-
AA
+
🡀
|
🡂
ဆာလံကျမ်း
၇၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၇၈


အာသ၏ဆာလံ၊ သားမြေးတို့အား ပြသကြမည်

ငါ၏လူများတို့၊ ငါ့တရားကို နာကြလော့။ ငါမြွက်သောစကားကို နားထောင်ကြလော့။ ပုံစကားကို ငါမြွက်ဆို၍၊ ရှေးကာလ၏ နက်နဲသောအရာများကို ဖေါ်ပြပေအံ့။ ဘိုးဘေးတို့သည် ပြော၍ ငါတို့သည် ကြားသိရသော ထိုအရာများကို၊ သားမြေးတို့မှ မဝှက်မထား။ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်နှင့် တန်ခိုးတော်ကို၎င်း၊ ပြုတော်မူသော အံ့ဘွယ်အမှုတို့ကို၎င်း၊ ဖြစ်လတံ့သော သူတို့အား ဖေါ်ပြကြမည်။ အကြောင်းမူကား၊ ယာကုပ်အမျိုး၌ သက်သေတရားကို စီရင်၍၊ ဣသရေလ အမျိုး၌ ပညတ်တရားကို ထားတော်မူ၏။ သဘောမ​ဖြောင့်၊ ဘုရားသခင်၌ စိတ်ဝိညာဉ် အမြဲမဆည်းကပ်သော အမျိုး၊ ငြင်းဆန်၍ ပုန်ကန်တတ်သော အမျိုးတည်းဟူသော ဘိုးဘေးတို့ကဲ့သို့ သားမြေးတို့သည် မဖြစ်၊ ဘုရားသခင်၏ အမှုတော်တို့ကို မမေ့၊ ဘုရားသခင်ကို ယုံကြည်ကိုးစား၍၊ ပညတ်တော်တို့ကို စောင့်စေခြင်းငှါ၊ ထိုတရားတို့ကို ဘိုးဘေးတို့သည် သားတို့အား ပြသ၍၊ ဖြစ်လတံ့သော အမျိုးတည်းဟူသော၊ ဖွားမြင်လတံ့သော သားတို့သည် သိနားလည်၍၊ နောက်တဖန် မြေးမြစ်တို့အား ပြသကြမည်အကြောင်း ပညတ်ထားတော်မူပြီ။


အဲဂုတ္တုပြည်မှ နိမိတ်လက္ခဏာများဖြင့် ဦးဆောင်

ဧဖရိမ်အမျိုးသားတို့သည် လေးလက်နက်ကို စွဲကိုင်သော်လည်း၊ စစ်တိုက်သောအခါ နောက်သို့ လှည့်ကြပါသည်တကား။ ၁၀ ဘုရားသခင်၏ သစ္စာတော်ကို မစောင့်။ တရားတော်လမ်း၌ သွားခြင်းငှါ အလိုမရှိကြ။ ၁၁ အမှုတော်တို့ကို၎င်း၊ ပြတော်မူသော အံ့ဩဘွယ်တို့ကို၎င်း၊ မေ့လျော့ကြ၏။ ၁၂ အဲဂုတ္တုပြည်၊ ဇောနအရပ်တွင်၊ သူတို့အဘများ မျက်မှောက်၌ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မှု၏။ ၁၃ ပင်လယ်ကိုခွဲ၍ သူတို့ကို လျှောက်သွားစေတော်မူ၏။ ရေများကိုစုပုံ၍ ထားတော်မှု၏။ ၁၄ နေ့အချိန်၌ကား၊ မိုးတိမ်ဖြင့်၎င်း၊ ညအချိန်၌ကား၊ တညလုံး မီးအလင်းဖြင့်၎င်း၊ သူတို့ကို လမ်းပြတော်မူ၏။ ၁၅ တော၌ ကျောက်တို့ကို ဖောက်၍၊ ပင်လယ်ရေကဲ့သို့ များစွာသော ရေကိုသူတို့အား တိုက်တော်မူ၏။ ၁၆ ကျေက်ထဲက စီးသောရေကို ထွက်စေ၍၊ မြစ်ရေကဲ့သို့ ရေများကို စီးစေတော်မူ၏။


