-
AA
+
🡀
|
🡂
ဆာလံကျမ်း
၈၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၈၉


ဘုရား၏ ကရုဏာ အမြဲသီချင်းဆိုမည်

အ​ကျွန်ုပ်သည် ထာဝရဘုရား၏ ကရုဏာတော်ကို အစဉ်အမြဲ သီချင်းဆိုပါမည်။ ကိုယ်တော်၏ သစ္စာကို လူမျိုးအဆက်ဆက်တို့အား ဟောပြော မြွက်ဆိုပါမည်။ ကရုဏာတော်သည် အစဉ်အမြဲ တည်ရပါ၏။ သစ္စာတော်ကို ကောင်းကင်၌ ခိုင်ခံ့ မြဲမြံစေတော်မူသည်၊ ဟုအ​ကျွန်ုပ် သဘောကျပါ၏။ ကိုယ်တော် မိန့်တော်မူသည်ကား၊ သင်၏အမျိုးအနွယ်ကို အစဉ်မပြတ် ငါမြဲမြံစေမည်။ သင်၏ ပလ္လင်ကိုလည်း လူမျိုးအဆက်ဆက် တည်စေမည်၊ ဟုငါရွေးကောက်သောသူနှင့် ငါသည် ပဋိညာဉ်ဖွဲ့၍၊ ငါ၏ကျွန် ဒါဝိဒ်အား ကျိန်ဆိုခြင်းကို ပြုပြီ။


ဘုရားသခင်ကဲ့သို့ အဘယ်သူ ရှိသနည်း

အိုထာဝရဘုရား၊ ကောင်းကင်သည် အံ့ဘွယ်သော အမှုတော်ကို၎င်း၊ သန့်ရှင်းသူတို့သည် စည်းဝေးလျက် သစ္စာတော်ကို၎င်း ချီးမွမ်းကြပါစေသော်။ အကြောင်းမှုကား၊ ကောင်းကင်တွင် ထာဝရဘုရားနှင့် အဘယ်သူ ပြိုင်နိုင်သနည်း။ ဘုရားသခင်၏ သားတို့တွင် ထာဝရဘုရားနှင့် အဘယ်သူတူသနည်း။ ဘုရားသခင်သည် သန့်ရှင်းသူတို့၏ ပရိသတ်တွင် အလွန်ကြောက်ရွံ့ဘွယ် ဖြစ်တော်မူ၏။ အထံတော်၌ ပတ်လည် နေသောသူ အပေါင်းတို့ထက် ရိုသေဘွယ် ဖြစ်တော်မူ၏။ ကောင်းကင် ဗိုလ်​ခြေအရှင် ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်နှင့် အဘယ်သူ တူပါသနည်း။ ထာဝရဘုရားသည် ခွန်အားကြီးတော်မူ၏။ သစ္စာတော်လည်း ကိုယ်တော်ကို ပတ်ဝန်းလျက်ရှိပါ၏။ သမုဒ္ဒ​ရာဟုန်းခြင်းကို အစိုးရတော်မူ၏။ လှိုင်းတံပိုးထသောအခါ ငြိမ်းစေတော်မူ၏။ ၁၀ ကိုယ်တော်သည် သူရဲကဲ့သို့ ရာခပ်ကို ချိုးဖျက်၍၊ အားကြီးသော လက်ရုံးတော်ဖြင့် ရန်သူတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူ၏။ ၁၁ ကောင်းကင်နှင့် မြေကြီးသည် ကိုယ်တော်၏ ဥစ္စာဖြစ်ပါ၏။ လောကဓာတ်နှင့် လောကဓာတ် တန်ဆာများကို တည်တော်မူပြီ။ ၁၂ မြောက်မျက်နှာနှင့် တောင်မျက်နှာကိုလည်း ဖန်ဆင်းတော်မူပြီ။ တာဗော်တောင်နှင့် ဟေရမုန်တောင်သည် နာမတော်ကို အမှီပြု၍ ရွှင်လန်းစွာ သီဆိုကြပါ၏။ ၁၃ တန်ခိုးရှိသော လက်ရုံးနှင့် ပြည့်စုံတော်မူ၏။ လက်တော်သည် အားကြီး၍၊ လကျ်ာလက်တော်သည် မြင့်ပါ၏။ ၁၄ တရားသဖြင့် စီရင်ခြင်း၊ ​ဖြောင့်မတ်စွာ ဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏ တည်ရာဖြစ်ပါ၏။ ကရုဏာနှင့် သစ္စာသည် မျက်နှာတော်ရှေ့၌ သွားကြပါ၏။


