင်းခြားစေခြင်းငှာ၊ သား၊ ငှက်၊ ရေ၌ သွား၍အသက်ရှင်သော တိရစ္ဆာန်၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်ရှိသမျှနှင့် ဆိုင်သော တရားဖြစ်သတည်း၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.