ထာ၀ရဘုရားကို ပုန်ကန်

၁၇ ထိုသူတို့မူကား၊ အမြင့်ဆုံးသော ဘုရားကို တော၌ ပုန်ကန်သောအားဖြင့် တိုး၍ ပြစ်မှားကြ၏။ ၁၈ မိမိတို့အလိုအလျောက် အစာကိုတောင်း၍၊ စိတ်နှလုံးထဲမှ ဘုရားသခင်ကို စုံစမ်းကြ၏။ ၁၉ ဘုရားသခင်သည် တော၌ စားပွဲကို ပြင်ဆင်နိုင်သလော။ ၂၀ ကြည့်ကြလော့။ ကျောက်ကို ရိုက်တော်မူသဖြင့်၊ ရေထွက်၍ မြစ်ရေကဲ့သို့ စီးလေ၏။ မုန့်ကိုလည်း ပေးနိုင်သလော။ မိမိလူတို့အဘို့ အမဲသားကို ပြင်ဆင်နိုင်သလော၊ ဟုဘုရားသခင်ကို ဆန့်ကျင်ဘက် ပြုလျက် ပြောဆိုကြ၏။ ၂၁ ထိုစကားကို ထာဝရဘုရားသည် ကြား၍ အမျက်ထွက်တော်မူ၏။ ယာကုပ်အမျိုး၌ မီးလောင်၍၊ ဣသရေလ အမျိုး၌ ဒေါသမီးတက်လေ၏။


အစာကျွေးသော်လည်း မယုံကြည်

၂၂ အကြောင်းမူကား၊ အထက်မိုးတိမ်တို့ကို မှာထားလျက်၊ ကောင်းကင်တံခါးတို့ကို ဖွင့်၍၊ ၂၃ သူတို့စားစရာဘို့ မန္နကို မိုးရွာစေသဖြင့်၊ ကောင်းကင် ဆန်စပါးကို ပေးတော်မူသည်ဖြစ်၍၊ ၂၄ ထိုသူအပေါင်းသည် ကြီးမြတ်သောသူတို့၏ အစာကိုသုံးဆောင်၍၊ ဝပြောစွာ စားကြမည်အကြောင်း ပြုတော်မူသော်လည်း၊ သူတို့သည် ဘုရားသခင်ကို မယုံကြည်။ ၂၅ ကယ်တင်တော်မူခြင်း ကျေးဇူးကို မကိုးစားဘဲ နေကြ၏။ ၂၆ မိုးကောင်းကင်၌ အရှေ့လေကိုပယ်၍၊ အားကြီးသော တောင်လေကို ဆောင်ခဲ့သဖြင့်၊ ၂၇ သူတို့အပေါ်သို့ အမဲသားကို မြေမှုန့်နှင့်အမျှ၊ ပျံတတ်သော ငှက်တို့ကို သမုဒ္ဒ​ရာသဲလုံးနှင့်အမျှ၊ မိုးရွာစေလျက်၊ ၂၈ သူတို့တပ်ချ၍၊ နေရာအရပ်ပတ် လည်၌ ကျစေတော်မူ၏။ ၂၉ ထိုသို့သူတို့ အလိုရှိသည်အတိုင်း ပေးတော်မူသဖြင့်၊ သူတို့သည် ဝပြောစွာ စားရကြ၏။ ၃၀ သူတို့တပ်မက်သော အစာကို မရောင့်ရဲ မှီစားကြစဉ်တွင်၊ ၃၁ ဘုရားသခင်၏ အမျက်တော်သည် သက်ရောက်သဖြင့်၊ ကျန်းမာသောသူတို့ကို ကွက်မျက်၍ ဣသရေလ လူတို့ကို လှဲချတော်မူ၏။ [A]


အံ့ဘွယ်အမှုမြင်သော်လည်း မယုံကြည်ကြ

၃၂ ထိုအမှုအလုံးစုံတို့နှင့် ဣသရေလ လူတို့သည် တွေ့ကြုံရသော်လည်း၊ အံ့ဘွယ်သော အမှုတော်တို့ကြောင့် ယုံကြည်ခြင်းမရှိ၊ ပြစ်မှားလျက် နေကြသေး၏။ ၃၃ ထို့ကြောင့် သူတို့နေ့ရက်ကာလကို အချည်းနှီးလွန်စေ၍၊ သူတို့နှစ်များကို ဘေးဥပဒ်တွင် မြှုပ်တော်မူ၏။ ၃၄ သူတို့ကို ကွပ်မျက်တော်မူသောအခါ ကိုယ်တော်ကိုရှာကြ၏။ ပြန်လာ၍ ကိုယ်တော်ကို လိုက်ရှာကြ၏။ ၃၅ ဘုရားသခင်သည် သူတို့၏ကျောက်၊ အမြင့်ဆုံးသော ဘုရားသည် သူတို့ကို ကယ်တင်သောအရှင် ဖြစ်တော်မူသည်ကို ထိုအခါ သတိရကြ၏။ ၃၆ သို့သော်လည်း ကိုယ်တော်ကိုနှုတ်ဖြင့် ချော့မော့၍၊ လျှာဖြင့်လည်း မုသာစကားကို လျှောက်ဆိုကြ၏။ ၃၇ သူတို့ စိတ်သဘောမူကား၊ ရှေ့တော်၌ မ​ဖြောင့်၊ သစ္စာတော်ကို မစောင့်ဘဲနေကြ၏။ ၃၈ ကိုယ်တော်မူကား၊ ကရုဏာစိတ်ရှိ၍ သူတို့ကို မဖျက်ဆီးဘဲ အပြစ်လွှတ်တော်မူ၏။ ကြိမ်ဖန်များစွာ စိတ်တော်ပြေ၍၊ အမျက်တော်ကို နှိုးဆော်တော်မမူ။ ၃၉ သူတို့သည် အသားဖြစ်ကြောင်းကို၎င်း၊ စုတေ့၍ နောက်တဖန် မလာတတ်သော ဝိညာဉ်ဖြစ်ကြောင်းကို၎င်း၊ အောက်မေ့တော်မူ၏။ [B]


