-
AA
+
🡀
|
🡂
ဆာလံကျမ်း
၈၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းငယ်





ဆာလံကျမ်း
အခန်းကြီး ၈၂


ဣသရေခေါင်းဆောင်များကိုဘုရားများဟုခနဲ့

ဘုရားသခင်သည် ဘုရားတို့၏ ပရိသတ်၌ ရပ်လျက်နေတော်မူ၍၊ ဘုရားတို့အလယ်၌ စီရင်တော်မူ၏။ သင်တို့သည် မတရားသောသူတို့၏ မျက်နှာကို ထောက်၍၊ အဘယ်မျှကာလပတ်လုံး မတရားသဖြင့် စီရင်ကြမည်နည်း။ ဆင်းရဲသောသူနှင့် မိဘမရှိသောသူတို့ကို စောင်မကြလော့။ ငြိုငြင်သောသူနှင့် ငတ်မွတ်သောသူ တို့ဘက်၌ တရားစီရင်ကြလော့။ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူတို့ကို မတရားသောသူ၏ လက်မှ ကယ်နှုတ်ကြလော့။ သူတို့သည်မသိ၊ နားမလည်ကြ။ မှောင်မိုက်၌ ကျင်လည်ကြ၏။ မြေကြီး တိုက်မြစ်အပေါင်းတို့သည် လှုပ်ရှားလျက်ရှိကြ၏။ သင်တို့သည် ဘုရားဖြစ်ကြ၏။ [A] (a) ရှိသမျှတို့သည် အမြင့်ဆုံးသော ဘုရား၏သား ဖြစ်ကြ၏၊ ဟုငါဆိုသတည်း။ သို့သော်လည်း၊ သင်တို့သည် လူကဲ့သို့သေ၍၊ အခြားသော မင်းကဲ့သို့ ဆုံးရှုံးခြင်းသို့ ရောက်ကြလိမ့်မည်။ အိုဘုရားသခင်၊ ထ၍ မြေကြီးကို တရားစီရင်တော်မူပါ။ ကိုယ်တော်သည် လူမျိုးအပေါင်းတို့ကို အပိုင်ရတော်မူ၏။

_________________________
Footnotes


(a) ကျမ်းစာ၏ ဆိုလိုရင်းကို ကောင်းစွာ မလေ့လာ၊ နားမလည်သောသူများက၊ ဘုရားသခင်သည် ငါတို့ကို ဘုရားဖြစ်ခွင့်ပေးသည် ဟုအားရကျေနပ်နေကြသည်။ ဤကျမ်းပိုဒ်၏ ဆိုလိုရင်းမှာ၊ ဣသရေလခေါင်းဆောင်များသည် ဘုရား၏နေရာ၌ နေ၍ ဆင်းရဲသားများနှင့် မိဘမရှိသောသူတို့ကို မတရားသဖြင့် စီရင်ကြသောကြောင့်၊ သင်တို့သည် ဘုရားများဖြစ်ကြ၏ ဟုခနဲ့ ၍ပြောဆိုခြင်းဖြစ်သည်။ ဘုရားဖြစ်ချင်ခြင်းသည် အပြစ်အကြီးဆုံးဖြစ်သည်။ စာတန်လည်း ကောင်းကင်တမန် ဘဝမှ ဘုရားဖြစ်ချင်သောကြောင့် ဘုရား၏ရန်သူ ဖြစ်သွားရခြင်းဖြစ်သည်(ယေဇ ၂၈း၁၂-၁ရ။ ဟေရှာယ ၁၄း၁၂-၁၅)။ ဤကျမ်းပိုဒ်ကို ကိုးကား၍ သခင်ယေရှုက၊ "သင်တို့သည် ဘုရားဖြစ်ကြ၏၊ ငါဆိုသည်၊ ဟုသင်တို့၏ပညတ္တိကျမ်းစာ၌ လာသည်မဟုတ်လော။ ဘုရားသခင်၏ ဗျာဒိတ်တော်ကို ရသောသူတို့ကို ဘုရားဟူ၍ ခေါ်ရလျှင်၎င်း၊ ကျမ်းစကားကို မပယ်ရလျှင်၎င်း၊ ခမည်းတော်သည် သန့်ရှင်းစေ၍၊ ဤလောကသို့ စေလွှတ်တော်မူသောသူက၊ ငါသည် ဘုရားသခင်၏ သားတော်ဖြစ်သည်၊ ဟုဆိုသောကြောင့်၊ သင်သည် ဘုရားသခင်ကို လွန်ကျူး၍ ပြောသည်၊(blasphemy) ဟုထိုသူအားဆိုရာသလော။" (ယော ၁၀း၃၄-၃၆) ဟုဆိုခဲ့သောကြောင့် သခင်ယေရှုက ယုံကြည်သူများသည် ဘုရားဖြစ်ကြောင်းကို ထောက်ခံသည်၊ ဟုထင်ကြပြန်သည်။ သခင်ယေရှု၏ ဆိုလိုရင်းမှာ၊ ယုံကြည်သူများသည် ဘုရားဖြစ်ကြောင်း ထောက်ခံနေခြင်းမဟုတ်ပါ။ သခင်ယေရှုက ဆာလံ ၈၂း၆ ၌ "သင်တို့သည် ဘုရားဖြစ်ကြ၏" ဟုပါသော်လည်း၊ ဣသရေလလူများက ထိုကျမ်းကိုမပယ်ပါ။ (အမှန်မှာ ထိုကဲ့သို့ သူတို့သည် ဘုရားဖြစ်ကြ ဟူသော ထိုကျမ်းစာကို ပယ်သင့်သည်) သို့သော်၊ ထိုကျမ်းကို မပယ်သော်လည်း၊ သခင်ယေရှုက သူသည် ဘုရားသခင်၏ သားတော်ဖြစ်သည် ဟုဆိုသောအခါတွင်မူ သူ့ကို ဘုရားသခင်နှင့် ပတ်သက်၍ လွန်ကျူးပြစ်မှားသည် (blasphemy) ဟုစွပ်စွဲခြင်းသည် မတရားကြောင်း ပြောခြင်းဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.