-
AA
+
🡀
|
🡂
ဆာလံကျမ်း
၇၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၇၁


အသက်ကြီးသူ၏ ဘုရား၏ကယ်တင်ခြင်းကိုတောင်း
CROSS REFERENCES





CROSS REFERENCES






အိုထာဝရဘုရား၊ ကိုယ်တော်ကို အ​ကျွန်ုပ် ခိုလှုံပါ၏၊ အရှက်ကွဲခြင်းနှင့် အစဉ် ကင်းလွတ်ပါစေသော်။ တရားတော်နှင့်အညီ အ​ကျွန်ုပ်ကို နှုတ်ယူ၍ လွှတ်တော်မူပါ။ နားတော်ကို အ​ကျွန်ုပ်ဘက်သို့ လှည့်၍ ကယ်တင်တော်မူပါ။ အ​ကျွန်ုပ်အစဉ်ရောက်၍ နေရာကျသော ကျောက်ဖြစ်တော်မူပါ။ အ​ကျွန်ုပ်ကို ကယ်တင်မည်အကြောင်း အမိန့်တော်ရှိ၍ အ​ကျွန်ုပ်၏ကျောက်၊ အ​ကျွန်ုပ်၏ ရဲတိုက်ဖြစ်တော်မူ၏။ အ​ကျွန်ုပ်၏ ဘုရားသခင်၊ ဆိုးသောသူ၏ လက်မှ၎င်း၊ မတရားသောသူနှင့် ကြမ်းတမ်းသောသူ၏ လက်မှ၎င်း၊ အ​ကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။ အရှင်ထာဝရဘုရား ကိုယ်တော်သည် အ​ကျွန်ုပ်မြော်လင့်ရာ ဖြစ်တော်မူ၏။ အ​ကျွန်ုပ်ငယ်သော အရွယ်မှစ၍အ​ကျွန်ုပ် ကိုးစားရာ ဖြစ်တော်မူ၏။ အ​ကျွန်ုပ်သည် ဖွားကတည်းကပင် ကိုယ်တော်ကို မှီဝဲပါပြီ။ အမိဝမ်းတွင်းမှစ၍ ကျေးဇူးတော်ကို ခံရပါပြီ။ ကိုယ်တော်ကို အစဉ်ချီးမွမ်းပါမည်။ [A]အ​ကျွန်ုပ်သည် များစွာသောသူတို့၌ အံ့ဘွယ်သော အရာကဲ့သို့ ဖြစ်သော်လည်း၊ ကိုယ်တော်သည် အ​ကျွန်ုပ်၌ ခိုင်ခံ့သော ခိုလှုံရာ ဖြစ်တော်မူ၏။ ဂုဏ်အသရေတော်နှင့် ယှဉ်သော ထောပနာစကားကို ကျွန်ုပ်သည် နေ့တိုင်းအစဉ် မြွက်ဆိုပါစေသော်။ အ​ကျွန်ုပ်ကို အိုသောအခါ ယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်။ ၁၀ ရန်သူတို့သည် အ​ကျွန်ုပ်တဘက်၌ ပြောဆိုကြပါ၏။ အ​ကျွန်ုပ်အသက်ကို ချောင်းကြည့်သောသူတို့က၊ ၁၁ ဘုရားသခင်သည် သူ့ကို စွန့်ပစ်တော်မူ၏။ လိုက်၍ ဖမ်းကြကုန်အံ့။ ကယ်လွှတ်သောသူမရှိ၊ ဟုတိုင်ပင်ပြောဆိုကြပါ၏။ ၁၂ အိုဘုရားသခင်၊ အ​ကျွန်ုပ်နှင့် ဝေးဝေး နေတော်မမူပါနှင့်။ အ​ကျွန်ုပ်၏ ဘုရားသခင်၊ ​ကျွန်ုပ်ကို မစခြင်းငှါ အလျှင်အမြန် ပြုတော်မူပါ။ ၁၃ အ​ကျွန်ုပ်အသက်ကို ရန်ဘက် ပြုသောသူတို့သည် အရှက်ကွဲ၍ ဆုံးရှုံးခြင်းသို့ ရောက်ကြပါစေသော်။ အ​ကျွန်ုပ်၌ အပြစ်ပြုခြင်းအခွင့်ကို ရှာသောသူတို့သည် ကဲ့ရဲ့ခြင်း၊ အသရေပျက်ခြင်းနှင့် မွန်းကြပါစေသော်။ ၁၄ အ​ကျွန်ုပ်မူကား၊ အစဉ်မြော်လင့်၍ ကိုယ်တော်ကို သာ၍သာ၍ ချီးမွမ်းပါမည်။ [A]၁၅ ​ဖြောင့်မတ်တော်မူခြင်းနှင့် ကယ်တင်တော်မူခြင်း ကျေးဇူးကိုအ​ကျွန်ုပ်သည် နေ့တိုင်းအစဉ် ညွန်ကြားပါမည်။ ကျေးဇူးတော်တို့ကို ရေတွက်၍ မကုန်နိုင်ပါ။၁၆ အရှင် ထာဝရဘုရား၏ ဘုန်းတန်ခိုးတော်များကို အမှီပြု၍ ကိုယ်တော်၏ ​ဖြောင့်မတ်ခြင်း တရားကိုသာ ပြသပါမည်။ ၁၇ အိုဘုရားသခင်၊ ကိုယ်တော်သည် အ​ကျွန်ုပ်ကို ငယ်သောအရွယ်မှစ၍ သွန်သင်တော်မူပါပြီ။ ယခုတိုင်အောင် အံ့ဘွယ်သော အမှုတော်တို့ကို အ​ကျွန်ုပ်ပြပါပြီ။ ၁၈ တဖန်တုံ အိုဘုရားသခင်၊ အ​ကျွန်ုပ်အသက်ကြီး၍ ဆံပင်ဖြူသည် ကာလတိုင်အောင်၊ ယခုလူများတို့အား ကိုယ်တော်၏ အစွမ်းသတ္တိကို၎င်း၊ နောက်ဖြစ်လတံ့သော သူအပေါင်းတို့အား တန်ခိုးတော်ကို၎င်း၊ အ​ကျွန်ုပ် မပြမှီတွင်၊ အ​ကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။ ၁၉ အိုဘုရားသခင်၊ ​ဖြောင့်မတ် တော်မူခြင်းတရားသည် အလွန်မြင့်ရာသို့ မှီသည်ဖြစ်၍၊ ကိုယ်တော်သည် ကြီးစွာသောအမှုတို့ကို ပြုတော်မူ၏။ အိုဘုရားသခင်၊ ကိုယ်တော်နှင့် အဘယ်သူ တူပါသနည်း။ ၂၀ ကြီးမားကြမ်းတမ်းသော ဘေးများကို အ​ကျွန်ုပ်အား ပြတော်မူပြီ။ တဖန် အသက်ကို ချမ်းသာပေး၍၊ မြေကြီးနက်နဲရာထဲက တဖန် ထမြောက်စေတော်မူမည်။ ၂၁ အ​ကျွန်ုပ်ကို စည်းစိမ် တိုးပွားစေ၍၊ တဖန် သက်သာစေတော်မူမည်။ ၂၂ သို့ဖြစ်၍ အ​ကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ် တော်နှင့် သစ္စာတော်ကို တယောထိုး၍ ချီးမွမ်းပါမည်။ ဣသရေလ အမျိုး၏ သန့်ရှင်းတော်မူသော ဘုရား၊ ရှေ့တော်၌ စောင်းတီး၍ သီချင်းဆိုပါမည်။ ၂၃ ရှေ့တော်၌ သီချင်းဆိုသောအခါ၊ ရွှင်လန်းသော နှုတ်ရှိပါလိမ့်မည်။ ရွေးတော်မူသော အ​ကျွန်ုပ်၏ဝိညာဉ် လည်း ရွှင်လန်းပါလိမ့်မည်။ ၂၄ အ​ကျွန်ုပ်၏ လျှာသည်လည်း​ ဖြောင့်မတ်တော်မူခြင်း တရားကို အစဉ် မြွက်ဆိုပါလိမ့်မည်။ အကြောင်းမူကား၊ အ​ကျွန်ုပ်၌ အပြစ်ပြုခြင်းအခွင့်ကို ရှာသောသူတို့သည် မျက်နှာပျက်၍ အရှက်ကွဲခြင်းသို့ ရောက်ကြပါ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.