-
AA
+
🡀
|
🡂
ဆာလံကျမ်း
၆၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဆာလံကျမ်း
အခန်းကြီး ၆၉


CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






အ​ကျွန်ုပ်ကို ကယ်ယူတော်မူပါ ဘုရား။ ရေသည် အ​ကျွန်ုပ် အသက်ဝိညာဉ် တိုင်အောင်ရောက်ပါပြီ။ [A] ​ခြေနင်းရာမရှိ။ နက်လှသော ရွှံ့ထဲမှာ​ ကျွံပါပြီ။ [B] လှိုင်းတံပိုး လွှမ်းမိုးရာ နက်သော ရေထဲသို့ ရောက်ပါပြီ။ [C] အော်ဟစ်၍ ပင်ပန်းပါပြီ။ လည်ချောင်း ခြောက်ပါပြီ။ အ​ကျွန်ုပ်၏ ဘုရားသခင်ကို အ​ကျွန်ုပ်မျှော်ကြည့်၍ မျက်စိပျက်ပါပြီ။ [D] အကြောင်းမရှိဘဲ အ​ကျွန်ုပ်ကို မုန်းသောသူတို့သည် [E]အ​ကျွန်ုပ်၏ ဆံပင်ထက်များ ကြပါ၏။ မဟုတ်မမှန်ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြု၍ ဖျက်ဆီးသောသူတို့သည် ခွန်အားကြီးကြပါ၏။ ထိုအခါ အ​ကျွန်ုပ်သည် မယူသောဥစ္စာကိုပင် ပြန်ပေးရပါ၏။ အိုဘုရားသခင် အ​ကျွန်ုပ် မိုက်ခြင်းအမှုကို ကိုယ်တော် သိတော်မူ၏။ အ​ကျွန်ုပ်၏ အပြစ်တို့ကို ရှေ့တော်၌ ဝှက်၍ မထားရပါ။ ကောင်းကင် ဗိုလ်​ခြေသခင် အရှင်ထာဝရဘုရား၊ ကိုယ်တော်ကို မြော်လင့်သောသူ တို့သည် အ​ကျွန်ုပ် အကြောင်းကြောင့် စိတ်မပျက်ကြပါစေနှင့်။ ဣသရေလ အမျိုး၏ ဘုရားသခင် ကိုယ်တော်ကို ရှာသောသူတို့သည် အ​ကျွန်ုပ် အကြောင်းကြောင့် ရှက်ကြောက်ခြင်း မရောက်ကြပါစေနှင့်။