အဲဂုတ္တုပြည်မှ အံ့ဘွယ်ကယ်တင်

၄၀ သူတို့သည် ကိုယ်တော်ကို တော၌ ပုန်ကန်၍၊ လူဆိတ်ညံရာအရပ်၌ စိတ်တော် နာဘွယ်သောအကြောင်းကို ကြိမ်ဖန်များစွာ ပြုကြပါသည်တကား။ ၄၁ ဘုရားသခင်ကို အဖန်ဖန်စုံစမ်း၍၊ ဣသရေလအမျိုး၌ သန့်ရှင်းတော်မူသော ဘုရားကို ဆန့်ကျင်ဖက် ပြုကြပါသည်တကား။ ၄၂ တန်ခိုးတော်ကို၎င်း၊ ဒုက္ခထဲက ကယ်လွှတ်တော်မူသော နေ့ရက်ကာလကို၎င်း၊ မအောက်မေ့ကြ။ ၄၃ အဲဂုတ္တပြည်၌ လက္ခဏာ သက်သေတော်တို့ကို၎င်း၊ ဇောနအရပ်၌ အံ့ဘွယ်သော အမှုတို့ကို၎င်း၊ ပြုတော်မူ၏။ ၄၄ ထိုပြည်သားတို့သည် ရေမသောက်ရမည်အကြောင်း၊ သူတို့မြစ်ရေ၊ စမ်းရေများကို သွေးဖြစ်စေတော်မူ၏။ ၄၅ သူတို့ကို ကိုက်စားတတ်သော ယင်ရဲတို့ကို၎င်း၊ ဖျက်ဆီးတတ်သော ဖားတို့ကို၎င်း၊ စေလွှတ်တော်မူ၏။ ၄၆ သူတို့၏ မြေအသီးအနှံကို ခါသိလကျိုင်းတို့အား၎င်း၊ သူတို့လုပ်၍ ရသောဥစ္စာကို အရာဘကျိုင်းတို့အား၎င်း၊ ပေးတော်မူ၏။ ၄၇ သူတို့ စပျစ်နွယ်ပင်များကို မိုးသီးဖြင့်၎င်း၊ သူတို့ သဖန်းပင်များကို နှင်းခဲဖြင့်၎င်း၊ ဖျက်ဆီးတော်မူ၏။ ၄၈ သူတို့၏ သိုးနွားများကို မိုးသီးဖြင့်၎င်း၊ ပြုစုသော တိရစ္ဆာန်များကို မီး၌၎င်း၊ အပ်တော်မူ၏။ ၄၉ အမျက်တော် အရှိန်အားဖြင့် သူတို့၌ ဆိုးသော တမန်တို့ကို စေလွှတ်၍ လွှမ်းမိုးခြင်း၊ ဒဏ်ခတ်ခြင်း၊ နှောက်ယှက်ခြင်း အမှုကို ဖြစ်စေတော်မူ၏။ ၅၀ အမျက်တော်ဖို့ လမ်းကို ပြင်ဆင်တော်မူ၏။ သူတို့အသက်ကို မနှမြော၊ သေစေခြင်းငှါ ကာလနာသို့ အပ်နှံသဖြင့်၊ ၅၁ အဲဂုတ္တပြည်၌ သားဦးအပေါင်းတို့ကို၎င်း၊ ဟာမသားတို့နေရာအရပ်၌ အထွဋ်အမြတ်များကို၎င်း၊ ဒဏ်ခတ်တော်မူ၏။ ၅၂ မိမိလူများကိုကား၊ သိုးကဲ့သို့ထွက်စေ၍၊ တော၌ သူတို့ကို သိုးစုကဲ့သို့ ဆောင်တော်မူ၏။ ၅၃ ဘေးနှင့် ကင်းလွတ်အောင် ဆောင်တော်မူသဖြင့်၊ သူတို့သည် မကြောက်ရကြ။ ရန်သူတို့ကိုကား ပင်လယ်ရေသည် လွှမ်းလေ၏။ ၅၄ သန့်ရှင်းသော ပြည်တော်စွန်းတိုင်အောင်၎င်း၊ လက်ျာလက်တော်အားဖြင့် အပိုင်ရတော်မူသော ဤတောင်သို့၎င်း၊ သူတို့ကို ပို့ဆောင်တော်မူ၏။ ၅၅ သူတို့ရှေ့မှာလည်း၊ တပါးအမျိုးသားတို့ကို နှင်ထုတ်ပြီးလျှင်၊ ဣသရေလ အမျိုးအနွယ် အသီးသီးတို့သည် အမွေခံရသော မြေကိုတဲထိုး၍ ပိုင်းခြားလျက် နေရာချတော်မူ၏။


