-
AA
+
🡀
|
🡂
သုတ္တံကျမ်း
၁၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


သုတ္တံကျမ်း
အခန်းကြီး ၁၅


CROSS REFERENCES






ဖြည်းညှင်းသောစကားသည်စိတ်ကို​ဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကိုနှိုးဆော်တတ်၏။ ပညာရှိသောသူ၏လျှာသည်ပညာအတတ်ကိုတင့်တယ်စေတတ်၏။ မိုက်သောသူတို့၏နှုတ်မူကား၊ မိုက်သောအရာကို သွန်းလောင်းတတ်၏။ ထာဝရဘုရား၏မျက်စိတော်သည်ခပ်သိမ်းသောအရပ်၌ ရှိ၍၊ ကောင်းမကောင်းကိုကြည့်ရှုတော်မူ၏။ ​ဖြေးညှင်းသောလျှာသည်အသက်ဖြစ်၏။ ကြမ်းတမ်းသောလျှာမူကားစိတ်နာစေတတ်၏။ မိုက်သောသူသည်အဘသွန်သင်ခြင်းကိုမထီမဲ့မြင်ပြုတတ်၏။ ဆုံးမသောစကားကိုနားထောင်သောသူမူကား၊ သမ္မာသတိနှင့်ပြည့်စုံတတ်၏။ ​ဖြောင့်မတ်သောသူ၏အိမ်၌ များသောစည်းစိမ်ရှိ၏။ မတရားသောသူခံရသောအခွန်မူကား၊ များစွာသောနှောက်ယှက်ခြင်းနှင့်ယှဉ်၏။ ပညာရှိသောသူ၏နှုတ်ခမ်းတို့သည်ပညာအတတ်ကိုစွန့်ကျဲတတ်၏။ မိုက်သောသူ၏နှလုံးမူကားပညာမရှိ။ မတရားသောသူပူဇော်ယဇ်ကိုထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ သဘော​ဖြောင့်သောသူဆုတောင်းသောပဌနာကိုကား၊ နှစ်သက်တော်မူ၏။ မတရားသောလိုက်သောလမ်းကိုထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ​ဖြောင့်မတ်ခြင်း တရားလမ်းသို့လိုက်သောသူကိုကားချစ်တော်မူ၏။ ၁၀ လမ်းလွှဲသောသူသည်ဆုံးမသောစကားကိုနားမခံလို။ သို့သော်လည်း၊ အပြစ်တင်ခြင်းကိုမုန်းသောသူသည်သေရမည်။ ၁၁ မရဏာနိုင်ငံနှင့်အဗဒ္ဒုန်နိုင်ငံသည်ထာဝရဘုရားရှေ့တော်၌ ထင်ရှား၏။ ထိုမျှမက၊ လူသားတို့၏နှလုံးသည်သာ၍ထင်ရှား၏။ ၁၂ မထီမဲ့မြင်ပြုသောသူသည်အပြစ်ပြသောသူကိုမချစ်တတ်။ ပညာရှိထံသို့မချင်းကပ်တတ်။ ၁၃ ရွှင်လန်းသောစိတ်နှလုံးသည်ချိုသောမျက်နှာကိုဖြစ်စေတတ်၏။ ညှိုးငယ်ခြင်းအားဖြင့်ကား၊ စိတ်ပျက်တတ်၏။ ၁၄ ဥာဏ်ကောင်းသောသူ၏စိတ်နှလုံးသည်ပညာအတတ်ကိုရှာတတ်၏။ မိုက်သောသူတို့၏နှုတ်မူကားမိုက်ခြင်းကိုကျက်စားတတ်၏။ ၁၅ ဆင်းရဲငြိုငြင်သောသူ၏နေ့ရက်ရှိသမျှတို့သည်ဆိုးယုတ်ကြ၏။ ရွှင်လန်းသောစိတ်နှလုံးမူကား၊ အစဉ်အမြဲခံရသောပွဲဖြစ်၏။ ၁၆ နှောက်ယှက်ခြင်းနှင့်ယှဉ်၍ ကြီးစွာသောစည်းစိမ်ထက်ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့် [A] ယှဉ်သောဥစ္စာအနည်းငယ်သည်သာ၍ကောင်း၏။ ၁၇ ဆူအောင်​ကျွေးသောနွားတကောင်လုံးကိုအချင်းချင်းအငြိုးထားသောစိတ်နှင့်စားရသည်ထက်၊ ချစ်ခြင်းမေတ္တာပါသောဟင်းရွက်တနပ်စာသည် သာ၍ကောင်း၏။ ၁၈ မာနကြီးသောသူသည်ရန်ကိုနှိုးဆော်တတ်၏။ သည်းခံနိုင်သောသူမူကားငြိမ်းတတ်၏။
CROSS REFERENCES