ကိုယ်တော်အတွက် အ​ကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကို ခံရပါ၏။ အ​ကျွန်ုပ်မျက်နှာသည် ရှက်ခြင်းနှင့် ပြည့်စုံပါ၏။ ကိုယ်ညီအစ်ကိုတို့တွင် လူစိမ်းဖြစ်ခဲ့ပါပြီ။ တမိတည်းသော ပေါက်ဖေါ်တို့တွင် တ​ကျွန်းတနိုင်ငံသား ဖြစ်ခဲ့ပါပြီ။ ကိုယ်တော်၏ အိမ်တော်၌ စွဲလမ်းပူပန်ခြင်း စိတ်သည် အ​ကျွန်ုပ်ကို စားပါ၏။ [F] ကိုယ်တော်ကို ကဲ့ရဲ့သောသူတို့၏ စကားသည် အ​ကျွန်ုပ် အပေါ်သို့ ရောက်ပါ၏။ ၁၀ အ​ကျွန်ုပ်သည် ငိုကြွေး၍ စိတ်နှလုံးပါလျက်၊ အစာရှောင်သော အကျင့်ကြောင့်ပင် ကဲ့ရဲ့ခြင်းကို ခံရပါ၏။ ၁၁ လျှော်တေအဝတ်ကို ဝတ်သောအခါ သူတို့သည် သရော်တတ်ကြပါ၏။ ၁၂ ရုံး၌ထိုင်သောသူတို့သည် အ​ကျွန်ုပ်တဘက်မှာ ပြောဆို၍ သေသောက်ကြူးတို့သည် အ​ကျွန်ုပ်ကို အကြောင်းပြုလျက် တေးဖွဲ့၍ ဆိုတတ်ကြပါ၏၊ ၁၃ အိုထာဝရဘုရား၊ အ​ကျွန်ုပ်မူကား၊ မင်္ဂလာ အချိန်ကာလ၌ ကိုယ်တော်ကို ဆုတောင်းပါ၏။ အိုဘုရားသခင်၊ ကရုဏာတော် ကြွယ်ဝသည်နှင့်အညီ ကယ်တင်တော်မူခြင်း သစ္စာအတိုင်း အ​ကျွန်ုပ်စကားကို နားထောင်တော်မူပါ။ ၁၄ အ​ကျွန်ုပ်ကို ရွှံ့ထဲက ကယ်နှုတ်တော်မူပါ။ နစ်စေတော်မမူပါနှင့်။ အ​ကျွန်ုပ်ကို မုန်းသောသူတို့ လက်မှ၎င်း၊ နက်သော ရေထဲက၎င်း လွှတ်ပါစေသော်။ ၁၅ ရေထ၍ မလွှမ်းပါစေနှင့်။ နက်နဲရာ၌ မမြုပ်ပါစေနှင့်။ အ​ကျွန်ုပ်အပေါ်မှာ တွင်းဝမပိတ်ပါစေနှင့်။ ၁၆ အိုထာဝရဘုရား၊ ကျေးဇူးပြုချင်သော စေတနာတော်သည် ကောင်းမွန်သောကြောင့် အ​ကျွန်ုပ်စကားကို နားထောင်တော်မူပါ။ စုံမက်တော်မူခြင်း ကရုဏာ များပြားသည်နှင့်အညီ အ​ကျွန်ုပ်ကို မျက်နှာပြတော်မူပါ။ ၁၇ ကိုယ်တော်၏ ​ကျွန်မှ မျက်နှာတော်ကို လွှဲတော်မမူပါနှင့်။ ဘေးရောက်ပါပြီ။ အလျှင်အမြန် နားထောင်တော်မူပါ။ ၁၈ အ​ကျွန်ုပ်၏ အသက်ဝိညာဉ်သို့ ချဉ်းကပ်၍ ရွေးတော်မူပါ။ ရန်သူများ ရှိကြောင်းကို ထောက်၍ ချမ်းသာပေးတော်မူပါ။ ၁၉ အ​ကျွန်ုပ်ခံရသော ကဲ့ရဲ့ခြင်း၊ အရှက်ကွဲခြင်း၊ အသရေပျက်ခြင်းတို့ကို ကိုယ်တော်သည် သိတော်မူ၏။ အ​ကျွန်ုပ်၏ ရန်သူအပေါင်းတို့သည် ရှေ့တော်၌ ထင်ရှားလျက် ရှိကြပါ၏။ ၂၀ ကဲ့ရဲ့ခြင်းအားဖြင့် အ​ကျွန်ုပ်သည် စိတ်ပျက်၍ အလွန် ပူဆွေးခြင်းရှိပါ၏။ သနားသောသူကို ကြည့်၍မမြင်။ သက်သာစေသော သူကိုရှာ၍ မတွေ့ရပါ။ ၂၁ အ​ကျွန်ုပ်စားစရာဘို့ ဆေးခါးကို ကျွေးကြပါ၏။ ရေငတ်သောအခါ ပုံးရည်ကို တိုက်ကြပါ၏။ ၂၂ သူတို့စားပွဲသည် သူတို့ရှေ့မှာ ကျော့ကွင်းသော်၎င်း၊ ခံတိုက်သော အပြစ်သော်၎င်း၊ ထောင်ချောက်သော်၎င်း ဖြစ်ပါစေ။ [G] ၂၃ သူတို့သည် မမြင်နိုင်အောင် မျက်စိကွယ်ပါစေ။ သူတို့ခါးသည်လည်း အစဉ်တုန်ပါစေ။(a) ၂၄ သူတို့အပေါ်မှာ အမျက်တော်ကို သွန်းလောင်းတော်မူ၍ အမျက်တော် အရှိန်သည် သူတို့ကိုမှီပါစေ။ ၂၅ သူတို့နေရာအရပ်သည် လူဆိတ်ညံရာ အရပ်ဖြစ်ပါစေ။ သူတို့အိမ်၌ နေသောသူ မရှိပါစေနှင့်။ ၂၆ အကြောင်းမူကား၊ သူတို့သည် ဒဏ်ခတ်တော်မူသော သူကို ညှဉ်းဆဲကြပါ၏။ နာစေ တော်မူသောသူတို့ကို ထပ်၍ နာစေကြပါ၏။ ၂၇ သူတို့အပြစ်၌ အပြစ်ကိုထပ်၍ ပေးတော်မူပါ။ ကုသိုလ်တော်နှင့် မဆိုင်ကြပါစေနှင့်။ ၂၈ အသက်ရှင်သော သူတို့စာရင်း၌ သူတို့နာမည်များကို ချေ၍ ​ဖြောင့်မတ်သောသူ တို့နှင့်အတူ မရေးမှတ်ပါစေနှင့်။ ၂၉ အ​ကျွန်ုပ်မူကား ဆင်းရဲငြိုငြင်ပါ၏။ အိုဘုရားသခင်၊ ကယ်တင်တော်မူခြင်း ကျေးဇူးသည် အကျွန်ုပ်ကို ချီးမြှင့်ပါစေသော်။