ဘုရားကိုပုန်ကန်

၅၆ သို့သော်လည်း၊ သူတို့သည် အမြင့်ဆုံးသော ဘုရားကို စုံစမ်း၍ ပုန်ကန်ကြ၏။ သက်သေခံတော်မူချက် များကိုမစောင့်ဘဲ၊ ၅၇ ဘိုးဘေးများကဲ့သို့ ဖောက်ပြန်၍ သစ္စာကို ဖျက်ကြ၏။ လိမ်တတ်သော လေးကဲ့သို့ လမ်းလွှဲကြ၏။ ၅၈ သူတို့သည် မြင့်သောအရပ်များအားဖြင့်၊ အမျက်တော်ကို နှိုးဆော်၍၊ ရုပ်တုများအားဖြင့်လည်း စိတ်တော်ကို ချုပ်ချယ်နှောက်ယှက်ကြ၏။ ၅၉ ဘုရားသခင်သည် ကြားသိတော်မူလျှင်၊ အမျက်တော်ထွက်၍၊ ဣသရေလ အမျိုးသားတို့ကို အလွန်ရွံ့ရှာသဖြင့်၊၆၀ ရှိလောတဲတော်တည်းဟူသော၊ လူတို့တွင် နေရာချတော်မူသော အရပ်ကို စွန့်တော်မူ၏။ ၆၁ တန်ခိုးတော်ကို သိမ်းသွားစေခြင်းငှါ၎င်း၊ ဘုန်းတော်ကို ရန်သူတို့လက်သို့ ရောက်စေခြင်းငှါ စီရင်တော်မူ၏။ ၆၂ မိမိလူတို့ကိုလည်း ဓါးဘေး၌ အပ်၍၊ အမွေတော်ကို အမျက်ထွက်တော်မူ၏။ ၆၃ လူပျိုတို့သည် မီးလောင်ခြင်းကို ခံရသော်လည်း၊ အပျိုတို့သည် မငိုကြွေးရကြ။၆၄ ယဇ်ပုရောဟိတ်တို့သည် ဓါးဘေးဖြင့် ဆုံးသော်လည်း၊ မုဆိုးမတို့သည် မြည်တမ်းခြင်းကို မပြုရကြ။ ၆၅ ထိုအခါ ဘုရားရှင်သည် အိပ်ပျော်ပြီးသော သူကဲ့သို့၎င်း၊ စပျစ်ရည်ကြောင့် ငြိမ်ပြီးသော သူရဲကဲ့သို့၎င်း၊ နှိုးတော်မူ၏။ ၆၆ ရန်သူတို့ကို ဒဏ်ခတ် ၍ လှန်သဖြင့်၊ အစဉ်အမြဲ အရှက်ကွဲ စေတော်မူ၏။


ဒါဝိဒ်ကိုရွေး

၆၇ သို့ရာတွင်၊ ယောသပ်၏ တဲတော်ကို ငြင်းပယ်၍၊ ဧဖရိမ်အမျိုးကို ရွေးတော်မမူ။ ၆၈ ယုဒအမျိုးကို၎င်း၊ ချစ်တော်မူသော ဇိအုန်တောင်ကို၎င်း ရွေးတော်မူ၏။ ၆၉ သန့်ရှင်းရာဌာနတော်ကို အထွဋ်ကဲ့သို့ တည်ဆောက်၍၊ မြေကြီးကဲ့သို့ အစဉ်မြဲစေတော်မူ၏။ ၇၀ ​ကျွန်တော်မျိုး ဒါဝိဒ်ကို သိုးခြံများထဲက ရွေးယူတော်မူ၏။ ၇၁ သားငယ်ရှိသော သိုးမတို့ကို ထိန်းခြင်းအမှုမှ နှုတ်၍၊ မိမိလူတည်းဟူသော ယာကုပ်အမျိုးသား၊ အမွေတော်တည်းဟူသော ဣသရေလလူတို့ကို ကျွေးမွေးစေခြင်းငှါ ခန့်ထားတော်မူ၏။ ၇၂ ထိုသူသည် ဖြောင့်သော သဘောရှိသည့်အတိုင်း ကျွေးမွေး၍၊ လိမ္မာသောလက်နှင့် ပို့ဆောင်လေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.