ဆာလံကျမ်း
အခန်းကြီး ၈၁
ဘုရားသခင်အား သီချင်းဆိုကြလော့
၁ ငါတို့ အစွမ်းသတ္ တိတည်းဟူသော ဘုရားသခင်အား ရွှင်လန်းစွာ သီချင်းဆိုကြလော့။ ယာကုပ်အမျိုး၏ ဘုရားသခင်အား ကျူးဧသောအသံကို ပြုကြလော့။
၂ တူရိယာမျိုးကို ဆောင်ကြ။ ပတ်သာကို၎င်း၊ သာယာသော စောင်းနှင့်တယောကို၎င်း ယူခဲ့ကြ။
၃ လဆန်းနေ့၊ လပြည့်နေ့၊ ပွဲသဘင်နေ့၌ တံပိုးမှုတ်ကြ။
၄ ထိုသို့ ဣသရေလအမျိုး၌ ထုံးဖွဲ့၍၊ ယာကုပ်အမျိုး၏ဘုရား သခင်သည် ဆုံးဖြတ်တော်မူ၏။
၅ နားမလည်သော စကားကို ကြားရာအရပ်၊ အဲဂုတ္တုပြည်တဘက်၌ ကြွသွားတော်မူသောအခါ၊ ယောသပ်အမျိုး၌ ထိုသို့သော သက်သေခံချက်ကို စီရင်တော်မူ၏။
၆ ငါသည်သူ၏ပခုံးကို ဝန်နှင့် လွှတ်စေ၏။ သူ၏လက်ကိုလည်း တင်ခြင်း
(a) တို့အထဲက နှုတ်ယူ၏။
၇ သင်သည် ဒုက္ခကိုခံရသောအခါ၊ ငါ့ကိုခေါ်၍ ငါသည် ချမ်းသာပေး၏။ မထင် ရှားသော မိုးကြိုးနေရာ၌ ငါပြန်ပြော၏။ မေရိဘရေနားမှာ သင့်ကိုငါစုံစမ်း၏။
ငါ့စကားနားထောင်လော့
၈ ငါ၏လူစု၊ နားထောင်လော့။ ငါမှာထားမည်။ အိုဣသရေလအမျိုး၊ သင်သည် ငါ့စကားကို နားထောင်ပါစေသော်။ ၉ သင်၌ တပါးအမျိုး၏ ဘုရားမရှိရ။ တကျွန်းတနိုင်ငံ ဘုရားကို မကိုးကွယ်ရ။ ၁၀ ငါသည် သင့်ကို အဲဂုတ္တပြည်မှ ကယ်နှုတ်ဆောင် ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင်၏နှုတ်ကို ကျယ်ကျယ်ဖွင့်လော့။ ဝပြောစွာကျွေးမည်။ ၁၁ ငါ၏ လူများမူကား၊ ငါ့စကားကို နားမထောင်ကြ။ ဣသရေလ အမျိုးသည် ငါ့ကို အလိုမရှိကြပါတကား။ ၁၂ ငါသည်လည်း ထိုသူတို့ကို သူတို့နှလုံးခိုင်မာခြင်း၌ အပ်၍၊ သူတို့သည် မိမိတို့အလိုသို့ လိုက်ကြ၏။
ငါ့လမ်း၌ လိုက်လျှင်ကယ်မည်
၁၃ ငါ၏လူစုသည် ငါ့စကားကို နားထောင်၍၊ ဣသရေလ အမျိုးသည် ငါ့လမ်း၌ လိုက်ပါစေသော်။ ၁၄ လိုက်လျှင် ငါသည် သူတို့ရန်သူများကို အလျှင်အမြန် နှိပ်စက်၍၊ ရန်ဘက်ပြုသော သူတို့ကို ဒဏ်ခတ်မည်။ ၁၅ ထာဝရဘုရားကို မုန်းသောသူတို့သည် တောင်းပန်ခြင်းကိုပြု၍၊ ငါ၏ လူတို့သည်လည်း၊ အစဉ်အမြဲ တည်ရသော အခွင့်ရှိကြလိမ့်မည်။ ၁၆ အကောင်းဆုံးသော ဆန်စပါးနှင့် ငါကျွေးမည်။ ကျောက်ထဲက ထွက်သော ပျားရည်နှင့်လည်း ဝပြောစေမည်။
_________________________
Footnotes
(a) מִדּ֥וּד (mid·dūḏ) ခြင်းတောင်း