၁၉ ပျင်းရိသောသူသွားရလမ်း၌ ဆူးပင်ဆီးကာလျက်ရှိ၏။ ​ဖြောင့်မတ်သောသူသွားရာလမ်းမူကား၊ မို့မောက်လျက်ရှိ၏။ ၂၀ ပညာရှိသောသားသည်အဘဝမ်းမြောက်ခြင်းအကြောင်းဖြစ်၏။ မိုက်သောသားမူကား၊ မိမိအမိကိုမထီမဲ့မြင်ပြုတတ်၏။ ၂၁ ဥာဏ်မရှိသောသူသည်မိုက်ခြင်း၌ ပျော်မွေ့တတ်၏။ ဥာဏ်ရှိသောသူမူကား၊ ​ဖြောင့်မတ်သောအကျင့်ကိုကျင့်တတ်၏။ ၂၂ တိုင်ပင်ခြင်းမရှိလျှင်အကြံပျက်တတ်၏။ တိုင်ပင်သောသူများလျှင်မူကား၊ အကြံတည်တတ်၏။ ၂၃ လူသည်ပြန်ပြောသောစကားအားဖြင့်ဝမ်းမြောက်စရာအကြောင်းရှိ၏။ အချိန်တန်၍ပြောသောစကားသည်လည်းအလွန်လျှောက်ပတ်ပေ၏။ ၂၄ ပညာရှိသောသူလိုက်ရာအသက်လမ်းသည်အောက်အရပ်၊ မရဏာနိုင်ငံမှလွှဲရှောင်၍အထက်သို့ပို့ဆောင်တတ်၏။ ၂၅ မာနထောင်လွှားသောသူ၏အိမ်ကိုထာဝရဘုရားဖျက်ဆီးတော်မူမည်။ မုဆိုးမနေရာအရပ်ကိုကား၊ တည်စေတော်မူမည်။ ၂၆ မတရားသောသူ၏အကြံအစည်တို့ကိုထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ စင်ကြယ်သောသူ၏စကားတို့ကိုကား၊ နှစ်သက်တော်မူ၏။ ၂၇ မတရားသောစီးပွားကိုရှာသောသူသည်မိမိအိမ်သားတို့ကိုနှောက်ယှက်တတ်၏။ တံစိုးကိုရွံသောသူကား၊ အသက်ချမ်းသာရလိမ့်မည်။ ၂၈ ​ဖြောင့်မတ်သောသူအဘယ်သို့ပြန်ပြောရမည်ကိုစိတ်နလုံးထဲမှာ ဆင်ခြင်တတ်၏။ မတရားသောသူ၏နှုတ်မူကား၊ မကောင်းသောအရာတို့ကိုသွန်းလောင်းတတ်၏။ ၂၉ ထာဝရဘုရားသည် မတရားသောသူတို့နှင့်ဝေးတော်မူ၏။ ​ဖြောင့်မတ်သောသူ၏ပဌနာစကားကိုကားနားထောင်တော်မူ၏။ ၃၀ မျက်စိအလင်းသည်နှလုံးကိုရွှင်လန်းစေတတ်၏။ ကောင်းသောသိတင်းစကားသည်လည်းအရိုးတို့ကိုခြင်ဆီနှင့်ပြည့်ဝစေတတ်၏။ ၃၁ အသက်နှင့်ယှဉ်သောဆုံးမခြင်းစကားကိုနားထောင်သောသူသည်ပညာရှိတို့နှင့်ပေါင်းသော်ရသောအခွင့်ရှိ၏။ ၃၂ ဆုံးမခြင်း စကားကိုပယ်သောသူသည်မိမိအသက်ဝိညာဉ်ကိုမထီမဲ့မြင်ပြုရာသို့ရောက်၏။ ၃၃ နားထောင်သောသူမူကား၊ ဥာဏ်ကိုရတတ်၏။ ၃၄ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာကိုသွန်သင်ခြင်းဖြစ်၏။ [B] ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.