-
AA
+
🡀
|
🡂
ဆာလံကျမ်း
၇၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၇၇


အာသ၏ဆာလံ၊ ဘုရားကိုရှာ

ငါသည် ဘုရားသခင်ထံသို့ အသံကိုလွှင့်၍ အော်ဟစ်၏။ ဘုရားသခင်ထံသို့ အသံကိုလွှင့်၍ ဘုရားသခင်သည် ငါ့စကားကိုနား ထောင်တော်မူလိမ့်မည်။ ဘေးရောက်သည့် ကာလ၌ ငါသည် ထာဝရဘုရားကို ရှာရ၏။ ညအချိန်၌ ပင်လက်ကို ဆန့်လျက်နေရ၏။ ငါ့ဝိညာဉ်သည် သက်သာခြင်းကို ငြင်းပယ်၏။ ဘုရားသခင်ကို အောက်မေ့၍ စိတ်ပူပန်ခြင်း ရှိ၏။ ဆင်ခြင်၍ စိတ်ပျက်ခြင်းသို့ ရောက်တတ်၏။ မျက်စိမှိတ်၍ မပျော်နိုင်။ လှုပ်ရှားခြင်း ရှိသောကြောင့် နှုတ်မမြွက်နိုင်။ လွန်လေပြီးသော နေ့ရက်ကို၎င်း၊ ရှေးကာလကို၎င်း၊ အောက်မေ့၏။ ညအခါ၌လည်း ငါသည် ကိုယ်သီချင်းကို ဆင်ခြင်၍၊ ကိုယ်စိတ်နှလုံးနှင့် ဆွေးနွေးသဖြင့် ငါ့ဝိညာဉ်သည် စစ်ဆေးခြင်းကိုပြု၏။ ထာဝရဘုရားသည် အစဉ် စွန့်ပစ်တော်မူမည်လော။ နောက်တဖန် ကျေးဇူးအလျှင်းမပြုဘဲ နေတော်မူမည်လော။ ကရုဏာတော်သည် အစဉ်ကုန်ပြီလော။ ဂတိတော်လည်း ကာလအစဉ်အဆက် ပျက်လိမ့်မည်လော။ ဘုရားသခင်သည် သနားခြင်းငှါ မေ့လျော့တော်မူသလော။ အမျက်ထွက်သဖြင့် စုံမက်ခြင်း ကရုဏာတော်ကို ချုပ်တည်းတော်မူသလော။


ထာ၀ရဘုရား၏ အမှုတော်တို့ကို အောက်မေ့

၁၀ ထိုသို့ဆိုသော် ငါသည် ကိုယ်မိုက်ကြောင်းကို ဝန်ခံရ၏။ ဤအမှုကား၊ အမြင့်ဆုံးသော ဘုရား၏ လကျ်ာလက်တော်ဖြင့် ပြုပြင်တော်မူခြင်းပေတည်း။ ၁၁ ထာဝရဘုရား၏ အမှုတော်တို့ကို အောက်မေ့ပါမည်။ ရှေးကာလ၌ ကိုယ်တော်ပြုဘူးသော အံ့ဩဘွယ်တို့ကို အောက်မေ့ပါမည်။ ၁၂ ပြုတော်မူသမျှတို့ကို ဆင်ခြင်၍ စီရင်တော်မူသော အရာတို့ကို မြွက်ဆိုပါမည်။ ၁၃ အိုဘုရားသခင်၊ ကိုယ်တော်၏ လမ်းသည် သန့်ရှင်းခြင်းနှင့် ယှဉ်ပါ၏။ ဘုရားသခင်ကဲ့သို့ အဘယ်မည်သော ဘုရားသည် ကြီးမြတ်သနည်း။ ၁၄ ကိုယ်တော်သည် အံ့ဘွယ်သောအမှုတို့ကို ပြုတတ်သော ဘုရားဖြစ်တော်မူ၏။ လူမျိုးတို့တွင် တန်ခိုးတော်ကို ပြတော်မှုပြီ။ ၁၅ ကိုယ်တော်၏ လူတည်းဟူသော ယာကုပ်နှင့် ယောသပ်၏ အမျိုးကို လက်ရုံးတော်နှင့် ကယ်နှုတ်တော်မူပြီ။ ၁၆ အိုဘုရားသခင်၊ ရေတို့သည် ကိုယ်တော်ကို မြင်ကြပါ၏။ ရေတို့သည် ကိုယ်တော်ကိုမြင်၍ ကြောက်ရွံ့ကြပါ၏။ ရေနက်နဲရာ အရပ်တို့လည်း လှုပ်ရှားကြပါ၏။ ၁၇ မိုးတိမ်တို့သည် ရေကို သွန်းလောင်း၍၊ မိုးကောင်းကင်တို့လည်း အသံဗလံ ပြုကြပါ၏။ ကိုယ် တော်၏ မြှားတို့သည် အရပ်ရပ်သို့ ရောက်ကြပါ၏။ ၁၈ ကိုယ်တော်၏ မိုးကြိုးသံသည် လေဘွေ၌ ပါ၍၊ လျှပ်စစ်ပြက်သဖြင့်၊ လောကကိုလင်း စေပါ၏။ မြေကြီးသည်လည်း တုန်လှုပ်ပါ၏။ ၁၉ ကိုယ်တော်သည် သမုဒ္ဒ​ရာ၌ ကြွတော်မူ၍၊ လမ်းခရီးတော်သည် ကျယ်ဝန်းသော ရေတွင်ရှိသဖြင့်၊ ​ခြေတော်ရာတို့သည် မထင်ရှားကြပါ။ ၂၀ မောရှေနှင့်အာရုန်တို့ လက်ဖြင့် ကိုယ်တော်၏ လူများတို့ကို သိုးစုကဲ့သို့ ပို့ဆောင်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.