ဘုရားသည် အကျွန်ုပ်တို့၏ ရှင်ဘုရင်

၁၅ အိုထာဝရဘုရား၊ နှိုးဆော်တော်မူခြင်းအသံကို နားလည်သော လူမျိုးသည် မင်္ဂလာရှိပါ၏။ ၁၆ သူတို့သည် မျက်နှာတော် အလင်း၌ သွားလာရကြပါ၏။ နာမတော်၌ အစဉ်ဝမ်းမြောက်၍ ဖြောင့်မတ်တော်မူခြင်း တရားအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်ရကြပါ၏။ ၁၇ ကိုယ်တော်သည် သူတို့အစွမ်းသတ္တိ၏ ဘုန်းဖြစ်တော်မူ၏။ ကျေးဇူးတော်အားဖြင့်လည်း အ​ကျွန်ုပ်တို့၏ ဦးချိုသည် ချီးမြှောက်လျက် ရှိပါ၏။ ၁၈ ထာဝရဘုရားသည် အ​ကျွန်ုပ်တို့ကို ကွယ်ကာတော်မူ၏။ ဣသရေလေ အမျိုး၏ သန့်ရှင်းသော ဘုရားသည် အ​ကျွန်ုပ်တို့၏ ရှင်ဘုရင် ဖြစ်တော်မူ၏။


ဒါဝိဒ်ကိုဘိသိက်၍ သူ၏ပလ္လင်ကို မြဲမြံစေမည်

၁၉ တရံရောအခါ ကိုယ်တော်၏ သန့်ရှင်းသူတို့ကို ဗျာဒိတ်တော်အားဖြင့် မိန့်မြွက်တော်မူသည်ကား၊ အားကြီးသောသူသည် ကူမမည်အကြောင်း ငါခန့်ထားပြီ။ လူစုထဲက ရွေးကောက်သောသူ တယောက်ကို ငါချီးမြှောက်ပြီ။ ၂၀ ငါ၏​ကျွန် ဒါဝိဒ်ကိုငါတွေ့၍၊ သန့်ရှင်းသောဆီနှင့် ဘိသိက်ပေးပြီ။ ၂၁ သူ့ဘက်မှာ ငါ့လက်သည် တည်လိမ့်မည်။ ငါ့လက်ရုံးသည် သူ့ကို မြဲမြံခိုင်ခံ့စေမည်။ ၂၂ ရန်သူသည် သူ၏ဥစ္စာကို အနိုင် အထက်မယူရ။ မတရားသောသူသည် မညှဉ်းဆဲရ။ ၂၃ သူ၏ရန်သူတို့ကို သူ့ရှေ့မှာ ငါနှိပ်စက်၍၊ သူ့ကိုမုန်းသောသူတို့ကို ဒဏ်ခတ်မည်။ ၂၄ ငါ၏သစ္စာနှင့် ကရုဏာသည် သူ့ဘက်မှနေ၍၊ ငါ၏ နာမအားဖြင့် သူ၏ဦးချိုသည် ချီးမြှောက်လျက် ရှိလိမ့်မည်။ ၂၅ သူ၏လက်ကိုလည်း၊ ပင်လယ်ပေါ်မှာ၎င်း၊ သူ၏လကျ်ာလက်ကို မြစ်များပေါ်မှာ၎င်း၊ ငါတင်၍ ထားမည်။ ၂၆ သူကလည်း၊ ကိုယ်တော်သည် အ​ကျွန်ုပ်၏အဘ၊ အ​ကျွန်ုပ်၏ ဘုရားသခင်၊ အ​ကျွန်ုပ်ကို ကယ်တင်ရာ ကျောက်ဖြစ်တော်မူ၏၊ ဟုငါ့ကိုကြွေးကြော်လိမ့်မည်။ ၂၇ အကယ်စင်စစ် သူ့ကိုသားဦးအရာ၌ ခန့်ထား၍၊ လောကီရှင်ဘုရင်တို့ အပေါ်မှာ ချီးမြှောက်မည်။ ၂၈ ငါ၏ကရုဏာကို သူ့အဘို့ငါသည် အစဉ်စောင့်၍၊ ငါ၏ ပဋိညာဉ်တရားသည် သူ၌ မြဲမြံလိမ့်မည်။ ၂၉ သူ၏အမျိုးအနွယ်ကို အစဉ်အမြဲ တည်စေမည်။ သူ၏ ပလ္လင်သည် ကောင်းကင်ကာလ (a) ကဲ့သို့ နိစ္စထာဝရ ဖြစ်လိမ့်မည်။


