-
AA
+
🡀
|
🡂
ဆာလံကျမ်း
၇၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၇၄


အိုဘုရားအဘယ်ကြောင့် အကျွန်ုပ်တို့ကို စွန့်တော်မူသနည်း

အိုဘုရားသခင်၊ အ​ကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ် စွန့်ပစ်တော်မူသနည်း။ ကိုယ်တော်ထံမှာ ကျက်စားသော သိုးတို့ကို အဘယ်ကြောင့် အမျက် ထွက်တော်မူသနည်း။ ရှေးက အပိုင်ရတော်မူသော လူအစည်းအဝေးကို၎င်း၊ ရွေးတော်မူသော အမွေတော်အဘို့ကို၎င်း၊ ကျိန်းဝပ်တော်မူရာ ဇိအုန်တောင်ကို၎င်း အောက်မေ့တော်မူပါ။ သန့်ရှင်းရာဌာန၌ ရန်သူသည် မတရားသဖြင့် ပြု၍၊ အမြဲ သုတ်သင် ပယ်ရှင်းရာအရပ်သို့ ကြွတော်မူပါ။


ကိုယ်တော်၏ လက္ခဏာနေရာ၌ သူတို့၏ လက္ခဏာထားကြပြီ

ကိုယ်တော်၏ လူစည်းဝေးရာအရပ်၌ ရန်သူတို့သည် အော်ဟစ်ကြပါ၏။ လက္ခဏာ သက်သေတော်အရာ၌ သူတို့လက္ခဏာ သက်သေတို့ကို ထားကြပါပြီ။ လိမ္မာသောသူသည် ထူထပ်သော တောကို ပုဆိန်နှင့် ခုတ်သကဲ့သို့၊ ယခုတွင် ဗိမာန်တော် တန်ဆာများကို ပုဆိန်၊ သံတူနှင့် တပြိုင်နက် ရိုက်ချိုးကြပါ၏။ သန့်ရှင်းရာ ဌာနတော်ကို မီးရှို့ကြပါ၏။ နာမတော် ကျိန်းဝပ်ရာ တဲတော်ကို မြေတိုင်အောင် ရှုတ်ချကြပါ၏။ ဤအမျိုးသားအပေါင်းတို့ကို အတူ ဖျက်ဆီးကြကုန်အံ့၊ ဟုဆို၍၊ မြေတပြင်လုံးတွင် ဘုရားသခင်၏ တရားစရပ်တို့ကို မီးရှို့ကြပါ၏။ အ​ကျွန်ုပ်တို့သည် ကိုယ်လက္ခဏာ သက်သေများကို မမြင်ရပါ။ ပရောဖက်သည် တဖန်မပေါ်မရှိပါ။ အ​ကျွန်ုပ်တို့တွင် ကာလအပိုင်းအခြားကို သိသောသူမရှိပါ။


ကိုယ်တော်သည် အရာခပ်သိမ်း ပြုလုပ်ခဲ့ပြီ
CROSS REFERENCES






၁၀ အိုဘုရားသခင်၊ ရန်သူသည် အဘယ်မျှကာလပတ်လုံး ကဲ့ရဲ့ပါလိမ့်မည်နည်း။ ရန်ဘက်ပြုသောသူသည် နာမတော်ကို အစဉ် မထီမဲ့မြင် ပြုရပါမည်လော။ ၁၁ လကျ်ာလက်တော်ကို အဘယ်ကြောင့် ရုပ်သိမ်းတော်မူသနည်း။ ရင်ခွင်တော်ထဲက ထုတ်၍ ဖျက်ဆီးတော်မူပါ။ ၁၂ အကယ်စင်စစ် ဘုရားသခင်သည် ရှေးကာလမှစ၍၊ ကယ်တင်တော်မူခြင်းကို မြေအလယ်၌ ပြုသောငါတို့၏ ရှင်ဘုရင်ဖြစ်တော်မူ၏။ ၁၃ ကိုယ်တော်သည် တန်ခိုးတော်အားဖြင့် ပင်လယ်ကို ခွဲတော်မူပြီ။ ရေထဲမှာ မိကျောင်းတို့၏ ဦးခေါင်းတို့ကို ချိုးတော်မူပြီ။ ၁၄ လဝိသန်၏ [A] ဦးခေါင်းတို့ကို နှိပ်စက်၍ တောတွင်းသားတို့ စားစရာဘို့ အပ်ပေးတော်မူပြီ။ ၁၅ စမ်းရေနှင့် ချောင်းရေကို ပေါက်စေတော်မူပြီ။ ရေမပြတ်သော မြစ်တို့ကိုလည်း ခန်းခြောက်စေတော်မူပြီ။ ၁၆ နေ့နှင့်ညကို ပိုင်တော်မူ၏။ နေမှစ၍ အလင်းအိမ်တို့ကို ဖန်ဆင်းတော်မူပြီ။ ၁၇ မြေကြီး၏ နယ်နိမိတ် အပိုင်းအခြား (a) ရှိသမျှတို့ကို၎င်း၊ နွေကာလနှင့် ဆောင်းကာလကို၎င်း စီရင်တော်မူပြီ။


ကိုယ်တော် ထတော်မူပါ

၁၈ ရန်သူတို့သည် ထာဝရဘုရားကို ကဲ့ရဲ့၍၊ လူမိုက်တို့သည် နာမတော်အား မထီမဲ့မြင်ပြုကြသည်ကို အောက်မေ့တော်မူပါ။ ၁၉ ကိုယ်တော်၏ ချိုးငှက်အသက်ကို သားရဲ၌ အပ်တော်မမူပါနှင့်။ ကိုယ်တော်၏ ဆင်းရဲသား တို့အစည်းအဝေးကို အစဉ်မေ့လျော့တော် မမူပါနှင့်။ ၂၀ ပဋိညာဉ်တော်ကို ထောက်တော်မူပါ။ အကြောင်းမူကား၊ မြေကြီးပေါ်မှာ မှောင်မိုက်သော အရပ်တို့သည် လုယူညှဉ်းဆဲခြင်း နေရာသက်သက် ဖြစ်ကြပါ၏။ ၂၁ နှိပ်စက်ခြင်းကို ခံရသောသူတို့သည် စိတ်ပျက်၍ မသွားကြပါစေနှင့်။ ဆင်းရဲ ငတ်မွတ်သောသူတို့သည် နာမတော်ကို ချီးမွမ်းကြပါစေသော်။ ၂၂ အိုဘုရားသခင်၊ ထတော်မူပါ။ ကိုယ်အမှုကို စီရင်ဆုံး ဖြတ်တော်မူပါ။ မိုက်သောသူသည် ကိုယ်တော်အား အစဉ်ကဲ့ရဲ့သည်ကို အောက်မေ့တော်မူပါ။ ၂၃ ကိုယ်တော်၏ ရန်သူတို့အသံကို မေ့လျော့တော် မမူပါနှင့်။ ကိုယ်တော်ကို ပုန်ကန်သောသူတို့၏ ရုန်းရင်းခတ်ခြင်းအသံသည် အစဉ်မပြတ် တိုးတက်လျက်ရှိပါ၏။

_________________________
Footnotes


(a) ၁၇ "အကန့်အကွက်" ဟုမြန်မာကျမ်းစာ၌ ဘာသာပြန်ထားသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.