-
AA
+
🡀
|
🡂
ဆာလံကျမ်း
၈၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၈၆


ကိုယ်တော်၏ကျွန်ကို ကယ်တင်တော်မူပါ

အိုထာဝရဘုရား၊ နားတော်ကိုလှည့်၍ အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ အ​ကျွန်ုပ်သည် ဆင်းရဲ ငတ်မွတ်ပါ၏။ အ​ကျွန်ုပ်၏ ဘုရားသခင်၊ သန့်ရှင်းသူတို့ အဝင်ဖြစ်သော အ​ကျွန်ုပ်၏ ဝိညာဉ်ကို စောင့်မ၍၊ ကိုယ်တော်ကို ကိုးစားသော ကိုယ်တော်၏ကျွန်ကို ကယ်တင်တော်မူပါ။ အိုထာဝရဘုရား၊ အ​ကျွန်ုပ်သည် ကိုယ်တော်ကို အစဉ် အော်ဟစ်ပါသည် ဖြစ်၍၊ ကယ်မသနားတော်မူပါ။ အိုထာဝရဘုရား၊ ကိုယ်တော်ကို အ​ကျွန်ုပ် တသပါသည်ဖြစ်၍၊ ကိုယ်တော် ၏ကျွန်သည် ဝမ်းမြောက်မည်အကြောင်း ပြုတော်မူပါ။ အိုထာဝရဘုရား၊ ကိုယ်တော်သည် ကောင်းသောသဘော၊ သည်းခံတတ်သောသဘောနှင့် ပြည့်စုံ၍၊ ကိုယ်တော်ကို ပဌနာပြုသောသူ အပေါင်းတို့အား ကရုဏာတော် ကြွယ်ဝပါ၏။ အိုထာဝရဘုရား၊ အ​ကျွန်ုပ်၏ ပဌနာစကားကို နားထောင်တော်မူပါ။ အသနားတော် ခံသောစကားသံကို မှတ်တော်မူပါ။ ဘေးရောက်သည့်ကာလ ကိုယ်တော်ကို ခေါ်ပါမည်။ ကိုယ်တော်လည်း ထူးတော်မူတတ်ပါ၏။


ကိုယ်တော်ကဲ့သို့သော ဘုရားမရှိပါ

အိုထာဝရဘုရား၊ ဘုရားတို့တွင် ကိုယ်တော်နှင့်တူသော ဘုရားမရှိပါ။ အမှုတော်နှင့် တူသော အမှုလည်းမရှိပါ။ အိုထာဝရဘုရား၊ ဖန်ဆင်းတော်မူသော လူမျိုးအပေါင်းတို့သည် ချဉ်းကပ်လျက် ရှေ့တော်၌ ပြပ်ဝပ်၍၊ နာမတော်ကို ချီးမြှောက်ကြပါလိမ့်မည်။ ၁၀ ကိုယ်တော်သည် ကြီးမြတ်၍ အံ့ဩဘွယ်တို့ကို ပြုတော်မူ၏။ ကိုယ်တော် တပါးတည်းသာလျှင် ဘုရားသခင် ဖြစ်တော်မူ၏။


ကိုယ်တော်၏လမ်းကို ပြညွှန်တော်မူပါ
CROSS REFERENCES





CROSS REFERENCES






၁၁ အိုထာဝရဘုရား၊ ကိုယ်တော်၏ လမ်းကို အ​ကျွန်ုပ်အား ပြညွှန်တော်မူပါ။ ကိုယ်တော်၏ သမ္မာတရား [A]လမ်းသို့ လိုက်သွားပါမည်။ နာမတော်ကို ကြောက်ရွံ့မည့်အကြောင်း၊ [B] အ​ကျွန်ုပ်၏နှလုံးကို စေ့စပ်စေတော်မူပါ။ ၁၂ အ​ကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ အ​ကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်း၍၊ နာမတော်ကို အစဉ်အမြဲ ချီးမြှောက်ပါမည်။ ၁၃ အ​ကျွန်ုပ်ခံရသော ကရုဏာတော် ကြီးလှပါ၏။ အ​ကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံအောက် အရပ်ထဲက ကယ်နှုတ်တော်မူပြီ။ ၁၄ အိုဘုရားသခင်၊ မာနကြီးသောသူတို့သည် အ​ကျွန်ုပ် တဘက်၌ ထကြ၍၊ ကြမ်းတမ်းသော လူအစုအဝေးတို့သည် ကိုယ်တော်ကို မျက်မှောက်မပြုဘဲ၊ အ​ကျွန်ုပ်အသက်ကို ရှာကြပါ၏။


ကိုယ်တော်သည် သနားစုံမက်တတ်သော သဘောရှိ

၁၅ အိုထာဝရဘုရား၊ ကိုယ်တော်သည် သနား စုံမက်တတ်သော သဘော၊ ကျေးဇူးပြု တတ်သောသဘော၊ သည်းခံတတ် သောသဘော၊ ကရုဏာနှင့် သစ္စာကြွယ်ဝသော သဘောနှင့် ပြည့်စုံသောဘုရား ဖြစ်တော်မူ၏။ ၁၆ အ​ကျွန်ုပ်ကို မျက်နှာပြု၍ ကယ်မ သနားတော်မူပါ။ ကိုယ်တော်၏​ကျွန်အား တန်ခိုးတော်ကိုပေး၍၊ ကိုယ်တော်၏ ​ကျွန်မသားကို ကယ်တင်တော်မူပါ၊ ၁၇ အ​ကျွန်ုပ်အား ကောင်းသော နိမိတ်လက္ခဏာကို ပြတော်မူပါ။ အ​ကျွန်ုပ်ကို မုန်းသောသူတို့သည် မြင်၍ ရှက်ကြောက်ကြပါစေ။ အကြောင်းမူကား၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် အ​ကျွန်ုပ်ကို မစ၍ ချမ်းသာပေးတော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.