သားမြေးတို့ ပညတ် မစောင့်လျှင် ဆုံးမမည်

၃၀ သူ၏သားမြေးတို့သည် ငါ့တရားကို စွန့်ပယ်၍၊ ငါ၏ စီရင်ချက်တို့ကို မကျင့်၊ ၃၁ ငါ၏ အထုံးအဖွဲ့တို့ကို ရှုတ်ချ၍၊ ငါ၏ ပညတ်တို့ကို မစောင့်ဘဲနေလျှင်၊ ၃၂ ငါသည် သူတို့ ပြစ်မှားသောကြောင့်၊ ကြိမ်လုံးနှင့် ဆုံးမ၍ ဒဏ်ချက်တို့နှင့် ဒုစရိုက်အတိုင်း အပြစ်ပေးမည်။


သို့သော် ကရုဏာမနှုတ်မပယ်

၃၃ သို့သော်လည်း၊ ငါ၏ကရုဏာကို သူမှ ငါမနှုတ်မပယ်။ ငါ၏ သစ္စာကိုလည်း မဖျက်။ ၃၄ ငါ၏ ပဋိညာဉ်တရားကိုလည်း မရှုတ်ချ။ ငါမိန့်မြွက်သော စကားလည်း ဖောက်ပြန်ခြင်းမရှိရ။ ၃၅ ငါသည် ဒါဝိဒ်ကို မလှည့်စား၊ ဟုငါ၏ သန့်ရှင်းခြင်းပါရမီကို တိုင်တည်၍ တခါကျိန်ဆိုပြီ။ ၃၆ သူ၏ အမျိုးအနွယ်သည် အစဉ်အမြဲ တည်ရမည်။ သူ၏ ပလ္လင်သည်လည်း၊ ငါ့ရှေ့၌ နေကဲ့သို့ ဖြစ်ရမည်။ ၃၇ လကဲ့သို့၎င်း၊ မိုးကောင်းကင်၌ သစ္စာစောင့်သော သက်သေကဲ့သို့၎င်း၊ အစဉ်မြဲမြံရမည်၊ ဟုကိုယ်တော်သည် မိန့်တော်မူပါပြီ။



