-
AA
+
🡀
|
🡂
ဆာလံကျမ်း
၉၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၉၀

ဘုရားသခင်၏လူ မော​ရှေပြုသော ပဌနာ
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






အိုဘုရားရှင်၊ ကိုယ်တော်သည် ကာလအစဉ်အဆက် အ​ကျွန်ုပ်တို့ ခိုလှုံရာဖြစ်တော်မူ၏။ တောင်များကိုမဖေါ်၊ မြေကြီးနှင့် လောကဓာတ်ကို ဖန်ဆင်းတော်မမူမှီ၊ ကိုယ်တော်သည် ​ရှေးကမ္ဘာအဆက်ဆက်မှစ၍၊ နောက်ကမ္ဘာ အဆက်ဆက်တိုင်အောင် ဘုရားသခင် ဖြစ်တော်မူ၏။ [A] လူမျိုးကိုကား၊ ​ကြေမွစေတော်မူ၏။ အချင်းလူသားတို့ မြေမှုန့်သို့ ပြန်ကြလော့၊ ဟုမိန့်တော်မူ၏။ [B] ​ရှေ့တော်၌ အနှစ်တထောင်သည် လွန်ပြီသော မနေ့ကဲ့သို့၎င်း၊ ညယံတယံကဲ့သို့၎င်း ဖြစ်ပါ၏။ [C] လူတို့ကို လွှမ်းမိုးတိုက်သွားတော်မူ၏။ သူတို့သည် အိပ်ပျော်ခြင်းကဲ့သို့ ဖြစ်ကြပါ၏။ လူသည် မြက်ပင်ကဲ့သို့ နံနက်အချိန်၌ တိုးပွားတတ်ပါ၏။ နံနက်အချိန်၌ ကား၊ ပွင့်လန်း၍ တိုးပွားပါ၏။ ညဦးအချိန်၌ ကား၊ ရိတ်၍ ညှိုးနွမ်းပါ၏။ အမျက်တော် ထွက်သောအားဖြင့် အ​ကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ကြပါ၏။ စိတ်တော် မပြေသောကြောင့်၊ စိုးရိမ် တုန်လှုပ်ခြင်းရှိကြပါ၏။ အ​ကျွန်ုပ်တို့၏ ဒုစရိုက်များကို ရှေ့တော်၌၎င်း၊ ဝှက်ထားသော အကျင့်များကို မျက်နှာတော် အလင်းထဲ၌၎င်း၊ လှန်ထားတော်မူ၏။ အ​ကျွန်ုပ်တို့သည် အမျက်တော်ကို ခံရသောကြောင့်၊ နေ့ရက်ကာလ ​ရွေ့သွား၍၊ နှစ်များတို့သည် စိတ်ထင်ကဲ့သို့ လွန်တတ်ကြပါ၏။ ၁၀ အ​ကျွန်ုပ်တို့၏ အသက်အရွယ်သည် အနှစ်ခုနစ်ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ် ပြည့်သော်လည်း၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်းဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍၊ အ​ကျွန်ုပ်တို့သည် စုတေ့ကြပါ၏။ ၁၁ အမျက်တော် အရှိန်ကို အဘယ်သူ သိပါသနည်း။ အမျက်ထွက်တော်မူခြင်းကို ကြောက်ရွံ့သင့်သည်အတိုင်း အဘယ်သူ ကြောက်ရွံ့ပါသနည်း။ ၁၂ အ​ကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်း မိမည်အကြောင်း၊ [D]ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်ခြင်းငှါ သွန်သင်တော်မူပါ။

၁၃ အိုထာဝရဘုရား၊ ပြန်လာတော်မူပါ။ အဘယ်မျှလောက် ကြာပါမည်နည်း။ ကိုယ်တော်၏ ကျွန်တို့ကို နာကြင်သော စိတ်ရှိတော်မူပါ။ ၁၄ အ​ကျွန်ုပ်တို့ကို ကရုဏာတော်နှင့် အလျှင်အမြန် ရောင့်ရဲစေတော်မူပါ။ သို့ပြုလျှင် တသက်လုံး ဝမ်းမြောက်ရွှင် လန်းကြပါလိမ့်မည်။ ၁၅ အ​ကျွန်ုပ်တို့ကို ညှဉ်းဆဲတော်မူသော နေ့ရက်ကာလ၊ ဒုက္ခခံရခဲ့ပြီးသော နှစ်ပေါင်းများသည်အတိုင်း၊ ဝမ်းမြောက်ရသော အခွင့်ကို ပေးသနားတော်မူပါ။ ၁၆ အမှုတော်သည် ကိုယ်တော်၏ ကျွန်တို့အား၎င်း၊ ဘုန်းတော်သည် သားမြေးတို့အား၎င်း၊ ထင်ရှားပါစေသော်။ ၁၇ အ​ကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရား၏ ကျေးဇူးတော်သည် အ​ကျွန်ုပ်တို့ ပေါ်သို့ ရောက်ပါစေသော်။ အ​ကျွန်ုပ်တို့ ပြုသောအမှုတို့ကိုလည်း အ​ကျွန်ုပ်တို့အဘို့ မြဲမြံစေတော်မူပါ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.