-
AA
+
🡀
|
🡂
ဆာလံကျမ်း
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၉


ထာ၀ရဘုရားကို ချီးမွမ်းပါမည်

အိုထာဝရဘုရား၊ အ​ကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ကို ချီးမွမ်းပါမည်။ အံ့ဘွယ်သော အမှုတော်ရှိသမျှတို့ကို ပြညွှန်ပါမည်။ ကိုယ်တော်ကို အမှီပြု၍ ဝမ်းသာရွှင်လန်းပါမည်။ နာမတော်ကို ထောမနာ သီချင်းဆိုပါမည်၊ အမြင့်ဆုံးသောဘုရား။ အကြောင်းမူကား အ​ကျွန်ုပ်၏ ရန်သူတို့သည် ပြန်ဆုတ်၍ လဲကြပါ၏။ ရှေ့တော်၌ ပျက်စီးကြပါ၏။ ကိုယ်တော်သည် အ​ကျွန်ုပ်ဘက်မှာ တရားဆုံး ဖြတ်တော်မူပြီ။ ပလ္လင်တော်ပေါ်မှာ ထိုင်၍ ​ဖြောင့်မတ်စွာ စီရင်တော်မူပြီ။ တပါးအမျိုးသားတို့ကို ဆုံးမတော်မူပြီ။ ဆိုးသောသူတို့ကို ဖျက်ဆီး၍ သူတို့နာမကို ကာလအစဉ်အဆက် ချေဖျောက်တော်မူပြီ။ ရန်သူတို့သည် အကုန်အစင် ပျက်စီးခြင်းသို့ ရောက်ကြပါပြီ။ မြို့တို့ကို ဖြိုဖျက်တော်မူ၍ သူတို့အမှတ်မျှမရှိ ပျောက်ပါပြီ။ ထာဝရဘုရားမူကား ကာလအစဉ် အဆက် တည်တော်မူ၏။ တရား ပလ္လင်တော်ကို ပြင်ဆင်၍ မြေကြီးသားတို့ကို တရားသဖြင့် စီရင်တော်မူ၏။ လူမျိုးတို့အား ဖြောင့်မတ်စွာသော စီရင်ခြင်းကို ပြုတော်မူ၏။


ထာ၀ရဘုရားသည် ခိုလှုံရာ

ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကို ခံရသောသူတို့၏ ခိုလှုံရာ၊ ဘေးအန္တရယ် ရောက်သည်ကာလ ခိုလှုံရာ ဖြစ်တော်မူ၏။ ၁၀ နာမတော်ကို သိသောသူတို့သည် ကိုယ်တော်ကို ယုံကြည်ကြပါလိမ့်မည်။ အကြောင်းမူကား အိုထာဝရဘုရား ကိုယ်တော်ကို ရှာသောသူတို့ကို စွန့်ပစ်တော် မမူတတ်ပါ။ ၁၁ ဇိအုန်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရားကို ထောမနာ သီချင်းဆိုကြလော့။ အမူတော်များကို လူမျိုးတို့အား ဟောပြောကြလော့။ ၁၂ လူအသက်သတ်ခြင်း အမှုကို စစ်တော်မူ၍ အသေခံရသောသူတို့ကို အောက်မေ့တော်မူ၏။ နှိမ့်ချလျက် ရှိသောသူတို့၏ အော်ဟစ်ခြင်းအသံကို မေ့လျော့တော်မမူတတ်ပါ။


အိုထာ၀ရဘုရား ကယ်မတော်မူပါ
CROSS REFERENCES






၁၃ အိုထာဝရ ဘုရားသခင်၊ အ​ကျွန်ုပ်ကို ကယ်မ သနားတော်မူပါ။ အ​ကျွန်ုပ်ကို မုန်းသောသူတို့၏ ညှဉ်းဆဲခြင်းအမှုကို ကြည့်ရှု၍ သေမင်းလက်မှ အ​ကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။ ၁၄ သို့ဖြစ်၍ ဂုဏ်ကျေးဇူးတော် အပေါင်းကို ဇိအုန်မြို့တံခါးဝမှာ အ​ကျွန်ုပ် ပြညွှန်ပါမည်။ ကယ်တင်တော်မူခြင်း ကျေးဇူးကို အမှီပြု၍ ဝမ်းမြောက်ပါမည်။ ၁၅ တပါးအမျိုးသားတို့သည် ကိုယ်တူးသော တွင်းထဲသို့ ကိုယ်ကျကြ၏။ ကိုယ်ဝှက်သော ကျော့ကွင်းထဲမှာ ကိုယ်​ခြေတို့သည် ကျော့မိကြ၏။ ၁၆ ထာဝရဘုရားသည် တရားစီရင် ဆုံးဖြတ် တော်မူခြင်းအားဖြင့် ထင်ရှားတော်မူ၏၊ မတရားသောသူသည် မိမိလုပ်သော အလုပ်ထဲမှာ ကျော့မိခြင်းကို ခံရ၏။ ၁၇ မတရားသောသူတို့နှင့် ဘုရားသခင်ကို မေ့လျော့သော အမျိုးသား အပေါင်းတို့သည် မရဏာနိုင်ငံသို့ နှင်ခြင်းကို ခံရကြလိမ့်မည်။ ၁၈ ငတ်မွတ်သောသူတို့ကို အစဉ် မေ့လျော့တော်မမူ။ ဆင်းရဲသောသူတို့ကို မြော်လင့်၍ မရဘဲ အစဉ်မနေရကြ။ ၁၉ အိုထာဝရဘုရား၊ ထတော်မူပါ။ လူမနိုင်ပါစေနှင့်။ [A] တပါးအမျိုးသားတို့သည် ရှေ့တော်၌ စစ်ကြောစီရင်ခြင်းကို ခံရကြပါစေသော်။ ၂၀ အိုထာဝရဘုရား သူတို့ကို ချောက်လှန့်တော်မူပါ။ သို့ဖြစ်၍ မိမိတို့သည် လူသက်သက်ဖြစ်သည်ကို လူမျိုးတို့သည် သိကြပါလိမ့်မည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.