-
AA
+
🡀
|
🡂
သုတ္တံကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


သုတ္တံကျမ်း
အခန်းကြီး ၃


တရားကိုဆွဲလော့
CROSS REFERENCES






ငါ့သား၊ ငါပေးသော တရားကိုမမေ့နှင့်။ ငါ့ပညတ်တို့ကို သင်၏ နှလုံးစောင့်ရှောက်ပါစေ။ အကြောင်းမူကား၊ ပညတ်တရားသည် အသက်တာရှည်သော ကာလ နှစ်ပေါင်းများကို၎င်း၊ ငြိမ်ဝပ်ခြင်းကို၎င်း၊ တိုးပွားစေလိမ့်မည်။ ကရုဏာတရားနှင့် သမ္မာတရား [A](a) ကို သင်နှင့်မကွာစေနှင့်။ ထိုတရားတို့ကို သင်၏လည်ပင်း၌ ဆွဲထားလော့။ နှလုံးအင်းစာရင်း၌ ရေးသွင်းလော့။ ထိုသို့ပြုလျှင် ဘုရားသခင်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရ၍၊ ကျေးဇူးကို ခံရလိမ့်မည်။


ထာ၀ရဘုရားကို ကိုးစားလော့
CROSS REFERENCES






ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ သွားလေရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏ လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ ငါသည် ပညာရှိ၏၊ ဟုကိုယ်ကိုမထင်နှင့်။ ထာဝရဘုရားကို ကြောက်ရွံ့၍ [B] ဒုစရိုက်ကိုရှောင်လော့။ သို့ပြုလျှင်၊ သင်၏ အကြောတို့သည် အားသန်၍၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။ သင်သည် ကိုယ်ဥစ္စာနှင့် အဦးသီးသော အသီးအနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့။ ၁၀ သို့ပြုလျှင်၊ သင်၏ စပါးကျီတို့သည် ကြွယ်ဝ၍၊ စပျစ်သီးနယ် ရာတန်ဆာတို့ကို အသစ်သော စပျစ်ရည်လျှံလိမ့်မည်။


ဆုံးမခြင်းကိုမှတ်ပါ [C]

၁၁ ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကို စစ်ဆေးတော်မူသောအခါ စိတ်မပျက်စေနှင့်။ ၁၂ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသော သားကို ဒဏ်ခတ်တော်မူတတ်၏။


ပညာသည် ပတ္တမြားထက်ကောင်း
CROSS REFERENCES






၁၃ ဥာဏ်ပညာကိုရှာ၍ ရသောသူသည် မင်္ဂလာရှိ၏။ ၁၄ အကြောင်းမူကား၊ ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ်ခြင်းထက် သာ၍ကောင်း၏။ ပညာကုန်သွယ်၍ ရသောအမြတ်လည်း ရွှေစင်ထက်သာ၍ ကောင်း၏။ ၁၅ ပညာသည် ပတ္တမြား ထက်သာ၍ အဖိုးထိုက်ပေ၏။ နှစ်သက်ဖွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။ ၁၆ သူ၏လကျ်ာလက်၌ အသက်တာ ရှည်သောကာလ၊ လက်ဝဲလက်၌ စည်းစိမ်နှင့် ဂုဏ်အသရေရှိ၏။ ၁၇ ပညာလမ်းတို့သည် သာယာသောလမ်း၊ ပညာလမ်းခရီးရှိသမျှတို့သည် ငြိမ်ဝပ်လျက် ရှိကြ၏။ ၁၈ ပညာကို ကိုင်ဆွဲသောသူသည် အသက်ကိုပင်ရပြီ။ လက်မလွှတ်သောသူသည် မင်္ဂလာရှိ၏။ ၁၉ ထာဝရဘုရားသည် ပညာတော်အားဖြင့် မြေကြီးကိုတည်၍၊ ဥာဏ်တော်အားဖြင့် မိုးကောင်းကင်ကို ပြင်ဆင်တော်မူပြီ။ ၂၀ သိပ္ပံအတတ်တော်အားဖြင့် နက်နဲသော အရပ်အက်ကွဲ၍၊ မိုးတိမ်မှလည်း နှင်းရည်ကျတတ်၏။ ၂၁ ငါ့သား၊ ပညာရတနာနှင့် သမ္မာသတိကို သင့်မျက်မှောက်မှ မကွာစေဘဲ၊ အစဉ်စောင့်ရှောက်လော့။ ၂၂ သို့ပြုလျှင်၊ ထိုရတနာတို့သည် သင်၏ဝိညာဉ်၌ အသက်၊ သင်၏လည်ပင်း၌ ဂုဏ်သရေဖြစ်လိမ့်မည်။ ၂၃ သင်သည် ခရီးသွားရာ၌ ဘေးမရှိ။ ​ခြေမတိုက်မိဘဲသွားလိမ့်မည်။ ၂၄ အိပ်သောအခါ ကြောက်စရာမရှိရ။ ကောင်းမွန်စွာ အိပ်ပျော်ရလိမ့်မည်။ [D] ၂၅ လျှင်မြန်သော ဘေးနှင့် လူဆိုးတွေ့တတ်သော ပျက်စီးရာဘေးကို ကြောက်စရာမရှိရ။ ၂၆ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်ယုံကြည် ကိုးစားရာဖြစ်၍၊ သင်၏ခြေကို မကျော့မိစေခြင်းငှါ စောင့်မတော်မူလိမ့်မည်။


