-
AA
+
🡀
|
🡂
ဆာလံကျမ်း
၉၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၉၇


ဘုရားအပေါင်းတို့ ထာဝရဘုရားကို ပြပ်ဝပ် ကိုးကွယ်ကြလော့

ထာဝရဘုရားသည် စိုးစံတော်မူ၏။ မြေကြီးသည် ဝမ်းမြောက်၍၊ ​ကျွန်းများတို့သည်လည်း ရွှင်လန်းကြစေ။ မိုးတိမ်နှင့် မှောင်မိုက်တို့သည်၊ ထာဝရဘုရား၏ ပတ်ဝန်းကျင်တို့၌ ရှိကြသည်။ တရားသဖြင့် စီရင်ခြင်း၊ ​ဖြောင့်မတ်စွာ ဆုံးဖြတ်ခြင်းသည်၊ ပလ္လင်တော်၏ တည်ရာဖြစ်၏။ မီးသည် ရှေ့တော်၌ သွား၍၊ ရန်သူတို့ကို အလှည့်လှည့် လောင်လေ၏။ လျှပ်စစ်တော်သည် လောကဓါတ်ကို လင်းစေ၏။ မြေကြီးသည်မြင်၍ တုန်လှုပ်၏။ ထာဝရဘုရားရှေ့ မြေကြီးတပြင်လုံးကို အစိုးရ တော်မူသော အရှင်၏ ရှေ့တော်၌၊ တောင်တို့သည် ဘယောင်းကဲ့သို့ အရည်ဖြစ်ကြသည်။ ​ဖြောင့်မတ် တော်မူခြင်းအကြောင်းကို၊ ကောင်းကင်တို့သည် ထင်ရှားစွာ ပြ၍၊ လူများအပေါင်းတို့သည် ဘုန်းတော်ကို မြင်ရကြ၏။ ရုပ်တုဆင်းတုကို ဝတ်ပြုသောသူ၊ အချည်းနှီး သက်သက်သောအရာ၌ ဝါကြွားသောသူ အပေါင်းတို့သည်၊ အရှက်ကွဲခြင်းရှိကြစေ။ ဘုရားအပေါင်းတို့ ထာဝရ ဘုရားကို ပြပ်ဝပ် ကိုးကွယ်ကြလော့။ [A]


ထာ၀ရဘုရားသည် ဘုရားတကာတို့ထက် အလွန်ချီးမြှောက်ခြင်း ရှိတော်မူ၏
CROSS REFERENCES






အိုထာဝရဘုရား ကိုယ်တော်သည်၊ တရားစီရင်တော်မူချက်တို့ အကြောင်းကြောင့်၊ ဇိအုန်မြို့သည် ကြား၍ ရွှင်လန်းပါ၏။ ယုဒသတို့သမီးတို့လည်း ဝမ်းမြောက်ကြပါ၏။ အိုထာဝရဘုရား ကိုယ်တော်သည်၊ မြေကြီးသား အပေါင်းတို့ထက် ကြီးမြင့်တော်မူ၏။ ဘုရားတကာတို့ထက် အလွန် ချီးမြှောက်ခြင်း ရှိတော်မူ၏။ ၁၀ ထာဝရဘုရားကို ချစ်တော်မူသောသူတို့၊ မကောင်း သောအမှုကို ရွံရှာကြလော့။ ကိုယ်တော်၏ သန့်ရှင်းသူတို့၏ အသက်ဝိညာဉ်ကို စောင့်မတော်မူ၍၊ မတရားသောသူတို့၏ လက်မှလည်း ကယ်နှုတ်တော်မူ၏။ ၁၁ အလင်းသည် တရားသောသူတို့အဘို့၊ ဝမ်းမြောက်ခြင်းသည် သဘော​ဖြောင့်သောသူတို့အဘို့၊ ပျိုးကြဲလျက် ရှိကြ၏။ ၁၂ ​ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရားကို အမှီပြု၍ ဝမ်းမြောက်ကြလော့။ [B]သန့်ရှင်းသော နာမတော်ကို ချီးမွမ်းကြလော့။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.