-
AA
+
🡀
|
🡂
ဆာလံကျမ်း
၉၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၉၄


မြေကြီးသားတို့ကို တရားဆုံးဖြတ်တော်မူပါ

အပြစ်ကို ပေးပိုင်တော်မူသော ဘုရားသခင် ထာဝရဘုရား၊ အပြစ်ကို ပေးပိုင်တော်မူသော ဘုရားသခင်၊ ရောင်ခြည်တော်ကို လွှတ်တော်မူပါ။ မြေကြီးသားတို့ကို တရားဆုံးဖြတ်တော်မူသော အရှင်၊ ထတော်မူပါ။ မာနကြီးသောသူတို့အား အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။ အိုထာဝရဘုရား၊ မတရားသောသူတို့သည် အဘယ်မျှ ကာလပတ်လုံး ဝမ်းမြောက်ကြ ပါလိမ့်မည်နည်း။ အဓမ္မအမှုကို ပြုသမျှသောသူတို့သည် စော်ကား၍၊ ကြမ်းတမ်းသော စကားကိုပြောလျက်၊ အဘယ်မျှ ကာလပတ်လုံး ဝါကြွားကြပါလိမ့်မည်နည်း။ အိုထာဝရဘုရား၊ သူတို့သည် ကိုယ်တော်၏ လူတို့ကို နှိပ်စက်၍၊ အမွေတော်ကို ညှဉ်းဆဲကြပါ၏။ မုဆိုးမနှင့် ဧည့်သည်ကို၎င်း၊ မိဘမရှိသော သူငယ်ကို၎င်း သတ်ကြပါ၏။ သို့ရာတွင်၊ ထာဝရဘုရားသည် မမြင်၊ ယာကုပ်အမျိုး၏ ဘုရားသခင်သည် မမှတ်တတ်၊ ဟုဆိုကြပါ၏။


အဘယ်ကာလမှ ပညာသတိကို ရကြလိမ့်မည်နည်း

တိရစ္ဆာန် သဘောရှိသောသူတို့၊ နားလည်ကြလော့။ လူမိုက်တို့၊ အဘယ်ကာလမှ ပညာသတိကို ရကြလိမ့်မည်နည်း။ နားကို စိုက်ထားတော်မူသောသူသည် မကြားရသလော။ မျက်စိကို ဖန်ဆင်းတော်မူသောသူသည် မမြင်ရသလော။ ၁၀ လူအမျိုးမျိုးတို့ကို ဆုံးမတော်မူသောသူသည် အပြစ်မပေးရသလော။ လူတို့အား ပညာအတတ်ကို သွန်သင် တော်မူသောသူသည် ကိုယ်တိုင် ပညာ အတတ်မရှိသလော။ ၁၁ လူတို့၏ အကြံအစည်သည် အချည်းနှီးဖြစ်ကြောင်းကို ထာဝရဘုရား သိတော်မူ၏။

၁၂ အိုထာဝရဘုရား၊ မတရားသူတို့အဘို့ တွင်းတူးစဉ်အခါ၊ ဒုက္ခနေ့ရက်ကာလနှင့် လွတ်ခြင်းချမ်းသာကို ပေးအံ့သောငှါ၊ ကိုယ်တော်ဆုံးမ၍၊ ၁၃ တရားတော်ကို သွန်သင်တော်မူသောသူသည် မင်္ဂလာရှိပါ၏။ ၁၄ ထာဝရဘုရားသည် မိမိလူတို့ကိုမပယ်၊ အမွေတော်ကို စွန့်ပစ်တော်မမူ။ ၁၅ တဖန် ဖြောင့်မတ်ခြင်း တရားဘက်၌ စီရင်ဆုံးဖြတ်တော်မူ၍၊ သဘောဖြောင့်သောသူ အပေါင်းတို့သည် နောက်တော်သို့ လိုက်ကြပါလိမ့်မည်။ ၁၆ လူဆိုးတို့ကို ဆီးတား၍ ငါ့ဘက်မှာ အဘယ်သူထမည်နည်း။ မတရားသောသူတို့ကို ဆီးတား၍၊ ငါ့ဘက်မှာ အဘယ်သူ နေမည်နည်း။ ၁၇ ထာဝရဘုရား ငါ့ကို မစတော်မမူလျှင်၊ ငါ့ဝိညာဉ်သည် ဆိတ်ငြိမ်ရာအရပ်၌ မကြာမမြင့်မှီ နေရာကျရလိမ့်မည်။ ၁၈ ငါ့​ခြေချော်လျက်ရှိသည်၊ ဟုအ​ကျွန်ုပ် ဆိုသောအခါ၊ အိုထာဝရဘုရား၊ ကိုယ်တော်၏ ကရုဏာသည် အ​ကျွန်ုပ်ကို ထောက်မပါ၏။ ၁၉ အ​ကျွန်ုပ်၏ နှလုံးထဲမှာ စိတ်များပြားသောအခါ၊ ကိုယ်တော်သည် သက်သာ စေတော်မူသဖြင့်၊ အ​ကျွန်ုပ်၏ ဝိညာဉ်သည် ရွှင်လန်းပါ၏။ ၂၀ မတရားသော အကြံကို မင်း၏အခွင့်နှင့် ပြုစုတတ်သော အဓမ္မရာဇပလ္လင်သည် ကိုယ်တော်နှင့် မိဿဟာရ ဖွဲ့မရပါမည်လော။ ၂၁ ​ဖြောင့်မတ်သောသူ၏ အသက်ကို သတ်ခြင်းငှါ စုဝေးကြပါ၏။ အပြစ်မရှိသောသူကို သေစေခြင်းငှါ စီရင်ကြပါ၏။ ၂၂ သို့သော်လည်း၊ ထာဝရဘုရားသည် ငါ၏ ရဲတိုက်ဖြစ်တော်မူ၏။ ငါ၏ဘုရားသခင်သည် ငါခိုလှုံရာ ကျောက်ဖြစ်တော်မူ၏။ ၂၃ သူတို့၏ အပြစ်ကို သူတို့အပေါ်သို့ ရောက်စေတော်မူမည်။ အဓမ္မအမှုကို ပြုစဉ်တွင် ပင်ပယ် ဖြတ်တော်မူမည်။ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို ပယ်ဖြတ်တော်မူမည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.