-
AA
+
🡀
|
🡂
ဆာလံကျမ်း
၈၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၈၄


ဘုရားကျိန်းဝပ်ရာ အလွန်နှစ်သက်ဘွယ်

ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား၊ ကိုယ်တော် ကျိန်းဝပ်တော်မူရာ အရပ်ဌာနတို့သည် အလွန်နှစ်သက်ဘွယ် ဖြစ်ပါသည်တကား၊ ထာဝရဘုရား၏ တန်တိုင်းတော်တို့ကို အ​ကျွန်ုပ်၏ ဝိညာဉ်သည် တသ၍ အားလျော့လျက် ရှိပါ၏။ အ​ကျွန်ုပ်နှလုံးနှင့် ကိုယ်ခန္ဓာသည် အသက်ရှင်တော်မူသော ဘုရားသခင်ကို အလိုရှိ၍ ကြွေးကြော်ပါ၏။ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား၊ အ​ကျွန်ုပ်၏ ရှင်ဘုရင်၊ အ​ကျွန်ုပ်၏ ဘုရားသခင်၊ အကယ်စင်စစ် ယဇ်ပလ္လင်တော်တို့အနားမှာ စာငှက်သည် နေရာအရပ်ကို၎င်း၊ ဇရက်သည်လည်း သားငယ် မွေးစရာအသိုက်ကို၎င်း တွေ့ရပါ၏။ အိမ်တော်၌ နေသောသူတို့သည် မင်္ဂလာရှိပါ၏။ ကိုယ်တော်ကို အစဉ် ချီးမွမ်းကြပါလိမ့်မည်။ ကိုယ်တော်ကို အားပြုသောသူသည် မင်္ဂလာရှိပါ၏။ ထိုသို့သောသူတို့သည် လမ်းခရီးတော်တို့ကို နှလုံး သွင်းတတ်ကြပါ၏။ သူတို့သည် ဗာကာလွင်ပြင်၌ လျှောက်သွားစဉ်၊ ထိုလွင်ပြင်ကို စမ်းရေထွက်ရာအရပ် ဖြစ်စေကြပါ၏။ အရင်မိုးရေလည်း မင်္ဂလာများနှင့် လွှမ်းစေပါ၏။ သူတို့သည် အားတိုးတက်၍ ခရီးသွားလျက်၊ ဇိအုန်မြို့မှာ ဘုရားသခင် ထံတော်၌ မျက်နှာပြကြပါ၏။


တန်တိုင်းတော်၌ တရက်နေခြင်းသာ၍ကောင်း

ကောင်းကင် ဗိုလ်​ခြေ အရှင်ဘုရားသခင် ထာဝရဘုရား၊ အ​ကျွန်ုပ်၏ ပဌနာစကားကို မှတ်တော်မူပါ။ ယာကုပ်အမျိုး၏ ဘုရားသခင်၊ နားထောင်တော်မူပါ။ အ​ကျွန်ုပ်တို့ကို ကွယ်ကာတော်မူသောဘုရား၊ ကြည့်ရှုတော်မူပါ။ အထံတော်၌ ဘိသိက်ခံသောသူ၏ မျက်နှာကို ထောက်ရှုတော်မူပါ။ ၁၀ တန်တိုင်းတော်တို့ အတွင်း၌ နေသောတရက်သည် အခြားအရပ်၌ နေသော အရက်တထောင်ထက် သာ၍ ကောင်းပါ၏။ [A] မတရားသောသူ၏ နေရာ၌ နေရသော အခွင့်ထက်၊ အ​ကျွန်ုပ်၏ ဘုရားသခင် အိမ်တော်၌ တံခါးစောင့်အရာကိုအ​ကျွန်ုပ်သာ၍ နှစ်သက်ပါ၏။ ၁၁ ထာဝရအရှင် ဘုရားသခင်သည် နေလည်း ဖြစ်တော်မူ၏။ [B] [C] အကွယ်အကာလည်း ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့် ဘုန်းအသရေကို ပေးတော်မူ၏။ ​ဖြောင့်မတ်စွာ ကျင့်သောသူတို့အား ကောင်းသောအရာကို ငြင်းတော်မမူ။ ၁၂ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား၊ ကိုယ်တော်၌ ခိုလှုံသောသူသည် မင်္ဂလာရှိပါ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.