ကျေးဇူးပြုပါ မကောင်းသောအကြံမကြံနှင့်

၂၇ ကျေးဇူးကို ခံသင့်သောသူတို့အား ကျေးဇူးပြုရသော အခွင့်ရှိလျှင် မပြုဘဲမနေနှင့်။ ၂၈ အိမ်နီးချင်းကို ပေးစရာရှိလျက်ပင်၊ သွားတော့။ တဖန်လာဦးတော့။ နက်ဖြန်မှ ငါပေးမည်၊ ဟုမပြောနှင့်။ ၂၉ စိုးရိမ်ခြင်းမရှိဘဲ သင့်အနားမှာနေသော အိမ်နီးချင်း၌ မကောင်းသောအကြံကို မကြံနှင့်။ ၃၀ သင်၌ အပြစ်မပြုသောသူကို အကြောင်းမရှိဘဲ ရန်မတွေ့နှင့်။ ၃၁ ညှဉ်းဆဲတတ်သောသူ၏ စည်းစိမ်ကို မတောင့်တနှင့်။ သူလိုက်သော လမ်းတစုံတခုကိုမျှ အလိုမရှိနှင့်။ ၃၂ အကြောင်းမူကား၊ ထာဝရဘုရားသည် သဘောကောက်သောသူတို့ကို စက်ဆုပ် ရွံ့ရှာတော်မူ၏။ ​ဖြောင့်မတ်သောသူတို့မူကား၊ ကိုယ်တော်နှင့် မိဿဟာယ ဖွဲ့ရသောအခွင့်ရှိကြ၏။ ၃၃ မတရားသောသူ၏ နေရာသည် ထာဝရဘုရား ကျိန်တော်မူခြင်းကို တွေ့တတ်၏။ တရားသောသူ၏ နေရာကိုကား ကောင်းကြီးပေးတော်မူ၏။ ၃၄ အကယ်စင်စစ် ကဲ့ရဲ့တတ်သောသူတို့ကို ကဲ့ရဲ့တော်မူ၏။ စိတ်နှိမ့်ချသော သူတို့အားကား၊ ကျေးဇူးပြုတော်မူ၏။ ၃၅ ပညာရှိသောသူတို့သည် ဘုန်းအရေကို အမွေခံရ၍၊ မိုက်သောသူတို့မူကား၊ အရှက်ကွဲခြင်းကို ထမ်းသွားကြရလိမ့်မည်။

_________________________
Footnotes


(a) သစ္စာတရား



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.