၃၀ ငါသည် ဘုရားသခင်၏ နာမတော်ကို ထောမနာသီချင်းဆိုမည်။ ကျေးဇူးတော်ကိုပြ၍ ဘုရားသခင်ကို ချီးမွမ်းမည်။ ၃၁ ထာဝရဘုရားသည် ချိုနှင့်၎င်း၊ ခွာနှင့်၎င်း ပြည့်စုံသော နွားလားကို နှစ်သက်သည်ထက် ထိုအကျင့်ကိုသာ၍ နှစ်သက်တော်မူလိမ့်မည်။ ၃၂ နှိမ့်ချသောသူတို့သည် မြင်၍ ဝမ်းမြောက်ကြလိမ့်မည်။ ဘုရားသခင်ကို ရှာသောသူတို့၏ စိတ်နှလုံးသည် အားပြည့်လိမ့်မည်။ ၃၃ ထာဝရဘုရားသည် ဆင်းရဲသောသူတို့၏ စကားကို နားထောင်တော်မူ၏။ အချုပ်ခံရသာ မိမိလူတို့ကို မထီမဲ့မြင် ပြုတော်မမူတတ်။ ၃၄ ကောင်းကင်၊ မြေကြီး သမုဒ္ဒ​ရာတို့နှင့်တကွ အရပ်ရပ်၌ ကျင်လည်သော သတ္တဝါ အပေါင်းတို့သည် ဘုရားသခင်ကို ချီးမွမ်းကြပါစေသော်။ ၃၅ ဘုရားသခင်သည် ဇိအုန်မြို့ကို စောင့်၍ ယုဒမြို့တို့ကို ပြုစုတော်မူသဖြင့် ထိုသူတို့သည် နေ၍ပိုင်ရကြလိမ့်မည်။ ၃၆ ​ကျွန်တော်မျိုး၏ သားမြေးတို့သည် ထိုမြို့ကို အမွေခံရ၍ နာမတော်ကို ချစ်သောသူတို့သည် နေရာကျရကြလိမ့်မည်။

_________________________
Footnotes


၂၃ (a) အချို့ကျမ်းများ၌၊ သူတို့ခါးသည်လည်း အစဉ် "ကုန်း" ပါစေ၊ ဟုရေးထားသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.