၃၈ သို့သော်လည်း၊ ကိုယ်တော်သည် ယခုစွန့်ပယ်၍ ရွံရှာတော်မူပြီ။ အထံတော်၌ ဘိသိက်ခံသောသူကို အမျက် ထွက်တော်မူပြီ။ ၃၉ ကိုယ်တော်၏ကျွန်နှင့် ဖွဲ့သော ပဋိညာဉ်ကို ဖျက်၍၊ သူ၏သရဖူကို မြေတိုင်အောင် ရှုတ်ချတော်မူပြီ။ ၄၀ သူ၏ ခြံရှိသမျှတို့ကို ချိုး၍၊ သူ၏ တိုက်များကို ဖြိုဖျက်တော်မူပြီ။ ၄၁ လမ်း၌ လျှောက်သွားသောသူ အပေါင်းတို့သည် သူ့ကိုလုယူကြ၏။ အိမ်နီးချင်းတို့တွင် ကဲ့ရဲ့ဘွယ်ဖြစ်ပါ၏။ ၄၂ သူ၏ ရန်သူတို့ လကျ်ာလက်ကို ချီးမြှင့်၍၊ ရန်ဘက်ပြုသောသူ အပေါင်းတို့ကို ဝမ်းမြောက်စေတော်မူ၏။ ၄၃ သူ၏ ထားသွားကို လိပ်စေ၍၊ သူစစ်တိုက်ရာတွင် ထောက်မ တော်မူပါ။ ၄၄ သူ၏ ဘုန်းကို ကွယ်စေ၍၊ သူ၏ ရာဇပလ္လင်ကို မြေသို့ နှိမ့်ချတော်မူပြီ။ ၄၅ သူ၏ ပျိုသောအရွယ်ကို တိုစေ၍ အရှက်ခွဲတော်မူပြီ။


၄၆ အိုထာဝရဘုရား၊ ကိုယ်တော်သည် အလျှင်းမထင်ရှားဘဲ၊ အဘယ်မျှ ကာလပတ်လုံး ပုန်း၍ နေတော်မူမည်နည်း။ အမျက်တော်သည် အဘယ်မျှ ကာလပတ်လုံး မီးကဲ့သို့ လောင်ရပါမည်နည်း။ ၄၇ အ​ကျွန်ုပ်၏ အသက်တာသည် အဘယ်မျှ လောက်တိုသည်ကို၎င်း၊ အဘယ်မျှလောက် ပျက်တတ်စေခြင်းငှါ၊ လူသားအပေါင်းတို့ကို ဖန်ဆင်းတော်မူသည်ကို၎င်း၊ အောက်မေ့တော်မူပါ။ ၄၈ သေခြင်းသို့မရောက်၊ အသက်ရှင်၍ မိမိဝိညာဉ်ကို မရဏာနိုင်ငံ တန်ခိုးမှ ကယ်နှုတ်နိုင်သောသူကား အဘယ်သူနည်း။ ၄၉ အိုထာဝရဘုရား၊ သစ္စာတော်နှင့်တကွ ကိုယ်တော်၏ကျွန် ဒါဝိဒ်အား ကျိန်ဆိုတော်မူသော ရှေးက ရုဏာတော်သည် အဘယ်မှာရှိပါသနည်း။ ၅၀ အိုထာဝရဘုရား၊ ကိုယ်တော်၏ ကျွန်တို့သည် ခံရသောကဲ့ရဲ့ခြင်းကို အောက်မေ့တော်မူပါ။ များစွာသော လူတို့၏ အမှုအလုံးစုံကို အ​ကျွန်ုပ်သည် ကိုယ်ရင်ခွင်၌ ဆောင်ရပါ၏။ ၅၁ အကြောင်းမူကား၊ အိုထာဝရဘုရား၊ ကိုယ်တော်၏ ရန်သူတို့သည် ကဲ့ရဲ့တတ်ကြပါ၏။ အထံတော်၌ ဘိသိက်ခံသောသူ၏ ခြေရာတော်တို့ကို ကဲ့ရဲ့တတ်ကြပါ၏။ ၅၂ ထာဝရ ဘုရားသည် ကမ္ဘာအဆက်ဆက် မင်္ဂလာ ရှိတော်မူစေသတည်း။ အာမင်နှင့် အာမင်။

_________________________
Footnotes


(a) ကောင်းကင်မြဲမြံသကဲ့သို့ မြဲမြံစေမည်



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.