-
AA
+
🡀
|
🡂
ဆာလံကျမ်း
၈၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၈၈


အကျွန်ုပ် အောဟစ်သံ နားထောင်တော်မူပါ
CROSS REFERENCES






အ​ကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရားသခင် ထာဝရဘုရား၊ အ​ကျွန်ုပ်သည် ရှေ့တော်၌ နေ့ညမပြတ် အော်ဟစ်ပါ၏။ အ​ကျွန်ုပ်ပြုသော ပဌနာသည် အထံတော်သို့ ဝင်ပါစေသော်။ အော်ဟစ်သံကို နားထောင်တော်မူပါ။ အ​ကျွန်ုပ်၏ ဝိညာဉ်သည် ဒုက္ခနှင့်ပြည့်၍၊ အသက်သည်လည်း မရဏာ နိုင်ငံအနီးသို့ ရောက်ပါပြီ။ အ​ကျွန်ုပ်သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူတို့နှင့်တကွ ရေတွက်ဝင်ခြင်းသို့ ရောက်ပါ၏။ အားကုန်သောသူ ကဲ့သို့ဖြစ်ပါ၏။ အသေကောင်တို့တွင် ပစ်ထားသောသူ၊ ကွပ်မျက်၍ သင်္ချိုင်းတွင်း၌ အိပ်နေသောသူ တည်းဟူသော အောက်မေ့တော်မမူ၊ လက်တော်၏ မစခြင်းနှင့် ကွာဝေးသောသူ ကဲ့သို့ဖြစ်ပါ၏။ အ​ကျွန်ုပ်ကို အနက်ဆုံးသောတွင်း၊ မှောင်မိုက်ဖုံးလွှမ်း၍ အလွန်နက်နဲသော အရပ်၌ ချထားတော်မူပြီ။ [A] အမျက်တော်သည်၊ အ​ကျွန်ုပ်အပေါ်၌ ဖိလျက်ရှိပါ၏။ လှိုင်းတံပိုးတော် အပေါင်းတို့နှင့် နှိပ်စက်တော်မူ၏။ အ​ကျွန်ုပ်၏ အသိအ​ကျွမ်းများကို အဝေးသို့ ရွေ့တော်မူပြီ။ သူတို့အား အ​ကျွန်ုပ်ကို ရွံ့ရှာဘွယ် ဖြစ်စေတော်မူပြီ။ အ​ကျွန်ုပ်သည် အချုပ်ခံရ၍၊ ပြင်သို့ မထွက်ရပါ။ အ​ကျွန်ုပ်ခံရသော ဒုက္ခကြောင့် အ​ကျွန်ုပ်မျက်စိသည် ပျက်ပါ၏။ အိုထာဝရဘုရား၊ ကိုယ်တော်ကို အစဉ် အော်ဟစ်ပါ၏။ အထံတော်သို့ လက်ကိုဆန့်ပါ၏။


သင်္ချိုင်းသားတို့သည် ချီးမွမ်းကြပါမည်လော
CROSS REFERENCES






၁၀ သေလျက်နေသောသူတို့အား အံ့ဘွယ်သောအမှုတို့ကို ပြတော်မူမည်လော။ သင်္ချိုင်းသားတို့သည်ထ၍ ကိုယ်တော်ကို ချီးမွမ်း ကြပါမည်လော။ ၁၁ ကရုဏာတော်ကို သင်္ချိုင်းတွင်း၌၎င်း၊ [B]သစ္စာတော်ကို ပျက်စီးရာအရပ်၌၎င်း၊ ကြားပြောရကြပါမည်လော။ ၁၂ အံ့ဘွယ်သောအမှုတို့ကို မှောင်မိုက်သော အရပ်၌၎င်း၊ ​ဖြောင့်မတ်တော်မူခြင်း တရားကို မေ့လျော့ရာပြည်၌၎င်း၊ သိရကြပါမည်လော။ ၁၃ အိုထာဝရဘုရား၊ ကိုယ်တော်ကို အ​ကျွန်ုပ် အော်ဟစ်ပါ၏။ နံနက်အချိန်၌ အ​ကျွန်ုပ်၏ ပဌနာသည် ရှေ့တော်သို့ ရောက်ပါ၏။ ၁၄ အိုထာဝရဘုရား၊ အ​ကျွန်ုပ်၏ ဝိညာဉ်ကို အဘယ်ကြောင့် ပယ်တော်မူသနည်း။ မျက်နှာတော်ကို အ​ကျွန်ုပ်မှ အဘယ်ကြောင့် လွှဲတော်မူသနည်း။ ၁၅ အ​ကျွန်ုပ်သည် ဒုက္ခဝေဒနာကိုခံရ၍ သေဆဲရှိပါ၏။ စီရင်တော်မူသော ဘေးများကို ငယ်သော အရွယ်ကပင်ခံရ၍ ပင်ပန်းပါ၏။ ၁၆ အမျက်တော်သည် အ​ကျွန်ုပ်ကို လွှမ်းမိုးပါ၏။ စီရင်တော်မူသော ဘေးတို့သည် အ​ကျွန်ုပ်၏ အသက်ကို ညှဉ်းဆဲသည့်တိုင်အောင်၊ ၁၇ ရေကဲ့သို့ အစဉ်အပြတ်ဝိုင်း၍ တညီတညွတ်တည်း ဝန်းရံကြပါ၏။ ၁၈ ချစ်သောသူနှင့် အဆွေခင်ပွန်းကို အ​ကျွန်ုပ်နှင့် ဝေးဝေးရွေ့တော်မူပြီ။ အသိအ​ကျွမ်းတို့သည် မှောင်မိုက်ထဲမှာ ရှိကြပါ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.